Friday, December 7, 2012

ထိုင်းနယ်စပ် ပလောင်ရွာသားအား မြန်မာစစ်တပ်ကပစ်ခတ် ချင်းမိုင်ဆေးရုံသို့ပို့ရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်၌ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ်တခု၏ စစ်ကြောင်းတကြောင်း က ထိုင်းဘက်ခြမ်းနေပ လောင် ရွာသားအား ပစ်ခတ်သဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆွန်ဒေါက်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း လူနာနှင့်နီးစပ်သူများ ပြောပြ ချက် အရ သိရသည်။

“ ထိုင်းဘက်ခြမ်း နောလဲရွာမှာနေတဲ့ စိုင်းအောင်နဲ့အဖွဲ့ လမ်းကူးပြီး သျှမ်းပြည်ဘက်ခြမ်းမှာရှိတဲ့ လွယ်ဟိုနုတ်တောင်မှာ ယာလုပ်ဖို့သွားတာ။ အဲဒါကို ကင်းလှည့်ဗမာစစ်သားတွေက ပေးမသွားဘူး။ စိုင်းအောင်က သူ့မှာပါဘာတဲ့ ရေပုံး ကိုယာတဲမှာ သွားထားပြီးပြန်ထွက်အလာမှာ ဗမာ စစ်သားက ပစ်လိုက်တာ။ သူ့ဗိုက်ထဲ ကျည်ဆံဝင်သွားတယ်။ အဲဒါကြောင့် ချင်းမိုင် ဆေးရုံကို ပို့လိုက်ရတယ်။ အခုဆွန်ဒေါက်ဆေးရုံမှာ” - ဟု စိုင်းအောင်နှင့်ခင်မင်ရင်းနှီးသည့် လုပ်ငန်းဖော်တဦးက သျှမ်းသံ တော် ဆင့်အား ပြောပြသည်။

ယခုလ ၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ယာခင်းသွားသည့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မယ့်ငေါန်းအုပ်စုရှိ လွယ်အန်ခန် ဘု ရင့်စိုက်ပျိုးရေးစီမံကိန်း အနီး နောလဲရွာတွင်နေထိုင်သော ပလောင်အမျိုးသား စိုင်းအောင် ၂၃ နှစ်အား မြန်မာစစ်ကြောင်းက ပစ်ခတ် ခြင်း ဖြစ်သည်။

“သူတို့အဖွဲ့ကို စိုင်းအောင်ကနေ အကြမ်းဖက်မှာစိုးလို့ ပစ်လိုက်တာလို့ပြောတယ်။ ဗိုက်ထဲ ကို ကျည်ဆံဝင်သွားတဲ့ စိုင်းအောင်ကို ရွာသူကြီးနဲ့ ဒေသခံတွေ နယ်စပ်လုံခြုံရေးထိုင်းစစ်သားတွေ ဆွေမျိုး တွေ ကဘဲ ဖှန်ဆေးရုံကိုပို့တယ်။ အဲတာ ထုတ်ဖို့ ဖှန်ဆေးရုံက ချင်းမိုင်ဆေးရုံကို လွှဲ ပြောင်းပေးလိုက်တယ်။ ထုတ်ရခက်တယ် လို့ဆေးရုံကပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်ခြားတာဝန်ခံတွေက ပြောဆိုဆွေး နွေးတာ မတွေ့ရဘူး။ ဘယ်လိုဆက်ဖြစ်လာမလဲ စောင့်ကြည့်ရတာ ပေါ့” ဟု လွယ်အန်ခန်တွင် အလုပ်လုပ်နေသည့် သျှမ်းပြည်သား အလုပ် သမား စိုင်းရွှေက ပြောပြသည်။

အဆိုပါမြန်မာစစ်တပ်မှာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အခြေစိုက် ခလရ ၂၂၅ ၏ ပါခီးတပ်စခန်းမှ ဖြစ်ကြောင်း သိရသည်။ ဤစ ခန်း ကို ၂၀၀၁ ခုနှစ်က SSA တောင်ပိုင်းက သိမ်းပိုက်ဖူးသည်။

လွယ်အန်ခန်အနီး နောလဲရွာသည် ထိုင်းနယ်အတွင်း ရှိပြီးထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ၃ ကီလိုမီတာတွင်ကွာဝေးသည်။ပုံပါကျင်သို့ခြေ ကျင် သွားပါက ၃ နာရီသာကြာကြောင်း စိုင်းရွှေက ဆက်ပြောပြသည်။ နယ်စပ်မျဉ်းတလျှောက် လူသွားလမ်း ခြားထားရာ လမ်း၏ လက် ယာ မှော ထိုင်းနယ်မြေဖြစ်ပြီး လမ်း၏လက်ဝဲဘက်မှာ သျှမ်းပြည်နယ်မြေဖြစ်သည်ဟုဆိုသည်။

No comments: