Friday, December 7, 2012

မုံရွာရောက် ဒေါက်တာ အေးမောင်နဲ့ ကြေးနီစီမံကိန်း အပေါ် အင်တာဗျူး

နိရဉ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ အေး မောင် ဟာ ဒီဇင်္ဘာလ ၄ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ကို ရောက်ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ ရဟန်း တော်တွေ ကို ကိုယ်တိုင်ကိုယ်ကျ အားပေးနိုင်ရန်နဲ့ ရခိုင်က လှူဒါန်းကူညီတဲ့ ငွေတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လှူဒါန်းနိုင်ရန် အတွက် ဖြစ် တယ် လို့ ဆိုပါတယ်။ မုံရွာရောက်နေခိုက် ဒေါက်တာ အေးမောင်ကို ဒီခရီးစဉ်ရဲ့ မျှော်မှန်းချက်ကဘာ တွေပါလဲလို့ ဆက်သွယ်မေးမြန်း ကြည့် တဲ့ အခါ သူက အခုလို စပြောပါ တယ်။

Dr အေးမောင်။ ။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်လို့ ဖြစ်သွားပြီးတဲ့ နောက်မှာ ကျွန်တော်တို့ ပါတီ အနေနဲ့လည်း ကြေငြာ ချက်လေး ထုတ်ထား တာ ရှိပါတယ်။ နောက်တဘက်မှာ မီဒီယာတွေမှာလည်းဘဲ ပဋိပက္ခနဲ့ ပတ် သတ်လို့ ထိခိုက် အနာတရ ဖြစ်တဲ့ ဓါတ်ပုံပြန့်နှံ့ လာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်လိုဘဲ ပဋိပက္ခ ဖြစ်တဲ့ နေရာလေးကို သွားပြီး ပဋိပက္ခ ကြောင့် ဒဏ်ရာ ဒဏ်ချက်တွေ ရပြီး ဆေးရုံ တက်နေကြတဲ့ သံ ဃာတော်တွေ အပါအ၀င် လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ရခိုင်ပြည် သူ လူထု နောက် ရခိုင်ပြည်နယ်သံဃာတွေရဲ့ လှူဒါန်းမှု တွေ ကို ကျွန်တော်တို့ သွားပြီးခါမှ ကျွန်တော်တို့ တတ်နိုင်တာလေးနဲ့ ထောက်ပံ့ နိုင်အောင် ကူညီနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဒီနေ့ မနက်စောစောကဘဲ မုံရွာကိုရောက်ပါ တယ်။ မဟာဇောတိ ကာရုံ ကျောင်းကို သွားပြီးခါမှ ဆရာတော်ကြီးကို ဖူးပါတယ်။ သံဃာလည်း ၁၂၀၀ ခန့်ရှိတဲ့ကျောင်း ကြီးပါ။ အဲဒီ ကျောင်းမှာဘဲ ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ထိခိုက်မှုရှိတဲ့ သံဃာ ၈၈ ပါး အနက် ၇၉ ပါးက မန္တလေး ဆေးရုံးကို ပြောင်းရွေ့ ဆေး ကုသမှုခံယူနေတယ်။ ဒီမှာ အနည်း ကျဉ်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သံဃာ ၉ ပါးပေါ့နော်။ နှစ်ပါးကတော့ ဒီနေ့ ဆွမ်းခံကြွသွားတယ်။ ကျွန် တော်တို့ လာရတဲ့အကြောင်းကို ဆရာ တော်ကို လျှောက်ထားပြီးမှ ၀တ္ထု ပစ္စည်း တချို့ကို ကျွန်တော်တို့ ကပ်လှူပါတယ်။ မနက်ဖန်ကျ တော့ ကျွန်တော်တို့ ပါတီနဲ့ စစ်တွေမြို့မှာ ရှိတဲ့ ရဟန်းပျို စည်းကမ်းထိမ်းသိမ်းရေးလို့ ခေါ်တဲ့ ရခိုင်ရဟန်းပျိုသမဂ္ဂမှ လှူဒါန်းလိုက်တဲ့ ငွေ ၁၀ သိန်းအပါအ၀င်ပေါ့လေ။ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတွေအပါအ၀င် လူပုဂ္ဂိုလ်တွေကို တစ်ဦးစီကို ငွေကျပ် ၅၀၀ ၀၀ ခန့် မနက်ဖန်သွားပြီးခါမှ လှူဒါန်းဖို့ စီစဉ်ထား ပါ တယ်။

မေး။ ။ ဟုတ်ကဲ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်လို့ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြ တဲ့ ရဟန်းတော် အပေါ်မှာ အကြမ်းဖက် နှိမ် နှင်းလိုက်တဲ့ အပေါ်မှာ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဘက်က အမြင် ဘယ်လို ရှိပါလဲ။

Dr အေးမာင်။ ။ ကျွန်တော်တို့ ကြေငြာချက်မှာလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ပဋိပက္ခဖြစ်လာပြီ ဆိုရင် ပဋိပက္ခမဖြစ်ခင် ဖြေရှင်းနည်း ရှိပါ တယ်။ အဲဒီတော့ ပြေလည်အောင် ဖြေရှင်းနိုင်မှုရှိဖို့ လိုအပ် ခဲ့ပါတယ်။ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေ မဖြေရှင်းနိုင်ခဲ့တဲ့သ ဘောကိုကျွန် တော်တို့နားလည်း သိရှိနိုင်ခဲ့ပါတယ်။ အဲဒီတော့ ပဋိပက္ခဖြစ်သွား ပြီးတဲ့နောက် သံဃာထု- လူထုအနေနဲ့ ထိခိုက် ဒဏ်ရာ ရမှုက အင်မတန် များပြားတယ်။ အင်အား အလွန်အကျွံသုံးတဲ့ ပုံသဏ္ဍာန် လေးကို တွေ့တဲ့အခါမှာ ကျွန်တော်တို့ ကိုယ့်ဒေသမှာ ဖြစ် သွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ နှိုင်း ယှဉ်ပြီးတော့ ကိုယ်ချင်းစာနာ စိတ် ဖြစ်မိပါတယ်။ ကျွန်တော်တို့ ဒေသမှာလည်း ဒုတိယအကြိမ် ဖြစ်တဲ့အ ခါမှာ အထူးသဖြင့် ကျောက် တော်၊ ရမ်းဗြဲ ၊ ရသေ့တောင် ဒေသတွေမှာ ဒါမျိုး ပစ်ခတ်မှုတွေကြောင့် ၁၁ ဦးသေဆုံးတာ ဖြစ်ခဲ့ပါတယ်။ ဒါအပြင် ဇွန်လ ၃ ရက်နေ့ အမှတ် ၁ ရဲစခန်း ပဋိပက္ခမှာလည်း အင်အား အလွန် အကျွံသုံးတာမို့လို့ ထိခိုက်မှုတွေနဲ့ ဆေးရုံ တက်ပြီးခါ မှ ခြေထောက်တွေ ဖြတ်ပစ်ရတာ ရှိခဲ့ ပါတယ်။ အဲဒီလို ကိုယ်ချင်း စာနာပြီးခါမှ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အင်အား အလွန်အ ကျွံ မသုံးဖို့။ ဒီလိုပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ဖြေရှင်းနည်း အစစ် အမှန်ကို ရှာဖွေဖို့။ ဒီမိုကရေစီလို နိုင်ငံတိုင်းမှာ လူထုရဲ့တင်ပြ ချက်တွေ ဆန္ဒပြ တောင်းဆို တာတွေရှိမှာဖြစ်သ လို အစိုးရက ဖြေရှင်းတဲ့ ပဋိ ပက္ခကတော့ အမြဲတမ်းဖြစ်နေကြမှာဘဲ ။ ဒါကြီးကို ဖြေရှင်း တဲ့အခါမှာ လူထုရဲ့ဆန္ဒသဘောထားကို အလေးအ နက်ထားတဲ့ အစဉ်အလာဖြစ်သွားဖို့ရယ်။ ဒီ လက်ပံတောင်းတောင် အဖြစ် အပျက်နဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံတ၀န်းလုံးမှာရှိတဲ့ ပြည်သူ လူထု နဲ့အတူ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်လူထုက လည်း စောင့် ကြည့် နေ တယ်။ ထောက် ခံနေတယ်ဆိုတာကို ပြဖို့ရယ် ကိုယ်ချင်း စာနာတဲ့စိတ်နဲ့ နိုင်တဲ့ဘက်က ငွေတွေကို ပံ့ပို့ပေးတဲ့ ပြည် သူလူ ထုကိုယ်စား သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ပန်တောင်းတောင် စီမံကိန်းနဲ့ပတ်သတ်လို့ရှိ ရင် ဒါမျိုး စီမံကိန်းတွေ ရှေ့ခေတ်က စီမံကိန်းတွေ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ ခုခေတ်ကာလမှာ ပွင့်လင်း မြင်သာမှု၊ အများသိအောင် တင်ပြမှု၊ လူထုရဲ့ လက်ခံနိုင်မှု၊ ဒီ စီမံကိန်း စီမံချက်နဲ့ပတ်သတ် လို့ လူထုရဲ့ ပူးပေါင်းပါဝင်မှု အပါအ၀င် လူထုရဲ့ဆန္ဒကို အလေးအနက် ထားရမဲ့ ကာလမို့လို့ လက်ပန်တောင်းတောင် စီမံ ကိန်းမျိုးတွေကို ကျွန် တော်တို့က ပြန်လည် သုံး သပ်ပေးဖို့ လိုတယ်။ လက်ရှိ အစိုးရအဖွဲ့မှာရော ပြည်သူမှာရော နိုင်ငံရေးပါတီမှာရော တာဝန် ရှိတဲ့အတွက်တာဝန် ရှိတယ်ဆိုတာကို ကျွန်တော်တို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီစံမံကိန်းနဲ့ ပတ် သတ်ပြီး နိုင်ငံတော်နဲ့ တ ခြား မိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့နိုင် ငံများရဲ့ အတူယှဉ်တွဲ နေထိုင်ကြ မဲ့ ရေရှည် ရပ်တည်ချက်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်မှာ ထားအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်လို့ ပေါ်လစီ၊ အဲဒါတွေ အားလုံးကို ခြုံငြုံ ပြီး သုံးသပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိဖြတ်သန်းမဲ့ ပြည်ထောင်စုရဲ့ဖွံ့ဖြိုးတိုး တက်မှု လမ်းကြောင်း၊ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုရဲ့ အနှစ်သာရ အပိုင်းတွေကိုလည်း လက်ရှိတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လူထုသ ဘောပေါက် လက်ခံ လာနိုင်အောင် စံနမူကောင်းတွေနဲ့ ဖြေရှင်းတတ်ဖို့ လိုပါတယ်။ အခု လက်ရှိ ဖြေရှင်းတဲ့နည်းကသမိုင်းအတွက်မကောင်း ဘူးဆိုတာကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ တက္က သိုလ် သမဂ္ဂ အဆောက် အဦးကို ဖြိုခဲမိတဲ့ သမိုင်းအမှား က သက်သေပြနေပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ ပြောပြောနေတဲ့ ဗိုလ် ချုပ်မှူးကြီးစောမောင်ရဲ့ သမိုင်းမှန်ကိုရေးခဲ့ပါ။ သမိုင်းမှာအ မှန်တခုကို ကျန်ရစ်ခဲ့စေချင်တဲ့ စေတနာ၊ အဲဒီကာလနောက်မှာ ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ လွန်ပြီးတဲ့နောက် မှာ သမိုင်းအမှန်ဟာ ကျန်ရစ်ခဲ့ မှာ မဟုတ်တာမို့လို့ ခုဖြစ်ပျက်တဲ့ အခုဖြစ်ခဲ့တဲ့ အရင်ဖြစ်ခဲ့တဲ့ ကောင်း မွေ ဆိုးမွေ အမှားအမှန် သုံးသပ်ချက်လေး တွေကို ဒီနေ့ ပြသနာကို အထူးသဖြင့် နိုင်ငံတော်က တာဝန်ပေးထားတဲ့ အဖွဲ့ အစည်းတွေ မှာ နောင်မဖြစ်ဖို့ အတွက် ဘယ်လိုကိုင်တွယ်သင့်တယ်။ ဒီပြသနာကို ဘယ် လို သုံးသပ် သင့်တယ်ဆိုတာလေး ကို ထောက်ပြနိုင်အောင် ကျွန်တော်တို့ ဒီဘက်ကိုလာခဲ့တာ ဖြစ်ပါတယ်။

မေ။ ။ အခုဒီကြေးနီစီမံကိန်းကို ဥက္ကဌတို့အနေနဲ့ ဆက်လုပ်သင့်သလား- ရပ်တန့်သင့်သလား ဘယ်လိုမြင်ပါသလဲ။ အခုလူတွေကလည်း ဒီ စီမံကိန်း ရပ်တန့်ရေး အတွက် တောင်းဆိုနေတယ်။ အစိုးရ လက်အောက်ခံ ဦးပိုင် လီမိ တက်ကလည်း ဆက်လုပ်မယ်ဆိုပြီး ပြောနေတယ်။ လူ ထုက တောင်းဆိုတာနဲ့ အစိုးရပြောနေတာက ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အ တွက် ဥက္ကဌတို့ ပါတီတွေအနေနဲ့ ဒီကိစ္စကို ဆက်လုပ်သင့် သလား။ ရပ်တန့်သင့် သလား ဘယ်လိုမြင်ပါသလဲ။ အဲဒါ နည်းနည်းပြော ပြပေးပါ။

Dr အေးမောင်။ ။ စီမံကိန်း တစ်ခုဆိုတာက နိုင်ငံတော်အတွက် နိုင်ငံတော်ရဲ့ နောင်းလူတွေအတွက် ဘယ်လောက် အကျိုးရှိတယ်ဆို တာကို လူထုသဘောပေါက်ဖို့လိုပါတယ်။ လူထု သဘောပေါက်လို့ ဆက်လုပ် သင့်တယ်။ နိုင်ငံတော်အတွက် အကျိုးရှိတယ်ဆိုရင် တော့နိုင်ငံတော် နဲ့ပတ်သတ်လို့လူထု နဲ့ ပတ်သတ်လို့ တခြား ပယောဂတွေ မဖြစ်နိုင်ဘူးဆိုရင်တော့စီမံကိန်းကိုဆက်လုပ်တာဟာ ကျွန်တော်တို့ကမှားတယ် လို့မပြောလိုပါဘူး။ ဒါပေမဲ့ စီမံကိန်းတစ်ခု ကိုလုပ်တဲ့အခါမှာ ဒီစီမံကိန်း နဲ့ပတ်သတ်လို့ ခုနကလို ရည်မှန်း ချက်ရည်ရွယ် ချက်တွေပေါက် မြောက် အောင်မြင်မှုမရှိဘဲနဲ့ လူတစ်စု သို့မဟုတ် အဖွဲ့တစ်ခုက ဒီဟာနဲ့ ပတ်သတ်လို့ အကျိုးအမြတ် တွေရယူခံစားသွားမယ်။ နိုင်ငံ တော်ရဲ့ တည်ဆောက်မဲ့ တည်ဆောက်ဆဲ လုပ်ငန်းတွေမှာ ဘာတစ်မှလည်း အကျိုးမရှိ ဘူး။ နောက် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မယ်။ လူမှုပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီး မယ်ဆိုတဲ့ အမြင်မျိုးရှိခဲ့ရင်တော့ ဒီစီမံကိန်းနဲ့ပတ်သတ်လို့ ပြန်သုံးသပ်စေချင် ပါတယ်။ ဒီလို သုံး သပ်စေချင်တဲ့ အတွက်လည်း အခုကျွန်တော်တို့ နားလည် သလောက်ဆိုရင် ဒေါ် အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော် မရှင်ကို ဖွဲ့စည်းတယ်လို့ မြင်ပါတယ်။ ဖွဲ့စည်းတယ် ဆိုတဲ့အခါမှာ ကော်မ ရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကိုကျွန်တော်တို့အနီးကပ်လေ့လာ နေကြ ရမှာ ဖြစ်ပါတယ်။

No comments: