Friday, December 21, 2012

ဘင်္ဂလီ လုပ်သားများကို အားကိုးခဲ့ရသော ရသေ့တောင် အုတ်လုပ်ငန်း ရခိုင် ဒေသ ခံ လူငယ်မျာဖြင့် ပြန်လည် စတင်

စိမ်းလန်းအောင် (ကိန်းသာမြေ)

ဘင်္ဂလီ လုပ်သားများ မရှိတော့သဖြင့် ရပ်နား ထားရမည့် အခြေအနေသို့ ရောက်ခဲ့ရသော ရသေ့တောင်မြို့ အုတ်လုပ်ငန်းကို ယခုအခါ ဒေသခံ ရခိုင် လူငယ် လုပ်သားများဖြင့် ပြန် လည် စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။

“ စိုက်ပျိုးရေး လုပ်ငန်း အပါအ၀င် ဒီလို အုတ်လုပ်ငန်းတွေက အရင်က ဘင်္ဂ လီ လုပ်သားတွေနဲ့ဘဲ လုပ်ကိုင်ခဲ့ကြပါတယ်။ ရခိုင်မှာ ဖြစ် သွားခဲ့တဲ့ အရေး အခင်း နောက်ပိုင်းမှာ ဘင်္ဂလီ လုပ်သားတွေ မရှိတော့ ဒီလုပ်ငန်းကို ရပ်နား ထားရ မ လိုတောင် ဖြစ်သွားခဲ့တယ်။ အခု တော့ ဒေသခံ ရခိုင်လူ ငယ်တွေက အစားထိုး ၀င်ရောက် လုပ်ကိုင်လာတဲ့ အတွက် အုတ်လုပ်ငန်းက ပြန်လည် စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု အုတ်လုပ်ငန်းရှင် လူငယ် တစ်ဦးက ပြောသည်။

အုတ်လုပ်ငန်းကို ရပ်နားထားရမည့် အခြေအနေသို့ ရောက်သွားခဲ့သဖြင့် ရသေ့တောင်မြို့တွင် အုတ်ဈေးနုန်းမှာ အုတ်တချပ်ကို ကျပ် (၅၀) မှ ကျပ် (၈၀) အထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

“ အုတ်လုပ်ငန်းက ပင်ပန်းတယ်။ ဒါ့အပြင် အုတ်ထုတ်လုပ်ဖို့ ရွံ့နယ်တာက အစ၊ အုတ်ပုံသွင်းတာ၊ အုတ်ဖုတ်တာက အဆုံး နည်းပညာလည်း ကျွမ်းကျင်ဖို့ လိုတာပေါ့။ အခုတော့ လုပ်ရင်းနဲ့ နားလည်သွားတော့ အဆင်ပြေသွားပါပြီ။ အခု ဆိုရင် ရခိုင်လူငယ်တွေလုပ်တဲ့ပထမဆုံးအုတ် တွေကို မီးဖုတ်ဖို့တောင် လုပ်နေပါပြီ” ဟု သူက ဆိုသည်။

ဘင်္ဂလီ အုတ်လုပ်သားများ မရှိတော့သဖြင့် ရခိုင် အုတ်လုပ်ငန်းရှင်များ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် ဗမာပြည်မမှ မြို့များကဲ့သို့ ဘိလပ်မြေအုတ်များ ပြုလုပ်သုံးစွဲရန် စီစဉ်ခဲ့သော်လည်း ဘိလပ်မြေဈေးနှုန်း များပြားခြင်း၊ ဈေးကွက်မရှိခြင်း၊ သယ်ယူ ပို့ဆောင် ရေး အခက်အခဲများရှိခြင်းတို့ကြောင့် တွက်ခြေကိုက်မည် မဟုတ်၍ ရခိုင် လူငယ် အုတ်လုပ်သားများဖြင့် အုတ်လုပ်ငန်းကိုပြန် လည်လုပ် ကိုင် လာရခြင်း ဖြစ်သည်ဟု ရသေ့တောင်မြို့မှ အုတ်ဖုတ် လုပ်ငန်းရှင် လူငယ်က ဆိုသည်။

အုတ်လုပ်ငန်းတွင် ဒေသခံ လူငယ်များ ၀င်ရောက် လုပ်ကိုင်လာသဖြင့် ၀မ်းမြောက်ကြောင်း၊ မိမိ ဒေသအတွင်းရှိ လုပ်ငန်းများကို မိမိတို့ လုပ် နိုင်ပါလျှက် မိမိတို့ မလုပ်ဘဲ သူတပါး အပေါ် မှီခို လွန်းသော စိတ်ဓါတ်များကို ရခိုင်လူမျိုးများ အနေဖြင့် ယခုအချိန်က စ၍ ဖျောက် ပစ်ရ တော့မည် ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်း အပါအ၀င် ငါးလုပ်ငန်း၊ သစ်ဝါး လုပ်ငန်းများတွင်လည်း မိမိတို့လူမျိုးများဖြင့် အစားထိုး လုပ်ကိုင် သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့ လူမျိုးများ အနေဖြင့် လုပ်ကိုင်၍ မရဆိုသော အလုပ်မျိုးဆိုသည်မှာ မရှိဟု ခံယူကြရန်လို ကြောင်း၊ မိမိဒေ သအတွင်း အလုပ်များကို မိမိတို့မှ အနာဂတ်ကို ကြိုတွေးပြီး အမျိုးသားရေး စိတ်ဓါတ်၊ အားမာန်များများဖြင့်လုပ်ကိုင် ကြရန်လိုကြောင်း ချောင်း ၀ရပ်ကွက်မှ အလယ်တန်းပြဆရာ ဦးသိန်းနိုင်က ပြောသည်။

၎င်းအပြင် ယခုနှစ်အတွင်း အုတ်ဈေးမြင့်တက်သွားသဖြင့် ၀ယ်ယူ သုံးစွဲသူများ အနေဖြင့် အနည်းငယ် ထိခိုက်နိုင်သော်လည်း အုတ်လုပ် ငန်း ရှင်များ အနေဖြင့် အမြတ်အစွန်း ပိုရနိုင်ပြီး အုတ်လုပ်ငန်းမှ လူငယ်များ အနေဖြင့် လစာများ တိုးရရှိနိုင်ကြောင်း သိရသည်။

“ အုတ်ဖုတ်ထင်းတွေကလည်း ဈေးတက်တယ်။ အရင် တစ်ပေ ပတ်လည် – အရှည် ၃-တောင် ရှိ တဲ့ထင်းတချောင်းကိုကျပ် ၁၀ဝ ရှိခဲ့ ရာက နေ အခု ၂၅၀ ကနေ ၃၀ဝ အထိ ဈေးတက်သွားတယ်။ ထင်းဈေးမြင့်တော့ အုတ်ဈေးလည်း တင်ရမယ့် အနေအထား ရောက်နေ ပါတယ်။ လုပ်သားတွေရဲ့ လစာကိုလည်း တိုးရမယ့် ဆိုတော့ အုတ်ဈေးက ဒီနှစ်မြင့်တက်သွားနိုင် ပါတယ်” ဟု အုတ်လုပ်ငန်းရှင် လူငယ် က ပြော သည်။

No comments: