Friday, December 21, 2012

စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှု တားမြစ်ဖို့ပိုမိုထောက်ခံလာ

ABC

မြန်မာနိုင်ငံတဝှမ်းမှာ ​ကွမ်းတံတွေးတွေ ​စည်းမဲ့ကမ်းမဲ့ ​ထွေးနေတာကို ​တားမြစ်ပိတ်ပင်ဖို့ ​လှုပ်ရှား မှုတွေဟာ ​တနေ့တခြား ​ထောက်ခံမှု ​ပိုရ နေပြီလို့ ​ရိုက်တာသတင်းမှာ ​ဖော်ပြထားပါတယ်။

စည်းကမ်းမဲ့ ​ကွမ်းတံတွေးထွေးတာကို ​တရားဝင်တားမြစ်ပေးဖို့ ​သြဂုတ်လလောက်စပြီး ​တောင်းဆိုလာကြတာဖြစ်ပြီး ​အများပြည်သူပိုင် ​လမ်း တွေ၊ ​အဆောက်အဦးတွေ ​သန့်ရှင်းမှုရှိစေရေးအတွက် ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီလိုဥပဒေမျိုးပေါ်ပေါက်လာအောင် ​လှုံ့ဆော်ပါဝင်သူ ​မြင့်သူက ​ကွမ်းရောင်းသူတွေအနေနဲ့ ​စားသုံးသူတွေ ​ကွမ်းတံတွေးထွေးနိုင်မယ့် ​ပ လပ် စတစ်အိတ်တွေ၊ ​ခွက်တွေပါ ​ပေးသင့်တယ်လို့ ​ပြောခဲ့တယ်လို့ဆိုပါတယ်။

ကွမ်းယာကို ​နှစ်ပေါင်း ​၂၀ ​လောက် ​ရောင်းချနေတဲ့ဆိုင်ပိုင်ရှင် ​တစ်ဦးကလည်း ​ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးတာကို ​အရေးယူဖို့ ​ထောက် ခံ ပေမယ့် ​ကွမ်းယာရောင်းတာကိုတော့ ​မထိခိုက်စေလိုကြောင်း၊ ​မြန်မာနိုင်ငံမှာ ​ကွမ်းယာအပေါ် ​မှီခိုပြီး ​ဝင်ငွေရှာကြသူတွေ များပြီး ​မြန်မာဘုရင် တွေလက်ထက်ကတည်းက ​စားသုံးလာခဲ့ကြတာဖြစ်တယ်လို့ ​ထောက်ပြခဲ့ပါတယ်။

ကွမ်းကို ​နှစ်ပေါင်း ​၁၆ ​နှစ်ကြာ ​စွဲစွဲမြဲမြဲစားသုံးနေသူတစ်ဦးကလည်း ​ကွမ်းတံတွေးကို ​စည်းကမ်းတကျထွေးရမယ့်ဥပဒေကို ​ထောက်ခံမှာ ​ဖြစ် တယ်လို့ ​ရိုက်တာသတင်းကို ​ပြောခဲ့ပါတယ်။

သွားဖက်ဆိုင်ရာ ​ခွဲစိတ်ဆရာဝန်တစ်ဦးကလည်း ​ကွမ်းယာမှာ ​ဆေးရွက်တွေပါဝင်တဲ့အတွက် ​သွားနဲ့ ​သွားဖုံးကို ​ထိခိုက်နိုင်ရုံသာမက ​နှစ် ပေါင်း များစွာစားသုံးရင် ​ခံတွင်းကင်ဆာတောင်ဖြစ်နိုင်တယ်လို့ ​ရှင်းပြခဲ့ကြောင်းလည်း ​ဖော်ပြထားပါတယ်။

No comments: