Saturday, December 22, 2012

၂၀၁၅ တွင် ကျားဖြူပါတီက ရှမ်းပြည်နယ် အစိုးရ ဖြစ်ရမည်ဟု စိုင်းအိုက်ပေါင်း ပြော


ကော့လီ

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီက ရှမ်းပြည်နယ် အစိုးရအဖြစ် ဦးဆောင် ဖွဲ့စည်းနိုင် ရမယ်လို့ ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ နဲ့ တောင်ကြီးမြို့ရှိ ပါတီ ဗဟိုဌာနချုပ်ရုံးမှာတွေ့ဆုံစဉ်မှာပြောကြား လိုက် တယ်လို့ သိရပါတယ်။

မနေ့က (ဒီဇင်ဘာ ၂၁) ပြည်နယ် လွှတ်တော် အစည်းအဝေး အပြီး ညနေ ၄ နာရီတုန်းက လွှတ် တော် လာတက်တဲ့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ဌာနချုပ်က ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးဖြစ်ကြတယ်။ အဲ ဒီလိုတွေ့တဲ့အချိန်မှာ ဥက္ကဋ္ဌကြီးက ၂၀၁၅ ကျရင် ကျားဖြူပါတီကတခြားတိုင်း ရင်းသားညီနောင်ပါတီတွေနဲ့လက်တွဲပြီးအစိုးရဖွဲ့နိုင် အောင်ကြိုးစားရ မယ်။ နိုင်ငံရေးလုပ်တယ် ဆိုတာ၊ ပါတီထောင်တယ်ဆိုတာအာဏာရဖို့ပဲ၊ အာဏာ မရရင် ပြည်သူ့အကျိုးကို ဘာမှ လုပ် နိုင်မှာ မဟုတ်ဘူး လို့ ပြောပါ တယ် – လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် တစ်ဦးက ကော့လီကို ပြောပြပါတယ်။

ဆွေးနွေးပွဲမှာ တာချီလိတ်မှာ ကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ညီလာခံ အကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင် နိုင် ရေး အတွက် ပါတီဝင်များ ထပ်မံ စည်းရုံးရေး အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဟာ ၂၀၁၅ မှာ ပါတီ ဥက္ကဋ္ဌ အ ဖြစ်ကနေ လည်းကောင်း၊လွှတ်တော်ကိုယ် စားလှယ် အဖြစ်ကလည်းကောင်း အနားယူတော့မယ်လို့လည်း ပြောကြားဖူးကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အသိုင်း အဝိုင်းက တဆင့် ကြားသိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ညီလာခံကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၃ ရက် အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီ လိတ်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်တိုးချဲ့သွားဖို့ ရှိတယ်လို့ သိရပါတယ်။

No comments: