Saturday, December 22, 2012

ပေါင်မုန့်စက်ရုံ လူနေအိမ် တန်းလျားများ မီးလောင်ကျွမ်း၊ ကယ်ဆယ်ရေးလိုအပ်နေ

ခိုင်ခိုင်

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ဖုန်ဖိုင်ရွာတွင်ရှိသော ပေါင်မုန့်စက်ရုံ (အထည်ချုပ် စက်ရုံ)မှ အ လုပ် သမားများနေသော တန်းလျားအိမ်များ မီးလောင်ကျွမ်းသွားကာ ပြာကျသွားခဲ့ကြောင်း သိရသည်။

မီးသည် နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ကားများရောက်လာကာ ညနေ ၆ နာရီ ခွဲခန့်တွင် မီးကိုငြိမ်းသတ် နိုင် ခဲ့သည်။ ၄င်းတန်းလျားအိမ်များတွင် အလုပ်သများပေါင်း ၇၉၈ ဦးခန့် နေထိုင် လျှက်ရှိပြီး အခန်းပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရ သည်။

ယခုလက်ရှိ အလုပ်သများများကို စက်ရုံတွင် နေရာချထားပေးပြီး ဒေသခံ လူမှုအဖွဲ့အစည်းများက ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပို့ပေးနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ မီးက နေ့လည် ၂ နာရီ ၁၅ မိနစ်က လောင်ကျွမ်းတာ ဖြစ်ပါတယ်။ လူပျိုဆောင် အခန်းက စပြီးတော့ လောင်တာ ဖြစ်ပါ တယ်။ မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိပါဘူး။ အိမ်ခန်းတွေ တစ်ခန်းမှ မရှိတော့ပါဘူး။ အကုန်လုံး ပြာကျသွားပါပြီ။ အခန်းတွေက တော့ ၂၀၀ ကျော်လောက် ရှိပြီးတော့ အလုပ်သမား ၇၉၈ ယောက်လောက် နေကြတာပါ။ အခု လူမှု အဖွဲ့အစည်းတွေနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဆန်၊ ဆီ၊ ဆား၊ ကြက်ဥတွေ စတဲ့စားနပ် ရိက္ခာပစ္စည်း တွေအပြင် အဝတ်အ ထည်တွေကိုလည်း လာပို့ပေးနေပါတယ်။ အခု ကျွန် တော်တို့ ပစ္စည်းတွေကို သယ်နေကြပါတယ်။ ” ဟုပြောသည်။

ဖုန်ဖိုင်ရွာတွင်ရှိသော မြန်မာအခေါ် ပေါင်မုန့်စက်ရုံသည် (အထည်ချုပ် စက်ရုံ)တွင် အလုပ်သမားပေါင်း ၁၀၀၀ ကျော်ခန့် ရှိပြီး တန်းလျား တစ် ခုလုံး မီးလောင်ကျွမ်းခဲ့မှုကြောင့် တန်းလျားတွင် နေထိုင်သော အလုပ်သမား ၇၀၀ ကျော်ဒုက္ခရောက်လျှက်ရှိပြီး ကယ်ဆယ်ရေးများ လည်း လို အပ်နေကြောင်း သိရသည်။

No comments: