Friday, December 7, 2012

အစိုးရတပ်များ ဖိုင်ကောင်းရွာသားများကို ဖမ်းဆီးနှိပ်စက်၍ ခရစ်ယာန်ဘုရားအား ရှုံ့ချပြောဆို

KNG

ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲ ဖြစ်ပွားနေသော ပန်ဆိုင်း (Pangsai) မြို့နယ် တွင် မြန်မာအစိုးရတပ်များသည် ဒေသခံများအားနှိပ်စက်ညှင်းပန်း၍ ၄င်းတို့ ကိုးကွယ်သော ခရစ်ယာန်ဘုရားအား ရှုံ့ချပြောဆိုခဲ့ကြောင်း ဒေသခံ များ ပြောသည်။

ဘုရားကျောင်းဝင်းအတွင်း စုဖမ်းထားသော ဒေသခံများကို တစ်ဦးချင်းစီ စစ်ဆေးမေးမြန်း နှိပ်စက်မှုများပြုလုပ်ပြီး အချို့ကိုပြန်လွှတ်ပေး ခဲ့ သော်လည်း အချို့သော ယောက်ျား ၂၀ ယောက်ကိုမူ အစာရေစာ အငတ်ထားပြီး နှိပ်စက်ထားခဲ့ကြောင်းသိရသည်။

အစိုးရတပ်သားများသည် ဒေသခံများကို “နင်တို့ KIA ကို ဘယ်မှာ ဖွက်ထားသလဲ။ KIA လက်နက် ဘယ်မှာ သိမ်းထားသလဲ၊အမြန်ပြောမပြော ဘူးလား။ မပြောရင် အိမ်များအားလုံး မီးရှို့လိုက်မယ်။” ဟု ချိန်းခြောက်ပြောဆိုခဲ့ ကြောင်း ဒေသခံတစ်ဦးပြောသည်။

၎င်းတို့မှ အချို့ကို နိုဝင်ဘာလ ၃၀ ရက် ကြာသပတေးနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဖိုင်ကောင်း (Hpai Kawng) ကျေးရွာ လူကြီး များ ၏ အသိမိတ်ဆွေများကိုမူ ဒီဇင်ဘာလ ၁ ရက် မှလွှတ်ပေးခဲ့ကြောင်း ဒေသခံများပြောသည်။

ကျေးရွာသူကြီးဖြစ်သော ဦးဇိန်ထုံးဆိုင်းအောင် (Slg. Zinghtung Seng Awng) ကိုမူ အစိုးရတပ်များ သည် မျက်စိတွင် လေးခွဖြင့်ပစ် ပေါက် ကာ ညှင်းပန်း နှိပ်စက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစိုးရတပ်သည် ဝမ်ဒင်ကပ်နာ (Wandin Kapna) တွင် ခရစ်ယာန်ဘုရားကျောင်းဆောက်နေသော တရုတ်ပြည်မှ ဆောက်လုပ် ရေး အလုပ်သမား ၃ ဦးကိုလည်း ပန်ဆိုင်း (Pangsai) ရဲစခန်းသို့ဖမ်းဆီးသွားခဲ့ပြီး မူဆယ်အချုပ်ခန်းသို့ ပို့ထားကြောင်းသိရသည်။


ဖိုင်ကောင်း (Hpai Kawng) ကျေးရွာသားများကို နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းသို့ အဓမ္မမောင်းထုတ်ဖမ်းဆီးထားချိန်တွင် မြန်မာ အစိုး ရတပ်ခြေလျင်တပ် (ခလရ ၂၄၀) မှ ခရစ်ယာန်များကို ရှုံ့ချပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“နင့်တို့ဘုရားက ဘာမှ အကျိုးမရှိဘူး။ ဆုတောင်းလဲ အလကားဘဲ။” ဟု ခရစ်ဘာသာဝင် တစ်ဦးပြောသည်။

ထိုသို့ပြုလုပ်ခြင်းသည်။ နိုဝင်ဘာလ ၂၈ ရက် နံနက်တွင် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ် ရင်း (၃၆) အောက် MHH ပြည်သူ့စစ် တပ်ခွဲ (၅) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ချိန် အစိုးရတပ်မှ သေဆုံးမှုများရှိလာပြီးနောက် ထိုကဲ့သို့ အပြစ်မဲ့ ဒေသ ခံများနေရာသို့ အကြောင်းမဲ့ နှိပ်စက်ညှင်းဆဲဖမ်းဆီးလာခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရတပ်သည် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအနီးရှိ တရုတ်နယ်စပ် ဒုက္ခသည်တဲစခန်း ၅၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သော ကြောင့် ဒုက္ခသည်များသိုလှောင်ထားသည့် ဆန်၊ စပါးနှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများပြောသည်။

ယခုချိန် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာသား ၄၀၀ ကျော်သည် မြန်မာအစိုးရတပ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နှိပ်စက် ညှင်း ဆဲခြင်းများပြုလုပ်သောကြောင့် တရုတ်ပြည် ကောင်းလုံ (Kawng Lung) ကျေးရွာနှင့် နီးစပ်ရာ ဆွေမျိုး နေအိမ်သို့ ထွက်ပြေးတိမ်း ရှောင်နေ ကြောင်းသိရသည်။

No comments: