Friday, December 7, 2012

ကျိုင်းတုံမြို့ သျှမ်းလူမျိုးဆိုင်ရာစာပေဟောပြောပွဲသို့ နိုင်ငံတ ကာပညာရှင်လာ ရောက်ဟောပြောမည်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ကျင်းပမည့် ၂၁၀၇ ခု ရိုးရာနှစ်သစ်ကူး အထူးပွဲတော်နှင့်အတူ သျှမ်းလူမျိုးများ စာပေ ဓလေ့ သမိုင်း ဆိုင် ရာ စပေဟောပြောပွဲ၌ ထိုင်း၊ ဂျပန် နှင့် အန္ဒိယနိုင်ငံတို့မှ သျှမ်းအရေးကျွမ်းကျင်ပညာရှင်များ လာရောက် ဟောပြောကြမည်ဖြစ် ကြောင်းပွဲ ဖြစ် မြောက်ရေး ကော်မတီဝင် များကပြောပါသည်။

“ ကျနော်တို့ အခု စာရင်းရထားတာက ၁၉ ယောက်ရှိတယ်။ ဂျပန်နိုင်ငံက ၁ ယောက် ထိုင်းနိုင်ငံ က ၃ ယောက် မန္တလေး တက္ကသိုလ်က ၂ ယောက် နေပြည်တော်က ၁ ယောက် အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်က ပါမောက္ခတယောက်၊ ကျန်တာ တော့ သျှမ်းထဲကပညာရှင်တွေ၊ ဆ ရာတော်တွေလေ။ နောက်ထပ် ၃ ဦးရှိသေးတယ်။ နာမည်မသိရသေးဘူး” ဟု ပွဲဖြစ် မြောက်ရေး ကော်မတီဝင် စိုင်းမုံ့ က ပြောပါသည်။

ပွဲတော်ကျင်းပမည့်ရက်မှာ ယခုလ ၁၂ မှ ၁၄ အထိဖြစ်ပြီး ယခုလည်း ပွဲတော် အတွက် အကြီးအကျယ် ပြင်ဆင်နေကြဆဲ ဖြစ်ကြောင်း၊ ဆယ် မီနာဟောပြောပွဲအတွက် ၁၃ ရက်နေ့တရက် အချိန်ပေးထားသော်လည်း ထိုင်းနိုင်ငံ ဓမ္မဆတ် တက္ကသိုလ် မှ ဒေါက်တာ ဒွန်းလယားဖတ်၊ ဂျ ပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ်မှ ပါမောက္ခချုပ် တကထားနီး မီချီယို ၊ ဒေါက်တာခင် မောင်ကြည် မန္တလေးတက္ကသိုလ်၊ ရန်ကုန် မှ ဒေါက်တာ စိုင်းဆန်အိုက်၊ ဒေါက်တာစိုင်းဆန်ဖေ ခမ္တီးမှ စဝ်နွဲ့ဆာတော် စသည့် ပညာရှင် ၁၉ ဦးဟောပြောမည်ဖြစ်ကြောင်း၊ အချိန်မ လောက်ပါက ၁၄ ရက်နေ့အထိဟောပြောပွဲ ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောသည်။

“ ပြည်ပက သျှမ်းတွေအပြင် ပြည်တွင်းထဲမှာဆိုရင်တော့ သံလွင်အနောက်ဘက်ခြမ်းမှာ ၂၈ မြို့နယ် သံလွင်အရှေ့ခြမ်း မှာဆိုရင် ၁၀ မြို့နယ် ဖိတ်ထားတယ်။ အဲဒါက စိတ်ပါဝင်စားသူ အနည်းဆုံးတမြို့နယ် နှစ်ယောက် ဆယ်မီနာမှာ လာရောက် နားထောင်ဖို့၊ ပါဝင်ဆွေးနွေးဖို့။ ဆယ် မီနာပွဲမှာ စောင့်ကြည့်တာဝန်ယူပေးမှာက ကျနော်တို့ရဲ့ ပညာရှင်အဆင့် ဆရာစိုင်း အောင် ထွန်း၊ ဒေါက်တာ စိုင်းဆန်အိုက်၊ ဆရာမနန်းဟွမ် လိတ်၊ ဆရာမ နန်းမိုခမ်းတို့ပေါ့” ဟု ဆိုပါသည်။

ပွဲတော်တက်ရောက်ရန် သျှမ်းလူထုခေါင်းဆောင်များ၊ ကျိုင်းတုံမြို့ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ တြိဂံစစ်တိုင်းမှူးအပြင် သျှမ်းပြည်နယ် ဝန် ကြီး ချုပ် စဝ်အောင်မြတ် နှင့် မြန်မာနိုင်ငံဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့လည်းဖိတ်ကြား ထားကြောင်း ဆိုပါသည်။

ဖွင့်ပွဲအတွက် တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုအသင်းမှ တိုးနယား ၆ ကောင်၊ ထိုင်းနိုင်ငံ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ ကိန္နရီ ကိန္နရာ ၆ ကောင် ယူလာမည်ဟုတာဝန်ယူထားကြောင်း ကျိုင်းတုံမြို့ခရိုင်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတိုင်း ကိန္နရီ ကိန္နရာ နှင့် တိုးနယား ကပြဖို့ ယူလာကြရန်လည်း တောင်းဆိုထားကြောင်း ကြီးကျယ် ခန်းနားစွာဖြင့် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောပါသည်။

ပွဲတော်၌ ပြည်တွင်းပြည်ပ စာအောင်သံဃာတော်များအားလည်း ဂုဏ်ပြုဆိုပေးအပ်မည်ဖြစ်ရာ သီရိလင်္ကာနိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့မှ BA -MA -Ph.D အောင် ၊ မြန်မာနိုင်ငံအတွင်း ဓမ္မစရိယ၊ မဟာဓမ္မစရိယအောင် ၊ ထိုင်းနိုင်ငံ ပညာရေး၌ ဓမ္မာစရိယအောင်သျှမ်း သံဃာ တော်များ အပါး ၅၀ ကျော် အား ဂုဏ်ပြုဆုချီးမြင့်သည့်အခမ်းအနားလဲရှိကြောင်းပြော သိရသည်။

1 comment:

Unknown said...

Internet ပေါ် တင်ပေးသူအား အထူဒပင်ကျေးဇူးတင်ပါသည်