Wednesday, January 9, 2013

အင်ဒိုနီးရှားအစိုးရသွားရောက်လေ့လာ

ABC

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​ကမြန်မာနိုင်ငံမှာ ​၂ရက်ကြာခရီးစဉ်အတွက် ​မနေ့ ​က​ရောက်ရှိ ​နေပြီး ​ရခိုင်ပြည်နယ် မှာ ​ဖြစ်ပွါးခဲ့တဲ့ ​ရခိုင်လူမျိုးတွေ ​နဲ့ရိုဟင်ဂျာ ​တွေ ​အကြမ်းဖက်မှု ​ရဲ့လက်ရှိ ​အခြေအနေတွေကို ​မျက်မြင်ကိုယ်တွေ့ ​လေ့လာ ​ဖို့ ​ဖြစ် တယ်လို့ ​ဆိုပါ တယ်။

အင်ဒိုနီးရှားနိုင်ငံကထုတ်တဲ့ ​သတင်းတွေအရ ​အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​က ​Kyauktaw, ​Maungday, ​Pauktaw ​နဲ ​Sittwe ​မြို့တွေကို ​သွားရောက် ​လေ့လာမှာ ​ဖြစ်ပြီး ​မြန်မာ ​နယ်စပ်ရေးရာဝန်ကြီး ​သိန်းဌေး ​ရခိုင်ပြည်နယ်ဝန်ကြီး ​လှမောင် ​တင် ​တို့ ​နဲ့လဲ တွေ့ဆုံဖို့ ​ရှိတယ် ​လို့ ​သိ ​ရ ​ပါတယ်။

အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​ကို ​မြန်မာနိုင်ငံတော် ​သမတကြီး ​ဦး ​သိန်း စိန်က ​ရခိုင်ပြည်နယ် ​အခြေအနေကို ​ကိုယ် တိုက် ​ကိုယ်ကျ ​လာရောက်လေ့ ​လာ ​ဖို့ ​ပြီးခဲ့ ​တဲ့ ​နှစ် ​နိုဝင်ဘာလ ​က ​ကမ်ဘိုးဒီးယား ​နိုင်ငံ ​Phnom ​Penh ​မြို့တော်မှာ ​ကျင်းပခဲ့တဲ့ ​၂၁ကြိမ် မြောက် ​ASEAN ​ထိပ်သီးညီလာခံ ​တုန်းက ​ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

Marty ​Natalegawa ​က ​မြန်မာနိုင်ငံမှာ ​ရောက်ရှိ ​နေစဉ်အတွင်း ​အဓိကသော့ချက်ကျတဲ့ ​နိုင်ငံရေး ​အဖြေရှာဖို့၊ ​လူသားခြင်းစာနာတဲ့ ​ထောက် ပံ့မှုတွေ ​ပေး ​ဖို့၊ ​အိုးအိမ်မဲ့ဖြစ်သွားသူ ​တွေ ​နေရာပြန်လည် ​ချပေး ​ရေး၊ ​ပဋိပက္ခ ​ဖြစ်သွားခဲ့ ​တဲ့ ​နေရာ ​တွေ ​က ​အပျက်အစီးတွေ ​ကို ​ပြန်လည် ​တည်ဆောက် ​ရေး ​စတာ ​တွေ ​ကို ​ပြု ​လုပ်ဖို့ ​ဆွေးနွှေးသွားမယ်လို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ​ဒေါ်လာ ​တသန်း ​ကူညီပံ့ပိုးပေး ​သွားမယ်လို့ ​လဲ ​သိ ​ရ ​ပါတယ်။ ​အင်ဒိုနီး ​ရှား ​နိုင်ငံ ​အနေ ​နဲ့ ​မြန်မာ ​နိုင်ငံနဲ့နှစ်ပေါင်း များ စွာကတည်းက ​ရင်းနှီးတဲ့ ​မိတ်ဆွေနိုင်ငံများ ​ဖြစ်တာ ​က ​တကြောင်း၊ ​အင်ဒိုနီး ​ရှား ​နိုင်ငံ ​မှာ ​လဲ ​လူမျိုးရေး ​ပြဿနာတွေ ​ကို ​ရင်ဆိုင် ​ခဲ့ ​ရ ​ဘူး ​တဲ့အကြောင်း၊ ​ဒီလို ​အတွေ့ ​အကြုံတွေ ​ရှိ ​ခဲ့တာကြောင့်၊ ​မြန်မာ ​နိုင်ငံမှာဖြစ်နေတဲ့ ​အရေး ​နဲ့ပတ်သက်ပြီး ​အကြံပြု ​နိုင်တဲ့အ ကြောင်း၊ ​အင်ဒိုနီး ​ရှား ​နိုင်ငံ ​ဟာ ​ဒီလို ​အထောက်အကူ ​မျိုးပေး ​နိုင်တဲ့ ​နိုင်ငံအနဲ ​စုထဲ ​ကတနိုင်ငံဖြစ်တဲ့ အတွက်၊ ​မြန်မာ ​အစိုး ​ရ ​ကို ​လဲ ​ဖိအားပေး ​ဖို့ ​ဖြစ်တယ် လို့ ​- ​ဗန်ကောက်မြို့ ​အခြေစိုက် ​ရခိုင်ပြည်နယ်လူမှု ​ရေး ​ဆိုင် ​ရာ ​စီမံကိန်း ​က ​ဒါ ရိုက်တာ ​Chris ​Lewa ​ကပြောပြပါတယ်။

Chris ​Lewa ​က ​လောလောဆယ်အခြေအနေမှာ ​စစ်တပ်တွေ ​ချထား ​တာ ​ဖြစ်လို့ ​အခြေအနေငြိမ်သက်နေတဲ့အကြောင့်း ​- ​ဒါပေမဲ့ ​လူ ပေါင်း ​တသောင်း ​လောက်ဟာ ​ဖျင်တဲတွေ ​နဲ့ ​နေ ​နေ ​ကြ ​ရတဲ့အကြောင်း ​- ​ရိုဟင်ဂျာလူမျိုးတွေကို ​အကူ ​အညီပေးရတာခက်တဲ့အ ကြောင်း ​- ​ရိုဟင် ဂျာ ​လူမျိုးတွေကို ​အကူအညီပေးခဲ့တဲ့ ​ရခိုင်လူမျိုးတွေက ​ထဘီခေါင်းပတ်ပြီး ​ဒါဏ်ပေးတာမျိုးတွေ ​(မြန်မာယဉ်ကျေးမှု မှာအများကလက်ခံ ထားတဲ့ ​အတိုင်း ​ထဘီ​နဲ့ ​အခုလို ​ခေါင်းပတ်တာဟာ ​အင်မတန်မှ ​ဖုံးနိမ့်တယ်လို့ ​ယူဆတဲ့ ​ဖြစ်ရပ်ဖြစ်တဲ့ ​အကြောင်း ​- ​ဒီ ​လို ​လုပ်ဆောင်ချက် တွေ ​လုပ်တယ်လို့ ​-- ​ရခိုင်ပြည်နယ် ​ရဲ့ ​လက် ​ရှိ ​အခြေအနေကို ​ပြောပြသါားပါတယ်။

No comments: