Saturday, February 16, 2013

ရန်ကုန်ဆေးရုံကြီးကို ယူလာရသည့် အကြမ်းဖက်ခံ မောင်တောဒေသခံ၏ ခန္ဓာ ကိုယ် တစ်ခြမ်း မလူပ်ရှားနိုင်သေး

နိရဉ္စရာ

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ဒဏ်ရာ ပြင်းထန်သဖြင့် စစ်တွေဆေးရုံကြီးမှ ရန်ကုန် ဆေးရုံကြီးသို့ ပြောင်းရွှေ့ ယူဆောင်လာရသူ အကြမ်း တိုက်ခံရသူ ဦးဘတင်၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ ယခုအချိန်ထိ မလူပ်ရှားနိုင်ဘဲ ဖြစ်နေကြောင်း ရန်ကုန်တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော် အေးမောင်က ပြောသည်။

“ ဒီကနေ့ နံနက်က ကျွန်တော် လူနာကို သွားကြည့်ပါတယ်။ သူရဲ့ ညာဘက် ခန္ဓာကိုယ် တစ်ခြမ်းက အခူအချိန်ထိ မလူပ်နိုင်သေးဘူး။ ဦ ခေါင်းကို ဓါးနဲ့ ခုတ်တဲ့ အတွက် အာရုံကြောတွေပါသွားတာကြောင့် ခန္ဓာကိုယ် ညာဘက်ခြမ်း မလူပ်နိုင်ဘဲ ဖြစ်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။

ဆရာဝန်တွေကလည်း ဂရုတစိုက်ကုသပေးနေပြီး ယမန်နေ့က ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသော ကျည်ဆံများကို ခွဲထုတ်ခဲ့သည်ဟု ပြော သည်။

“ အကြမ်းဖက်သမားတွေက နှစ်လုံးပြူး သေနတ်နဲ့ ပစ်ခတ်တဲ့ အတွက် တင်ပါးမှာ ကျည်ဆံ (စရိတ်) အလုံး ၃၀ လောက်ဝင်နေတယ်။ ဒါကို မနေ့ကတော့ ခုနှစ်လုံး လောက်ခွဲထုတ်ခဲ့တယ်။ လူနာရဲ့ ဦးခေါင်းကိုတော့ ခွဲစိတ်တာကိုတော့ မလုပ်ဘူး။ လုပ်ရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဦးဘတင်သည် မောင်တောမြို့နယ် တောင်ပိုင်း မြို့သစ်ရွာ နေအိမ်တွင် ဘင်္ဂါလီအကြမ်း ဖက် သမားများ၏ ၀င်ရောက် တိုက်ခိုက်မူကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မူ အတွင်း သူ၏ နေအိမ်တွင် လာရောက်လည်ပတ်နေသူ စစ်တွေမြို့မှ ဦးမောင်အေး (၅၄) နှစ်မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဦးဘတင်အပါအ၀င် စောမြင့်အောင် (၃၉) နှစ်နှင့် နေလင်းအောင် (၂၃) နှစ်တို့ တွင်လည်း ဒဏ်ရာရရှိခဲ့သည်။

ဦးဘတင်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က စစ်တွေမှ တဆင့် ရန်ကုန် ဆေးရုံကြီးသို့ ယူဆောင်သွားခဲ့သည်။

“ ဦးဘတင်က အဲဒီရွာကို မစွန့်ခွာဘဲ နေထိုင်နေတဲ့ အတွက် သူကို အသေသတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ သူသေရင် ရခိုင်တွေ အဲဒီရွာမှာ မနေထိုင်ရဲဘူး။ ထွက်ပြေး သွားကြမယ်။ ရှိနေတဲ့ ပုဇွန်ကန်တွေ၊ လယ်တွေကို သူတို့ ယူကြမယ်။ ဒီသဘောနဲ့ ဦးဘတင်ကို အသေသတ်ဖို့ ကြိုး စားကြတာ” ဟု ဦးဇော်အေးမောင်က ပြောသည်။

မောင်တောမြို့နယ် အတွင်း နေထိုင်နေကြသည့် ရခိုင် အမျိုးသားများမှာ နယ်မြေဒေသများ သူတပါးလက်သို့ ရောက်မသွားရန် ကာကွယ် စောင့်ရှောက် နေကြသူများ ဖြစ်သဖြင့် သူတို့အား ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုး သားများ အနေဖြင့် ကူညီကြရန် လိုအပ်ကြောင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

No comments: