Saturday, February 16, 2013

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသ ခံများပြောချက်အရ သိရပါသည်။

“ အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင် တာဘဲ ကားကသုံးစီး၊ တောင် ကြီး မိုင်းရှုး ဗင်ကားတွေကြီးဘဲ ဓါးပြတိုက်ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” - ဓါးပြတိုက်ခံရသူ အားဖှန်ကပြော ပါသည်။

ဖေဖေါ်ဝါရီ ၈ ရက်နေ့က နံနက် တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်အခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအား လုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်း များအားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော်ပါသွား ကြောင်း ကား ဆရာများအသိုင်းအဝိုင်းက ပြောပါသည်။

“တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာ မှာ ဓါးပြတိုက်တာကတော့ နာ မည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်” - ဟု အားဖှန်ကဘဲပြော ပါသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့်သာ ဝေးကြောင်း၊ အစိုးရစစ်တပ်အ နေဖြင့် ဒေသအတွင်းခရီးသွားများအတွက် လုံခြုံရေးယူပေးလိုသည့် ဆန္ဒရှိ လျှင် ပေးနိုင်သည့်အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက် တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင် ကြောင်း ကြားသိရပါသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ယမန်နှစ် မေ ၂၉ နှစ်ဦးပိုင်းကလည်းမကြာခဏ ဓါးပြတိုက်မှုဖြစ်ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့ ဓါးပြနှင့် တိုးရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရသည်။၂၀၁၁ မှ ယနေ့အထိ အဆိုပါဒေသအတွင်းတွင် ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီဖြစ် သော် လည်း ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန်မယူ ပေးနိုင် ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေး နိုင်ကြောင်း ခရီးသွားပြည်သူလူထုက ပြောဆိုပါသည်။

No comments: