Saturday, February 9, 2013

အစိုးရဝန်ထမ်း ၁၇ဝဝဝ နီးပါး လဒ်စားမှုနဲ့ပစ်ဒဏ်ချမှတ်ခံရ

ABC

မြန်မာနိုင်ငံမှာ ​ကောင်းမွန်တဲ့ ​အုပ်ချုပ်ရေးဖြစ်ဖို့နဲ့ ​သန့်ရှင်းတဲ့အစိုးရ ​ဖြစ်ရေးအတွက် ​အစိုးရဝန်ထမ်း ​အယောက်ပေါင်း ​၁၇ဝဝဝ ​နီးပါးကို ​ပစ် ဒဏ်ချခံထားရပြီး ​အဲဒီထဲက ​၃၈ဝ ​ကိုတော့ ​ဖမ်းဆီးထောင်ချ ​ထားပြီ လို့ ​သိရပါတယ်။

အစိုးရရဲ့ ​အစီရင်ခံစာတစ်ခုအရ ​၂ဝ၁၁ ​ခုနှစ် ​ဧပြီလကနေ ​၂ဝ၁၂ ​ခုနှစ် ​ဒီဇင်ဘာလ ​အတွင်း ​အစိုးရဝန်ထမ်းပေါင်း ​၁၆,၉၅၂ ​ယောက်ကိုအပြစ် ပေးခဲ့တာဖြစ်ပြီး ​အဲဒီအထဲမှာ ​ရဲအမှုထမ်းတွေ ​အတော်များများ ​ပါဝင်တယ်လို့ ​ဖော်ပြထားကြောင်း ​အေဖက်ဖ်ပီသတင်းက ​ဆိုပါတယ်။

ဘာတွေလုပ်ခဲ့လို ​အပြစ်ပေးတယ်ဆိုတဲ့ ​အသေးစိတ် ​အချက်တွေမပါဝင်ပဲ ​အပြစ်ပေးမှုတွေကတော့ ​ထောင်ဒဏ်ချမှတ်တာတွေ၊အလုပ်ထုတ် ပစ်တာတွေ၊ ​ရာထူးလျော့ချတာတွေ၊ ​သတိပေးစာ ​ပို့ထားတာတွေနဲ့ ​လစာလျော့ချတာတွေ ​လုပ်ခဲ့တယ်ဆိုတာကို ​အစီရင်ခံစာမှာ ​တွေ့ခဲ့ရ တယ်လို့ ​ဆိုပါတယ်။

ဝန်ထမ်းအယောက်ပေါင်း ​၃၈ဝ ​ကို ​ထောင်ချပြီး ​၄၉ဝဝ ​ကိုတော့ ​အလုပ်က ​ထုတ်ပစ်ကြောင်း၊ ​အယောက် ​၈၀ ​ကိုတော့ ​အလွဲသုံးစားလုပ်ထား တဲ့ ​ငွေတွေ ​ပြန်ပေးဖို့ ​တောင်းထားပြီး ​ရဲအမှုထမ်း ​၆၈၉ ​ယောက် ကို ​အပြစ်ပေးထားတယ်လို့လည်း ​ဆိုပါတယ်။

သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရဟာ ​ဇန်နဝါရီလတုန်းကပဲ ​ဆက်သွယ်ရေးဝန်ကြီးဌာနကို ​စစ်ဆေးခဲ့ပြီး ​ဝန်ကြီးဦးသိန်းထွန်းကို ​ရာထူး က ​ထုတ်ခွင့်ပြုလိုက်ပါတယ်။ ​ဒါပေမယ့် ​နောက်ပိုင်းမှာ ​လာဘ်ပေး လာဘ် ယူမှုတွေနဲ့ ​အမိန့်နာမခံမှုမရှိဒါကြောင့်ဖယ်ရှားခံရတာဆိုတဲ့သတင်း တွေလည်း ​ထွက်ပေါ်လာပါတယ်။ ​ဆယ်သွယ်ရေးဝန်ကြီးအပြင် ​သာသနာရေးရာဝန်ကြီးလည်း ​ရာထူးက ​နှုတ်ထွက်ခဲ့ပြီး ​ဝန်ကြီးအ သစ်တွေ ကို ​ခန့်ထားပြီး ​ဖြစ်ပါတယ်။

No comments: