Wednesday, February 6, 2013

ကမ္ဘာ့ဘဏ်ကမြန်မာကို ဒေါ်လာ ၁၆၅သန်းချေးမယ်

ABC

မြန်မာနိုင်ငံအနေနဲ့ ​ဦးစားပေးလုပ်ငန်းများ ​ဆောင်ရွက်သွားနိုင်ဖို့အတွက် ​ကမ္ဘာ့ဘဏ်က ​အမေရိကန်ဒေါ်လာ ​၁၆၅ ​သန်းကို ​အတိုးမယူဘဲ ​ထုတ်ချေးသွားမယ်လို့ ​ကမ္ဘာ့ ဘဏ်လုပ်ငန်းစုရဲ့ ​IFC ​အလုပ်အမှုဆောင် ​ဒုတိယ ​ဥက္ကဌနဲ့ ​စီအီးအို ​မစ္စတာဂျင်ယောင်ချိုင်း ​က ​ရန်ကုန်မြို့မှာ ​မနေ့က ​ကျင်းပတဲ့သတင်းစာ ​ရှင်းလင်းပွဲမှာ ​ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကို ​သုံးရက်ကြာ ​လာရောက်ခဲ့တဲ့ ​မစ္စတာချိုင်းနဲ့အဖွဲ့ဟာ ​သမ္မတဦးသိန်းစိန်၊ ​ဒေါ်အောင်ဆန်း ​စုကြည်နဲ့ ​လွှတ်တော်ဥက္ကဌများ၊ ​ပုဂ္ဂ လိကစီးပွားရေး ​ကဏ္ဍမှ ​ကိုယ်စားလှယ်များနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ​မြန်မာနိုင်ငံက ​ပြည်သူများ ​လျှပ်စစ်မီးရရှိရေး၊ ​ဆက်သွယ်ရေး ​ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ​ဘဏ္ဍာရေး ​ကိစ္စရပ်တွေမှာ ​ကူညီ သွားဖို့ ​ဆွေးနွေးခဲ့ ​ကြတယ်လို့ ​မစ္စတာ ​ချိုင်းက ​ပြောပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ​မြန်မာနိုင်ငံက ​လူ ​၁၀ ​သန်း ​လျှပ်စစ်မီး ​ရရှိဖို့ ​လာမယ့် ​၁၂ ​လအတွင်း ​မဂ္ဂါဝပ် ​၃၀၀ ​ထပ်မံရရှိအောင် ​ကူညီသွားမှာ ​ဖြစ် တယ်လို့ ​ဆိုပါတယ်။မြန်မာနိုင်ငံမှာ ​လူ ​၄ ​ဦးမှာ ​၁ ​ဦးသာ ​လျပ်စစ်မီးရ ရှိတယ်လို့ ​ကမ္ဘာ့ဘဏ်ရဲ့ ​သတင်းထုတ်ပြန်ချက်ထဲမှာ ​ဖေါ်ပြထား ပါ တယ်။

ဆက်သွယ်ရေးကဏ္ဍမှာလည်း ​မြန်မာနိုင်ငံက ​ရည်မှန်းထားတဲ့အတိုင်း ​၂၀၁၆ခုနှစ်မှာ ​လူဦးရေ ​စုစုပေါင်းရဲ့ ​၈၀ရာခိုင်နှုန်း ​မိုဘိုင်းဖုန်း ​ရရှိနိုင်ဖို့အတွက်လည်း ​ကူညီ ​ဆောင်ရွယ်သွားမယ်လို့ ​မစ္စတာ ​ချိုင်းက ပြော ပါ တယ်။

နောက်ပြီး ​မြန်မာနိုင်ငံမှာ ​အသေးစားချေးငွေထုတ်ပေးနိုင်ဖို့အတွက် ​မြန်မာနိုင်ငံနဲ့ ​ဆက်သွယ်ဆောင်ရွက်မယ့် ​ကမ္ဘောဒီးယား ​အခြေစိုက် ​ACLEDA ​ဘဏ်မှာလည်း ​အမေရိကန် ​ဒေါ်လာ ​နှစ်သန်း ​မတည်ပေး ထားပြီ ​ဖြစ်တယ်လို့ ​IFC ​ရဲ့ ​ဒုတိယ ​ဥက္ကဌ ​ မစ္စကာရင် ​ဖင်ကယ်စတန်က ​အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ​ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ​၂၀၁၂ ​ခုနှစ် ​သြဂုတ်လမှာ ​မြန်မာနိုင်ငံ ​ရုံးခွဲကို ​ဖွင့်လှစ်ခဲ့ပြီး ​မြန်မာနိုင်ငံက ​ပြုပြင် ​ပြောင်းလဲရေး ​တွေကို ​အားပေးတဲ့ ​အနေနဲ့ ​ ဒေါ်လာ ​သန်း ​၈၀ ​ကို ​လူထုအခြေပြု ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေအ တွက် ​ပေးအပ်သွား ​မယ်လို့ ​၂၀၁၂ခုနှစ် ​နိုဝင်ဘာလက ​ကြေညာခဲ့ပါတယ်။ ​လွန်ခဲ့တဲ့ ​ဇန်န၀ါရီလ ​၂၇ ​ရက်နေ့ကလည်း ​မြန်မာနိုင်ငံကို ​အမေရိကန် ​ဒေါ်လာ ​သန်း ​၄၄၀ထုတ်ချေးသွားမယ်လို့ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ ​နိုင်ငံတကာ ​ငွေကြေးရံပုံငွေအသင်း ​IMF ​ကလည်း ​မြန်မာနိုင်ငံကို ​လက်ရှိအခြေအနေထက် ​ပိုပြီး ​ကူညီထောက်ပံ့နိုင် အောင် ​ပေါ်လစီတွေ ​တိုးတက်အောင် ​လုပ်ဆောင်နေတယ်လို့ ​သိရပါတယ်။

IMF ​အသင်းဝင်တွေရဲ့ ​ပုံမှန် ​မြန်မာခရီးစဉ်အပြီးမှာ ​ပြောသွားခဲ့တာဖြစ်ပြီး ​မြန်မာနိုင်ငံ ​အစိုးရအပြင် ​လူမှုအဖွဲ့အစည်းတွေနဲ့ ​မြန်မာတိုးတက် ရေးကို ​ကူညီပေးနေတဲ့ ​အဖွဲ့အစည်းတွေနဲ့ ​IMF ​တို့ရဲ့ ​ဆက်ဆံရေး ​တိုးမြင့်ဖို့အတွက် ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​လွန်ခဲ့တဲ့ ​နှစ်နှစ်အတွင်း ​စီးပွားရေးအပြောင်းအလဲတွေ၊ ​ငွေကြေးလဲလှယ်မှုစနစ်အပြောင်းအလဲတွေ ​လုပ်ခဲ့ပြီး ​အဲဒီလို ​လုပ် ဆောင်မှုအတွက် ​အကျိုးတွေ ​ခံစားနေရပြီလို့တောင် ​IMF ​ရဲ့ ​အကြီးအ ကဲ ​Anoop ​Singh ​က ​ပြောပါတယ်။

ဒါပေမယ့် ​ဒိထက်မက ​ပေါ်လစီ ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်ရမယ့်အကြောင်း ​IMF ​အနေနဲ့ ​ဝန်ထမ်းအရည်အသွေးမြင့်မားရေးတွေမှာ ​ပိုမို ​ကူ ညီသွားမယ်လို့လည်း ​ပြောပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာနိုင်ငံမှာ ​နိုင်ငံတကာ ​ငွေကြေးရံပုံငွေအသင်း ​IMF ​ရဲ့ ​ကိုယ်စားလှယ်ရုံးကို ​ဖွင့်လှစ်ဖို့လည်း ​ရည်မှန်းထားတယ်လို့ ​သိရပါ တယ်။

No comments: