Saturday, February 9, 2013

နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီ ဖွဲ့စည်း

ABC

မြန်မာနိုင်ငံအတွင်းက ​အကျဉ်းထောင်အသီးသီးမှာ ​ကျန်ရှိနေတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​ပြန်လည်လွတ် ​ပေးနိုင်ရေးအတွက် ​နိုင်ငံရေး အ ကျဉ်းသားများ ​စီစစ်ရေးကော်မတီကို ​ဖွဲ့စည်း ​လိုက် ​တယ်လို့ ​ဖေဖော်ဝါရီ ​၇ရက် ​နေ့မှာ ​အစိုးရကထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ​၆ရက် ​နေ့စွဲနဲ့ ​ထုတ်ပြန်ခဲ့တာဖြစ်ပြီး ​ဒီကော်မတီထဲမှာ ​ဥက္ကဌအဖြစ် ​နိုင်ငံတော်သမ္မတရုံး ​၀န်ကြီး ​ဦးစိုးသိန်း ​ကဆောင် ​ရွက် ​ပြီး ​အစိုးရ၀န်ကြီးဌာနက ​ကိုယ်စားလှယ်တွေ၊ ​အရပ်ဖက်လူမှုရေး ​အဖွဲ့ ​အစည်းက ​ကိုယ်စား ​လှယ်တွေ၊ ​နိုင်ငံရေးပါတီက ​ကိုယ်စားလှယ်တွေနဲ့ ​ပါဝင်ဖွဲ့စည်း ​သွားမယ်လို့ ​ဆိုပါတယ်။

ဒီလိုကော်မတီဖွဲ့ပြီး ​စီစစ်ဆောင်ရွက်တဲ့နေရာမှာ ​အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ​တိမ်းစောင်းမှု ​မရှိအောင်ဆောင်ရွက်ဖို့လိုတယ်လို့ ​၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ​ကိုပြုံးချိုက ​ပြောပါတယ်။

ကျနော်တို့က ​အနီးစပ်ဆုံးနဲ့ ​အသေချာဆုံးစာရင်းတွေကို ​ပြုစုနိုင်ဖို့လိုသလို ​အဓိပ္ပါယ်ဖွင့် ​ဆိုမှုတွေ ​မှာလည်း ​တိမ်းစောင်းမှုတွေမရှိအောင် ​ဆောင်ရွက်ကြဖို့လိုပါတယ်၊ ​ကိုင်တွယ်တဲ့နေရာမှာ ​အင်မ ​တန်သတိ ထားပြီးတော့ ​ဆုံး ​ဖြတ်နိုင်ဖို့လည်းလိုသလို ​အပြန်အလှန်ညှိနှိုင်းပြီး ​ကောင်းမွန်တဲ့ရ ​လဒ် ​တွေ ​ဖော်ဆောင်ဖို့က ​သဘောထားကြီးကြီး ​နဲ့ ​တည်ဆောက်နိုင်ဖို့လိုတယ်။ 

ဒါအပြင်အစိုးရအဆက်ဆက်က ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေးအကျဉ်းသား ​မရှိဘူးလို့ ​အမြဲပြောဆိုခဲ့ပေမဲ့ ​အခုအခါ ​အစိုးရအနေနဲ့ ​နိုင်ငံရေးအကျဉ်း သား ​ဆိုတဲ့စကားလုံးကို ​စတင်အသိအမှတ်ပြု ​သုံးနှုံး ​လာတာနဲ့ ​ပတ်သက်ပြီး ​၈၈ကျောင်း ​သားခေါင်းဆောင်ကိုပြုံးချိုက ​အခုလိုဆက် ပြော ပါတယ်။

အစိုးရအဖွဲ့တွေကနေပြီးတော့ ​နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ​သုံးစွဲမှုကို ​စတင်အသုံးပြုလာတာနဲ့အမျှ ​နိုင်ငံရေးဖြစ်စဉ်မှာနိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ​ပါဝင်ခွင့် ​ရေရှည်အမျိုးသားပြန် ​လည်သင့်မြတ် ​ရေး ​အတွက် ​ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် ​အခွင့်အလမ်းကောင်းတွေ ​ပိုမိုရလာမယ်လို့ ​ကျနော်တို့က ​ယုံကြည်တယ်။ 

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလမှာ ​နိုင်ငံရေးနဲ့ပတ်သက်လို့ ​ဖမ်းဆီးထားတဲ့လူတွေကို ​ပြန်လွတ် ​ပေးဖို့ ​လိုသလို ​နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရဲ့ ​ဘ၀ရှင်သန်မှုနဲ့ ​ဂုဏ်သိက္ခာ ​ရှိရှိဖြတ်သန်းနိုင်ရေးကို လည်း ​အ ​လေးထားဆောင်ရွက်ပေးဖို့ ​လိုအပ်တယ်လို့ ​ပြောပါတယ်။

၈၈ ​မျိုးဆက်ကျောင်းသားတွေပြုစုထားတဲ့ ​စာရင်းတွေအရ ​အကျဉ်းထောင်တွေထဲမှာ ​နိုင်ငံရေး ​အကျဉ်း ​သား ​၂၀၀ ​ကျော် ကျန်ရှိနေပြီး​တခြား နိုင်ငံရေးအဖွဲ့အစည်းတွေက ​ပြုစုထားတဲ့ ​နိုင်ငံရေး ​အကျဉ်း ​သား တွေရဲ့ ​စာရင်းတွေနဲ့ ​ကိုက်ညီမှုရှိမရှိလည်း ​စီစစ်ဆောင်ရွက် သွားမှာဖြစ် တယ်လို့ပြောကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: