Sunday, February 10, 2013

ရခိုင်မိသားစုတစ်စုအား ဘင်္ဂလီများအကြမ်းဖက်

မင်းသွီး

မြောက်ဦးမြို့နယ် ဒုံးဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုကို ၄င်းအနီးအနားရှိ ဘင်္ဂလီကျေးရွာ ရှင်းတောင်ရွာမှ ဘင်္ဂလီများတစ်စုက ဖေဖော်ဝါ ရီလ(၇)ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါ ဒုံးဘွယ်ကျေးရွာမှ အကြမ်းဖက်တိုက်ခိုက်ခံရသူများမှာ သားဖြစ်သူ ဦးမောင်ရွှေသန်း အသက်(၂၅)နှစ်ခန့်နှင့် အဖဖြစ်သူ ဦးသာထွန်း(၅၂)နှစ်ခန့်တို့ဖြစ်ပြီး ကြာသပတေးနေ့ ည(၁၂)နာရီအချိန်တွင် စိုက်ပျိုးခြံ၌ ညအိပ်စောင့်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“ ဦးသာထွန်းတို့ မိသားစုက ရွာနဲ့မနီးမဝေးမှာ ပြောင်းခင်းနဲ့ ကွမ်းခင်းတွေ စိုက်ပျိုးကြပါတယ်။ အဲဒီစိုက်ပျိုးခင်းမှာနေပြီးတော့ အစောင့်အနေနဲ့ သူတို့အိပ်နေကြတာပါ။ ဆို တော့ ကြသပတေးနေ့ကပေါ့ ည ၁၂ နာရီလောက်ရှိမယ်ထင်ပါတယ်။ အနီးအနားက ဘင်္ဂလီကျေးရွာဖြစ်တဲ့ ရှင်း တောင်ကျေးရွာက ကုလားတွေ အများကြီးဘဲ ၁၅ ယောက်လောက်ရှိမယ်ထင်ပါတယ်။ သတ်ဖို့လာကြတယ်။

ယောက်ျားဖြစ်တဲ့သူတွေကကုလား ဝင်လာတဲ့အသံကိုကြားလို့ သူတို့မိန်းမတွေကို ဒုံးဘွယ်ရွာကို ထွက်ပြေးခိုင်းလိုက်ပါတယ်။ မိန်းမတွေက ရွာသားတွေကို လိုက်ခေါ်နေ တုန်း ကုလားတွေက မျက်နှစ်ဖုန်းစွပ်ပြီး ကြိုးတွေနဲ့ချဉ်ပြီးတော့ ၀ိုင်းရိုက်ကြပါတယ်။ ရွားသားတွေလိုက်လာ တော့မှ ကုလားတွေက ထွက်ပြေးသွားကြပါတယ်။ ”
ဟု ဆွေမျိုးတစ်ဦးမှ ပြောပြသည်။

အကြမ်းဖက်ကုလားများ ရိုက်ချက်ကြောင့် သားဖြစ်သူ မောင်ရွှေသန်းမှာ နှခေါင်းရိုးကျိုးသွားပြီး အဖေဖြစ်သူ ဦးသာထွန်းမှာလည်း ကုလား များဝိုင်းရိုက်ချက်ဒဏ်ရာနှင့် ကြိုးချဉ်နှောင်ဒဏ်ရာများကြောင့် သတိ မေ့ကျန်ခဲ့ရာ ရွာသားများက မြောင်းဘွယ်ဆေးရုံးသို့ ပို့ပေးထားကြောင်း သိရသည်။ “ ဒဏ်ရာတွေက အင်မတန် ပြင်းပါတယ်။ လူတကိုယ်လုံးနာကျင်နေပါတယ်။ အခုတော့ မြောင်းဘွယ်ဆေးရုံမှာ အတွင်းလူနာ အဖြစ် ကုသခံနေရပါတယ်။ ” ဟု သားဖြစ်သူ မောင်ရွှေသန်း၏ မိန်းမကပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြောင်းဘွယ်ရဲစခန်းကို တိုင်ကြားထားပြီဖြစ်ကြောင်း သိရသည်။

No comments: