Tuesday, February 12, 2013

ပြည်လုံးကျွတ်ညီလာခံကို မတ်လမှာ ကျင်းပမယ်

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ​NLD ​ပါတီရဲ့ ​ပထမဆုံး ​နိုင်ငံလုံဆိုင်ရာ ​ညီလာခံကို ​မတ်လကျရင် ​ကျင်းပမယ်လို့ ​သိရပါတယ်။

မြန် ​မာ ​နိုင် ​ငံ ​မှာ ​ဖြစ် ​ပေါ် ​နေ ​တဲ့ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲ ​မှုတွေကို ​ပြန်လည် ​ဆန်းစစ်တဲ့အနေနဲ့ ​ပါတီဝင်တွေက ​မတ်လ ​၈ ​ရက်ကနေ ​၁၀ ​ရက် ​အ ​ထိ ​တွေ့ဆုံ ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

မြို့နယ်အသီးသီးက ​ကိုယ်စားလှယ်ပေါင်း ​၁၅၀၀ ​လောက် ​တက်ရောက် ​ကြမယ်လို့လည်း ​မျော်လင့်နေကြပါတယ်။

ဒီညီလာခံကို ​ပြီးခဲ့တဲ့ ​တပတ်ကတည်းက ​ကျင်းပဖို့ ​ရည်ရွယ် ​ခဲ့ကြပေမယ့် ​နှောင့်နှေးမှုတွေဖြစ်ခဲ့ပြီး ​မတ်လမှာ ​ကျင်းပကြတာ ​ဖြစ်ပါတယ်။

ဒီညီလာခံအတွင်း ​ပါတီရဲ့ ​ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တွေကို ​ရွှေးချယ်ကြမှာဖြစ်ပြီး ​ပါတီခေါင်းဆောင်ကိုလည်း ​ရွှေးချယ်ကြမှာ ​ဖြစ်ပါတယ်။

NLD ​ပါတီခေါင်းဆောင်အများစုဟာ ​သက်ကြီးသူတွေ ​များပြားတဲ့အတွက် ​မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေကို ​လိုအပ်နေတယ်လို့ ​မြင် တဲ့ သူတွေလည်း ​ရှိပါတယ်။

၂၀၁၅ ​ခုနှစ်ကျရင် ​ကျင်းပမယ့် ​အထွေထွေရွေးကောက်ပွဲအတွင်း ​အနိုင်ရဖို့အတွက် ​NLD ​အဖို့ ​စိန်ခေါ်မှုတစ်ခုဖြစ်နေပြီး ​ဒီရွှေးကောက်ပွဲဟာ ​မြန်မာအစိုးရအနေနဲ့ ​ဒီမိုကရေစီဆီကို ​ဘယ်လောက်အတိုင်းအ တာအထိ ​ဦးတည်ခွင့်ပေးမလည်းဆိုတာကိုလည်း ​တိုင်းတာမယ့် ​ရွှေးကောက် ပွဲအပြင်၊ ​အစိုးရပါတီဖြစ်တဲ့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ​စိတ်ခေါ်တဲ့ ​ရွှေးကောက်ပွဲ ​ဖြစ်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

No comments: