Tuesday, February 19, 2013

ပျောက်ဆုံးတဲ့ မြန်မာသင်္ဘောသားတွေ ရှာမတွေ့သေး

ABC

ဖိလိပိုင်နိုင်ငံ ​ရေပိုင်နက်အတွင်းမှာ ​နစ်မြုပ်သွားတဲ့ ​သင်္ဘော ပေါ် အတွင်း ​လိုက် ပါလာတဲ့ ​မြန်မာသင်္ဘောအမှုထမ်း ​၁၄ ​ဦးကို ​ရှာဖွေမှုတွေလုပ်ခဲ့ကြပေမယ့် ​မတွေ့ခဲ့ဘူးလို့ ​သိရပါတယ်။

MV ​Harita ​Bauxite ​ဟာ ​မြန်မာအလံ ​လွှင့်ထူထားတဲ့ ​သင်္ဘောလို့ ​ထင်ခဲ့ကြပေ မယ့် ​အမှန်မှာတော့ ​ပနားမားအလံလွှင့်ထူထားတဲ့ ​သင်္ဘောဖြစ်ပြီး ​အမှုထမ်း တွေ​အား​လုံး ​က ​မြန်မာ ​နိုင်ငံ ​သားတွေ ​ဖြစ်ကြကြောင်း ​မြန်မာနိုင်ငံ ​ပို့ဆောင် ​ညွန် ကြားရေးမှူး ​ဦးစီးဌာနက ​ပြောကြောင်း ​သိရပါတယ်။

သင်္ဘောအမှုထမ်း ​၉ ​ဦးကို ​ဖိလိပိုင်အာဏာပိုင်တွေက ​ကယ်တင်နိုင်ခဲ့ပြီး ​အဲဒီထဲ က ​၂ ​ဦး ​ဒဏ်ရာရရှိတဲ့အတွက် ​ဆေးကုသမှုတွေ ​ပေးနေတယ်လို့ ​သိရပါတယ်။

အားလုံးက ​အင်္ဂလိပ်စကားမတတ်ကြသူတွေဖြစ်တဲ့အတွက် ​နိုင်ငံခြားရေးရာဝန်ကြီးဌာနက ​အကူညီတွေပေးနေပြီး ​သူတို့ကို ​ပြန်လည်ပို့ဆောင်ရေးအတွက် ​မြန်မာသံရုံးနဲ့ ​ဆက်သွယ်လုပ်ထားပါတယ်။

ဖိလိပိုင်အာဏာပိုင်တွေ ​ကယ်တင်လိုက်သူတွေကတော့ ​အသက် ​၅၆ ​နှစ်အရွယ် ​အရာရှိ ​ဦးကြည်ဝင်း၊ ​အသက် ​၃၄ ​နှစ်အရွယ် ​ဦးခင်မောင် ဝင်း၊ ​အသက် ​၃၈ ​နှစ်အရွယ် ​ဦးအောင်ကျော်ခိုင်၊ ​အသက် ​၂၉ ​နှစ်အ ရွယ် ​အောင်သူငြိမ်း၊ ​အသက် ​၄၀ ​အရွယ် ​ဦးဝင်းစော၊ ​အသက် ​၃၀ ​အ ရွယ် ​ဝင်းမင်းသိန်း၊ ​အသက် ​၃၈ ​နှစ်အရွယ် ​အောင်စန်းဝင်း၊ ​၂၉ ​နှစ်အရွယ် ​သန့်ဇင်မိုးနဲ့ ​၅၃ ​နှစ်အရွယ် ​ဦးချိုအေးတို့ ​ဖြစ်ကြကြောင်းလည်း ​သိရပါတယ်။

သင်္ဘောရဲ့ ​စားဖိုမှူး ​ဦးမြင့်အောင်ကတော့ ​ရေနစ်သေဆုံးခဲ့ပြီး ​ပျောက်ဆုံးနေသူ ​၁၄ ​ဦးကိုတော့ ​ရှာမတွေ့သေးပါဘူး။


နှစ်လကြာ ​ပင်လယ်ထဲ ​မျောနေတုန်း ​သေဆုံးသူ ​၉၀ ​ကျော်ရဲ့ ​အလောင်းကို ​ရေထဲ ​ပစ်ချခဲ့လို့ ​အသက်ရှင်ကျန်သူတွေပြောပြ


ဘင်္ဂလား ​ပင်လယ်အော်ထဲမှာ ​နှစ်လကြာ ​မျောနေ ​ပြီး ​သီရိလင်္ကာရေတပ်က ​ကယ်ဆယ် ​ခဲ့တဲ့လှေပေါ်က ​အသက်ရှင်ကျန်ခဲ့ ​တဲ့ ​သူ တွေက ​သူတို့ ​နဲ့ပါလာသူ ​၉၈ယေက် ​လှေပေါ်မှာသေ ​ဆုံးခဲ့တဲ့ ​အတွက် ​ပင်လယ်ထဲကို ​ပစ်ချ ​ခဲ့ရတယ်လို့ ​ပြောပြခဲ့ပါတယ်။

သေဆုံးသွားတဲ့ ​၉၈ ​ဦးဟာ ​လှေပေါ်မှာ ​အစာရေစာ ​ငတ်ပြတ်မှုက ​နေ ​သေဆုံးသွားပြီးနောက် ​ပစ်ချခဲ့ရတာလို့ပြောပြပါတယ်။

ပြီးခဲ့တဲ့ ​စနေနေ့က ​သိရိလင်္ကာနိုင်ငံ ​က ​ရေတပ်က ​ပင်လယ်ထဲကနေ ​လူကြီး၃၁ ​ယောက်နဲ့ ​ကလေး ​တယောက် ​အားလုံးပေါင်း ​၃၂ ​ယောက် ကိုကယ်ဆယ်ခဲ့ပါတယ်။

လှေပေါ်လိုက်ပါလာသူတွေ ​ဟာ ​အစာရိက္ခာ ​တလ ​စာ ​သာ ​တင်ဆောင် ​လာတာဖြစ်ပြီး ​ပင်လယ်ထဲမှာ ​မျောနေတာ ​၂လ ​အထိကြာသွား ခဲ့ တာဖြစ်ပါတယ်။

လှေပေါ်ပါလာသူတွေ ​က ​သူတို့ ​ကို ​သူတို့ ​ဘင်္ဂလားဒေ့ရှ်-မြန်မာ ​နယ်စပ်က ​မူဆလင်တွေဖြစ်တယ်လို့ ​ဆို ​ကြပါတယ်။

အခုအချိန်မှာ ​၁၅ဦး ​ဟာ ​ဆေးရုံမှာ ​ရှိ ​နေဆဲဖြစ်ပြီး ​ကျန် ​၁၇ဦးကတော့ ​ဆေး ​ရုံ ​က ​ဆင်းပြီး၊ ​တရား ​မဝင်ရောက်ရှိမှု ​နဲ့ ​ထိန်သိမ်းခြင်း ​တရား ရုံး ​က ​အမှု ​ဖွင့် ​စစ်ဆေးမှုတွေ ​ခံနေရတယ်လို့ ​ဆိုပါတယ်။

ဖေဖွါရီ ​လဆန်း ​၂ ​ရက်နေ့ ​ကလဲ ​ဘင်္ဂလားဒဲရှ ​ရေတပ်က ​ဘင်္ဂလားဒဲရှ ​နိုင်ငံသား ​၁၂၇ ​နဲ့ ​မြန်မာ ​နိုင်ငံသား ​၁၁ ​ယောက် ​ကို ​နစ်မြုပ်သွားတဲ့ ​လှေတစီးကနေကယ်တင်ခဲ့တယ်လို့သိရ ​ပါတယ်။

No comments: