Sunday, February 17, 2013

မီးရှို့သူဟု စွပ်စွဲခံရသူအား မြို့နယ်တရားရုံးတွင် တရားစွဲဆိုထား

ဖဲဘူး

ကယား(ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့နယ် ဒေါဆော်ဖျရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် မီးရှို့သူ တရားခံဟုယူဆရသော ဦးမီရယ် အား ဒီးမော့ဆိုမြို့နယ် တရားရုံး တွင် အမှုစွဲတင် ထားလိုက်ပြီ ဖြစ် တယ်လို့ ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်စောသား လွင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အမှုစွဲတင်ထားကြောင်း ဦးမီရယ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း တ ရားလို၊ တရားခံ နှင့် သက်သေများကို စစ်ဆေးရန် လိုအပ်နေသေး ကြောင်း စခန်းမှူး ရဲအုပ်စောသားလွင်က ဆက်ပြောပါတယ်။

၎င်းမီးရှို့မှုမျိုးသည် ဥပဒေသတ်မှတ်ချက်အရ အပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက်တကျွန်း (သို့မဟုတ်) ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ်များ အထိ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့သည့်ဇန်န၀ါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သော ဒေါဆိုဖျကျေးရွာ မီးလောင်မှုတွင် ရွာတွင်းအိမ်ခြေ ၇၂ လုံးခန့် မီးလောင်ပျက်စီးသွားပြီး လူ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒေါဆိုဖျကျေးရွာသည် ဒေါတမကြီးကျေးရွာအုပ်စု အတွင်းတွင်ရှိပြီး အိမ်ခြေ ၁၂၈ လုံးနှင့် လူဦးရေ ၆၇၂ ဦးနေထိုင်ပါတယ်။

No comments: