Sunday, February 17, 2013

သမ္မတ နှင့် ထိပ်တန်းခေါင်းဆောင်များ ချင်းပြည်ရောက်ရှိ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အစိုးရထိပ်တန်းခေါင်ဆောင်မျး ယနေ့ည နေပိုင်း ၃ နာရီခန့်က ချင်းပြည်နယ်၏ မြို့တော် ဟားခါးကို ရောက်ရှိလာပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန် နှင့် အတူ ကာကွယ်ရေးစစ်ဦးစီးချူပ် ဒုတိယဗိုလ်ချူပ်မှူး ကြီး မင်းအောင်လှိုင်၊ ပြည် ထောင်စု အစိုးရမှ ကျန်းမာရေးဝန်ကြီး၊ ပညာရေး ၀န်ကြီး၊ လ၀က ၀န်ကြီး၊ သစ်တောဝန်ကြီး၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ၊ စစ် ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ် နှင့် တိုင်းရင်းသားအမတ် ၂ ဦးလည်းပါဝင်သည်ဟုသိရသည်။

သမ္မတ နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရဟတ်ယဉ် သုံးစီးဖြင့် စတင်ထွက်ခွါ လာခဲ့ပြီး နံနက်ပိုင်း ၉ နာရီခွဲတွင်တီး တိန် ကို ရောက်ရှိကာ ဌာနဆိုင်ရာအကြီးအကဲ များ နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ဖလမ်းမြို့သို့ဆက်လက်ထွက်ခွါပြီး ညနေပိုင်း ၃ နာရီတွင် ဟားခါးမြို့ကို ရောက်ရှိလာခြင်းဖြစ်သည်။

ထောင်နှင့်ချီသော ဒေသခံ လူထု က ရိုးရာဝတ်စုံများဝတ်ဆင်ကာ ၊ ချင်းရိုးရာအ ကများ နှင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ သည်ဟု ဟားခါးမြို့မှ ချင်းလူငယ်တဦးကပြောသည်။

“ ဟားခါးမြို့ ဂေါက်ကွင်းကနေ ပြည်ထောင်စုရိပ်သာအထိ လမ်းဘေးတဖက်စီမှာ ရိုးရာဝတ်စုံဝတ်ဆင်ပြီး၊ ရိုးရာအက တွေနဲ့ စည်စည်းကား ကား ကျနော်တို့ကြိုဆိုပါတယ်၊ လူထုအားလုံးကလည်း နိုင်ငံတော်အ လံကိုင်ဆောင်ပြီး သမ္မတ ကျန်းမာပါစေ အသက်ရှည်ပါစေဆိုပြီး ၀မ်း သာအားရနဲ့ကြိုဆိုကြပါတယ်’’ ဟု ၎င်းကပြောသည်။

သမ္မတ ဦးသိန်းစိန် နှင့် ထိပ်တန်းအစိုးရအဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ဌာန ဆိုင်ရာအကြီးအကဲများ၊ လူထုကိုယ်စားလှယ်၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကြမည်ဖြစ်သည်။

သမ္မတ နှင့် တွေ့ဆုံသည့်အချိန်တွင် ဟားခါးဒေသခံများမှ တောင်းဆိုမည့် ချင်းပြည်နယ် တခုလုံး လျှပ်စစ်မီးပုံမှန် ရရှိရေး၊ သောက်သုံးရေ ဖူ လုံရေး နဲ့ ဟားခါးမြို့ဒီကရီကောလိပ် ဖွင့်လှစ်ပေးရေးကိစ္စကို လူထုကိုယ်စားလှယ်များက တင်ပြသွား မည်ဟုသိရသည်။

နိုင်ငံတော်သမ္မတသည် ဟားခါးမြို့ပေါ်ရှိ နွားနောက်မွေးမြူရေးလုပ်ငန်း၊ လက်ဘက်စိုက်ပျိုးရေးခြံများကို သွား ရောက်ကြည့်ရှူမည်ဟုသိရ သည်။ ထို့နောက် ဟားခါးမြို့မှ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ဆက်လက် ထွက်ခွါသွားမည်ဟု သိရသည်။


သမ္မတ ဦးသိန်းစိန်သည် ယခင် စစ်အစိုးရခေတ် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်တွင် ချင်းပြည်နယ်ကို တကြိမ် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ယခုခရီးစဉ်သည် ၂၀၁၀ ခုနှစ် အစိုးရသစ်တက်လာပြီး သမ္မတ ရာထူး ရယူပြီးနောက်ပိုင်း ပထမဦးဆုံးခရီးစဉ်ဖြစ်သည်။

No comments: