Friday, February 8, 2013

ကချင်ဒုက္ခသည်တွေကို ကူညီပေးခွင့်ပြန်ရ

ABC

မြန်မာနိုင်ငံမှာ ​မြန်မာစစ်တပ်နဲ့ ​ကချင်တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေအကြား ​နှစ်ဖက်တိုက်ခိုက်မှုတွေ ​ဖြစ်ပွားချိန်ကစပြီး ​ပထမဆုံးအကြိမ်အဖြစ် ​မြန်မာအစိုးရက ​ကုလသမဂ္ဂကို ​လူသားချင်းစာ နာ ​ထောက်ထားရေး ​အကူအညီပေးဖို့ ​ကချင်ပြည်နယ်ထဲကို ​၀င်ခွင့်ပြုလိုက်တယ်လို့ ​ဗုဒ္ဓဟူးနေ့က ​တရားဝင်ကြေငြာလိုက်ပါတယ်။

ဒီကြေငြာချက်ဟာ ​မြန်မာအစိုးရနဲ့ ​ကချင် ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​အကြား ​ပြီးခဲ့တဲ့ ​တနင်္လာနေ့ ​သဘောတူညီချက်အရ ​ပဋိပက္ခကို ​အဆုံးသတ်ဖို့ ​အတွက် ​သဘောတူညီချက် ​ရပြီးတဲ့နောက်မှာ ​ထွက်ရှိ လာတာဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​ကုလသမဂ္ဂအထူးကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယား ​ကချင်ဒေသကို ​သွားရောက်လည်ပတ်ပြီးနောက် ​ထွက်ပေါ်လာတာလည်း ​ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားရေး ​အကူအညီပေးတဲ့အဖွဲ့ကို ​ကချင်ပြည်နယ်ကို ​ဝင်ခွင့်ပြုလိုက်ပြီလို့ ​သမ္မတပြောရေးဆိုခွင့်ရှိသူ ​ဦးရဲထွဒဋ်က ​တရားဝင်အတည်ပြုပြောကြားလိုက်ပါတယ်။

ဒီလိုအကူအညီ ​သွားပေးတဲ့နေရာမှာ ​ဘယ်သူတွေက ​ဒီအဖွဲ့ထဲမှာ ​ပါမလဲ၊ ​ဘယ်လိုဆောင်ရွက်မလဲ၊ ​လုံခြုံရေးအတွက် ​ဘယ်သူက ​ဘယ်လို ​တာဝန်ယူမလဲ ​ဆိုတာကိုတော့ ​ခုလောလောဆယ်မှာ ​ဆွေးနွေးနေဆဲဘဲ ​ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဒီဇင်ဘာလ ​နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ​- ​ပထမဆုံးအကြိမ်အဖြစ် ​အကူအညီပေးနိုင်တာဟာ ​အင်မတန်ထူးခြားတိုးတက်တဲ့ပြောင်းလဲမှုတစ်ခု ​ဖြစ်တယ်လို့ ​ကုလသမဂ္ဂ ​ပြောရေးဆိုခွင့်ရှိသူ ​ကိုအေးဝင်းက ​ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ ​ကချင်ပြည်နယ်ကိုအကူအညီပေးခဲ့တာဟာ ​ဂျူလိုင်လနောက်ဆုံးဘဲဖြစ် ​ပါတယ်။

No comments: