Monday, February 11, 2013

မြန်မာ သတင်းသမားတွေရဲ့ အီးမေးလ် ဟက်ခ် hack ခံရလို့ဆို

ABC

မြန်မာနိုင်ငံအကြောင်း ​သတင်းတွေရေးနေတဲ့ ​သတင်းသမားတချို့ကို ​ဂူးဂယ်လ် ​Google ​ကုမ္ပဏီကနေ ​စာရေးလာပြီး ​(state-sponsored ​attackers) ​အစိုးရက ​ထောက်ပံ့ ထားတဲ့ ​အဖွဲ့ကနေ ​သူတို့ရဲ့ ​အီးမေး လ်ကို ​ဟက်ခ် ​Hack ​လုပ်ထားတာ ​ခံရနိုင်တယ်ဆိုပြီး ​သတိပေးစာ ​ပေးပို့ထားတယ်လို့ ​သိရပါတယ်။

အီးမေးလ်ဟက်ခ် ​အလုပ်ခံရနိုင်တယ်လို့ ​သတိပေးစာပေးပို့ခံရသူတွေထဲမှာ ​Eleven ​Media ​က ​သတင်း ​သမားတွေ၊ ​မြန်မာနိုင်ငံ ​အကြောင်း တွေကို ​စာအုပ်ထုတ်ဝေခဲ့ပြီး ​တိုင်းရင်းသားအရေးမှာ ​ကျွမ်းကျင်သူ ​Bertil ​Lintner ​နဲ့ ​အေပီ ​သတင်းထောက်တွေ ​ပါဝင်ပါတယ်။

နိုင်ငံတော် ​အစိုးရက ​ထောက်ပံ့ထားတဲ့ ​အဖွဲ့ကနေ ​တိုက်ခိုက်တာကို ​ခံရတယ်လို့ ​ယူဆရသူတွေကို ​ဂူးဂယ်လ်က ​သတိပေးစာပို့လေ့ရှိပြီး ​ဒီကိ စ္စမှာတော့ ​နိုင်ငံတော်က ​ထောက်ပံ့ထားတဲ့ ​အဖွဲ့ရဲ့ ​လက်ချက်ဟုတ် မဟုတ်နဲ့ ​ဘယ်အစိုးရကနေ ​တိုက်ခိုက်သလဲဆိုတဲ့ ​အသေးစိတ် ​အချက် အလက် ​တွေကိုတော့ ​မဖော်ပြနိုင်ဘူးလို့ ​တိုကျိုမြို့အခြေစိုက် ​ဂူးဂယ်လ်ကုမ္ပဏီက ​နယူးယောက်ထိုင်းစ် ​သတင်းကို ​ပြောခဲ့ပါတယ်။

မကြာသေးခင်ကပဲ ​Eleven ​Media ​နဲ့ ​The ​Voice ​Weekly ​သတင်းဂျာနယ် ​ဝဘ်ဆိုက်တွေ ​ဟက်ခ်လုပ်ခံရပြီး ​ဖေ့စ်ဘွတ်စာမျက်နှာပါ ​တိုက် ခိုက်ခံခဲ့ရတဲ့အတွက် ​ပိတ်ချခဲ့ရတာတွေလည်းရှိခဲ့တယ်လို့ ​ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​စစ်သတင်းကို ​ဖော်ပြမှုကြောင့် ​တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့လည်း ​တချို့က ​ပြောနေကြတယ်လို့ ​ဆိုပါတယ်။

မြန်မာစစ်တပ်ကနေ ​ကချင်တပ်ကို ​လေယာဉ်နဲ့ ​တိုက်ခိုက်တယ်ဆိုတဲ့ ​သတင်းကို ​အရင်ဦးဆုံး ​ဖော်ပြတဲ့ ​သတင်းဌာနတွေထဲမှာ ​Eleven ​Media ​လည်းပါဝင်ပြီး ​ဒါကို ​အစိုးရက ​ငြင်းဆိုခဲ့ပါတယ်။ ​ဒါပေမယ့် ​နောက်ပိုင်းမှာ ​ဓာတ်ပုံသက်သေတွေ ​ထွက်ပေါ်လာပြီးနောက် ​ငြင်းဆိုမှုကို ​ရပ်တန့်ခဲ့ပါတယ်။

ဒီလိုဖော်ပြမှုကြောင့် ​မြန်မာစစ်တပ်က ​အတော်လေး ​ဒေါသထွက်တယ်ဆိုတာကို ​ကြားသိခဲ့ရတယ်လို့လည်း ​Eleven ​Media ​ရဲ့ ​အကြီးအကဲ တစ်ဦးကပြောပြီး ​ဒီ ​ဟက်ခ်လုပ်ခံရတဲ့ ​ကိစ္စမှာ ​စစ်တပ်ပါဝင်တယ်လို့ ​ပြောဖို့ ​စောနေသေးတယ်လို့လည်း ​ပြောပါတယ်။

သတိပေးစာပေးပို့ခံရတဲ့ ​Bertil ​Lintner ​ကလည်း ​ကချင်တပ်ကို ​လေယာဉ်နဲ့ ​တိုက်ခိုက်တယ်ဆိုတာ ​နိုင်ငံတော်ရဲ့ ​ထိပ်သီးလျို့ဝှက်ချက်ဖြစ် နေတယ်လို့ ​ပြောပါတယ်။ ​အဲဒါ့အပြင် ​မြန်မာစစ်တပ်ဟာ ​အင်တာ နက်အွန်လိုင်းကနေတဆင့် ​တိုက်ခိုက်မှုတွေလုပ်တာကို ​ရုရှားနိုင်ငံဆီက ​သင်တန်းတွေ ​ရထားတယ်လို့လည်း ​နယူးယောက်ထိုင်းစ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

No comments: