Wednesday, February 20, 2013

Spitfire လေယာဉ်ကို ဆက်လက်ရှာဖွေမယ်လို့ဆို

ABC

ဒုတိယ ​ကမ္ဘာစစ်အပြီးက ​မြန်မာနိုင်ငံမှာ ​မြှုပ်နှံထားခဲ့တယ်လို့ ​ယူဆရတဲ့ ​ဗြိတိသျှ ​စပစ်ဖိုင်းယား ​တိုက်လေယာဉ်တွေ ​ရှိနိုင်တယ်လို့ ​ယူဆရတဲ့ ​မင်္ဂလာဒုံလေဆိပ်နားက ​နေရာ ​၂ ​နေရာကို ​မြေအောက်ရေဒါတိုင်း တာရေး ​ပညာရှင်တွေအကူအညီနဲ့ ​စမ်းသပ်ရှာဖွေသွားမယ်လို့ ​ယင်းယာဉ် တွေကို ​ဦးဆောင် ​ရှာဖွေနေတဲ့ ​မစ္စတာ ​ဒေးဗစ်ကန်ဒဲက ​ဖေဖေါ်ဝါရီလ ​၁၉ ​ရက်နေ့က ​ရန်ကုန်မြို့ ​ပါ့ခ်ရော်ယယ် ​ဟိုတယ်မှာ ​ကျင်းပတဲ့ ​သ တင်းစာရှင်းလင်းပွဲမှာ ​ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ​အဓိကနေရာ ​၂ ​နှစ်ရာကို ​တွေ့ထားပါတယ်။ ​စပစ်ဖိုင်းယားတွေ ​ရှိတယ်လို့တော့ ​မပြောပါဘူး။ ​ဒါပေမယ့် ​ဖြစ်နိုင်ခြေတော့ ​ရှိပါ တယ်။ ​ကျွန် ​တော် ​တို့ ​မြေ အောက် ​ရေဒါတိုင်းတာရေး ​ကျွမ်းကျင်သူတွေ ​လာမှာကို ​စောင့်နေပါတယ်။ ​အဲဒီနေရာဟာ ​မျက်မြင် ​သက်သေတွေ ​က ​လည်း ​မြှုပ်နှံ ​ထားတဲ့ ​နေရာလို့ ​ပြောတဲ့နေရာနဲ့ ​အတူတူပါပဲ။”

လာမယ့် ​၂ ​ပတ်၊ ​၃ ​ပတ်အတွင်းမှာ ​အဖြေကို ​ထုတ်ပြန်နိုင်ဖို့မျှော်လင့်တယ်လို့လည်း ​မစ္စတာ ​ကန် ​ဒဲ ​က ​ပြော ​ပါတယ်။ ​မစ္စတာ ​ဒေးဗစ်ကန်ဒဲနဲ့အဖွဲ့ဟာ ​ဒီဇင်ဘာလ ​၁၂ ​ရက်နေ့က ​စတင်ပြီး ​တိုက် ​လေ ​ယာဉ် ​တွေ ​မြှုပ်နှံထားတဲ့ ​နေရာကို ​ရှာဖွေဖို့ ​မြစ်ကြီးနား ​လေတပ်စခန်း ​တစ်ခုမှာ ​လေ့လာစမ်းစစ်မှု ​လုပ်ခဲ့ပါတယ်။ ​ဒါပေမယ့် ​လက်တွေ့ ​တူးဖော်လိုက်တဲ့အခါမှာတော့ ​တိုက်လေယာဉ်ထည့်ထားတဲ့ ​သေတ္တာ ​မဟုတ်ပဲ ​အမှိုက် ကျင်းကြီး ​တစ်ခုသာ ​ဖြစ်နေခဲ့ပါတယ်။

မစ္စတာ ​ကန်ဒဲနဲ့အဖွဲ့ကို ​တိုက်လေယာဉ်တွေ ​တူးဖော်ဖို့အတွက် ​ငွေထုတ်ပေးခဲ့တဲ့ ​အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခု ​ဖြစ်တဲ့ ​Wargaiming ​ကတော့ ​မြန်မာနိုင်ငံမှာ ​စပစ်ဖိုင်းယားတွေ ​မြှုပ်နှံထားတာ ​မရှိဘူးဆိုပြီး ​ဇန်န၀ါရီလ ​လယ်က ​စပြီး ​ရုပ်သိမ်းသွားပါတယ်။ဒါပေမယ့် ​မစ္စတာ ​ကန်ဒဲက တော့ ​မြန်မာနိုင်ငံမှာ ​စပစ်ဖိုင်းယားတွေရှိတယ်ဆိုတာ ​ယုံကြည်ကြောင်း၊ ​တူးဖော်ရေးလုပ်ငန်းကိုလည်း ​ဆက်လက် ​ဆောင်ရွက်သွား မှာ ​ဖြစ် ကြောင်း ​ပြောပါတယ်။

“မင်္ဂလာဒုံမှာ ​စပစ်ဖိုင်းယားတိုက်လေယာဉ်တွေကို ​မြှုပ်နှံထားတယ်ဆိုတဲ့ ​ကောလဟလတွေ ​ရှိတယ်ဆိုတာ ​၀န်ခံတယ် ​ဆိုတဲ့ ​ဗြိတိသျှအစိုးရရဲ့ ​စာ ​ကျွန်တော့်မှာ ​ရှိပါတယ်။ ​ဒါပေမယ့် ​ကျွန်တော် ​၁၅ ​နှစ်လောက် ​ရှာဖွေနေတဲ့ ​တရားဝင်မှတ်တမ်းမျိုးတော့ ​မရှိပါဘူး။ ​ဒါပေမယ့် ​ကျွန်တော် ​မျက်မြင်သက်သေ ​၈ ​ယောက်ကို ​တွေ့ဆုံ ​မေးမြန်းခဲ့ပါတယ်။ ​သူတို့ ​အမှန်အတိုင်းပြောတယ်ဆိုတာ ​ကျွန်တော်သိတယ်။ ​သူတို့ ​စစ်အတွင်းက ​ဒါမှမဟုတ် ​စစ်အပြီးမှာ ​ဒီမှာ ​နေခဲ့ကြတယ်။"

စပစ်ဖိုင်းယားလေယာဉ်တွေ ​တူးဖော်ရေးအတွက် ​နားလည်မှုစာချွန်လွှာကို ​မြန်မာ ​အစိုးရနဲ့ ​အောက်တိုဘာလ ​၂၀၁၂ ​ခုနှစ်က ​ရေးထိုးခဲ့ပါ တယ်။

အဲဒီ ​သဘောတူညီချက်အရ ​လေယာဉ်တွေ ​ရှာဖွေ ​တူးဖော်တွေ့ရှိခဲ့ရင် ​မြန်မာအစိုးရကို ​၅၀ ​ရာခိုင်နှုန်းပေးရမှာ ​ဖြစ်ပြီး ​မစ္စတာ ​ကန်ဒဲက ​၃၀ ​ရာခိုင်နှုန်းယူ ​မှာ ​ဖြစ်ပါတယ်။ ​ကျန်တဲ့ ​၂၀ ​ရာခိုင်နှုန်းကိုတော့ ​မြန်မာ ​ပါတနာ ​ဖြစ်တဲ့ ​ရွှေတောင်ပေါ်ကုမ္ပဏီက ​ရမယ့်အကြောင်း ​ရေဒီယို သြ စတြေးလျသတင်းထောက် ​ကိုလူလှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: