Wednesday, February 20, 2013

အစိုးရတပ် SSA နယ်မြေအတွင်း ဝင်ရောက်လို့ တိုက်ပွဲဖြစ်

ကော့လီ

တန့်ယန်းမြို့နယ် တောင်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ် မ တော် (SSPP/SSA) အခြေစိုက်ရာ လှုပ်ရှားခွင်အတွင်းကို အစိုးရ တပ်မ တော် စစ်ကြောင်းများ ဝင်ရောက်လာလို့ ဒီကနေ့ ညနေပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။

တန့်ယန်းမြို့နယ် မိုင်းကောင် ကျေးရွာ တောင်ဘက် ၇ မိုင်အကွာလောက်က ငါးမိုင်ခြောက်မိုင် စခန်းမှာ အခြေစိုက်တဲ့ အစိုးရတပ်ဖွဲ့က အင်အား တစ်ရာခန့်ဟာ ကောင်း ခန်းရွာ အနီးပတ်ဝန်းကျင်က ရှမ်းပြည် တပ် မတော် ထိန်းချုပ်ရာ လှုပ်ရှားခွင် ဒေသဖြစ်တဲ့ ပန်နမ့်မာခွင်ကို ဝင်ရောက်လာတဲ့အတွက်ကြောင့် ဒီ ကနေ့ ညနေ ၃ နာရီခွဲလောက်ကနေ့ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ ရာ ညနေ ၆ နာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။


ငါးမိုင်-ခြောက်မိုင်စခန်းမှာ အခြေစိုက်တဲ့ အစိုးရတပ်ဟာ လောက်ကိုင် ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၃၂၂) ခြေမြန်တပ်ရင်းဖြစ်ပြီးတော့ ရှမ်းပြည် တပ်မတော် တပ်မဟာ(၃၆) တပ်ရင်း(၁၉၉) တပ်ဖွဲ့များနဲ့ အဆိုပါ ပန်နမ့်မာခွင်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲရဲ့ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေကိုလည်း အခုထိ မသိရသေးပါဘူး။

ပြီးခဲ့ရက်ပိုင်းအတွင်းကလည်း အဆိုပါဒေသဘက်မှာ အစိုးရ တပ်မတော် စစ်ကြောင်းများ အကြိမ်ကြိမ် ထိုးဖောက်ဝင်ရောက်နေရာ ထိတွေ့မှုမရှိခဲ့ဘဲ တစ်ခေါက်မှာတော့ ရှမ်းပြည်တပ်မတော်ဘက်က ထောင် ထားတဲ့ မိုင်းပေါက်ကွဲလို့ ထိခိုက်မှုများရှိပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ သေး တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေ အတန်ငယ် ရပ်ဆဲသွားခဲ့ပြီးနောက် ရှမ်းပြည်နယ်ဘက်မှာ ပထမဦးဆုံး ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လည်း ဖြစ်ပါတယ်။

No comments: