Friday, February 15, 2013

၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တိုင်းရင်းသားတွေကို ကိုယ်စားမပြုလို့ UNA ပြော

ABC

မြန်မာနိုင်ငံရဲ့ ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ​မြန်မာနိုင်ငံတိုင်းရင်းသားကိစ္စတွေကိုဖြေရှင်းနိုင်မယ့် ​အခြေအနေမရှိဘူးလို့ ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​မဟာမိတ်အဖွဲ့ ​(UNA) ​က ​ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ​ကျင်းပတဲ့ ​၆၆ ​ကြိမ်မြောက် ​ပြည်ထောင်စုနေ့မှာ ​ထုတ်ပြန်လိုက်တာဖြစ်ပြီး ​မြန်မာနိုင်ငံက ​တိုင်းရင်းသားပြဿနာဖြေရှင်းဖို့အ တွက် ​ဖွဲ့စည်းပုံအခြေခံဥပဒေကို ​ပြင်ဆင်ရုံသာမက ​ပြန်လည်ရေးဆွဲဖို့တောင် ​လိုတယ်လို့ ​ပြောပါတယ်။

အဲ့ဒါ့အပြင် ​စစ်မှန်တဲ့ ​ဖက်ဒရယ်စနစ်ကိုကျင့်သုံးဖို့၊ ​ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ​ချုပ်ငြိမ်းဖို့အတွက် ​နိုင်ငံရေး ​အဖွဲ့အစည်းအားလုံး ​ပါဝင် ​တက်ရောက်နိုင်တဲ့ ​ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတရပ် ​အစိုးရကနေ ​ခေါ်ယူကျင်းပဖို့အတွက်လည်း ​UNA ​အဖွဲ့က ​တိုက်တွန်းခဲ့ကြပါ တယ်။ ​UNA ​အဖွဲ့ထဲမှာ ​ရှမ်း၊ ​ကရင်၊ ​ရခိုင်၊ ​ချင်း ​အစရှိတဲ့ ​တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ​ဖွဲ့စည်းထားတဲ့ ​အဖွဲ့ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​တိုင်းရင်းသားအဖွဲ့တွေက ​ပင်လုံစာချုပ်လိုပဲ ​၂၁ ​ရာစု ​ပင်လုံညီလာခံမျိုး ​လိုလားနေတဲ့အတွက် ​ဒုတိယပင်လုံညီလာခံ ပေါ် ပေါက်လာအောင် ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​အနေနဲ့ ​ကူညီဆောင်ရွက်သွားမယ်လို့ ​NLD ​က ​ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်မနဲ့ ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​တိုင်းရင်းသားနယ်မြေတွေ ​ပူးပေါင်းပြီး ​လွှတ်လပ်ရေးယူဖို့အတွက် ​သဘောတူခဲ့တဲ့ ​ပင်လုံစာချုပ်ကြောင့် ​ပြည်ထောင်စုနေ့ ​ဖြစ်ပေါ်လာတာဖြစ်ပေမယ့် ​ဗိုလ်ချုပ်အောင်ဆန်း ​လုပ်ကြံခံရပြီးနောက်ပိုင်း ​တက်လာတဲ့ ​အစိုးရတွေက ​ပင်လုံစာချုပ်ရဲ့ အနစ် သာရဖြစ်တဲ့ ​တန်းတူညီမျှရေးနဲ့ ​ဖက်ဒရယ်စနစ်တည်ထောင်ရေးကို ​အသိအမှတ်မပြုတဲ့အတွက် ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေ ​ပေါ်ပေါက်လာခဲ့တာ ​ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ​ဒုတိယပင်လုံစာချုပ် ​ထွက်ပေါ်လာတာကို ​လိုလားနေတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​စည်းလုံးညီညွတ်ရေးအတွက် ​ပင်လုံညီလာခံ ​ဖြစ်ပေါ်လာအောင်နဲ့ ​ကချင်ဒေသ ​ပြဿနာဖြေရှင်းရာမှာ ​ကြားဝင်ဆောင်ရွက်ပေး နိုင် တယ်လို့လည်း ​ဒေါ်အောင်ဆန်းစုကြည်က ​ဗီဒီယိုကနေတဆင့် ​ပြည်ထောင်စုနေ့ ​အခမ်းအနားမှာ ​ပြောလိုက်ပါတယ်။

No comments: