Friday, February 15, 2013

မြန်မာနဲ့ UNFC တွေ့ဆုံပွဲကို ဂျပန်က သက်သေလုပ်မယ်

ABC

သမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးအဖွဲ့နဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ​စုပေါင်းထားတဲ့ ​UNFC ​အဖွဲ့တို့ ​ဖေဖော်ဝါရီလ ​၂၀ ​ရက်နေ့မှာ ​ဆွေ့ဆုံတဲ့အခါ ​ဂျပန် ​နိုင်ငံ အစိုးရကိုယ်စား ​ဂျပန်နိုင်ငံက ​နိပွန်ဖောင်ဒေးရှင်းက ​အသိသက်သေအဖြစ် ​ဆောင်ရွက်သွားမယ်လို့ ​သိရပါ ​တယ်။

ညီညွှတ်သောတိုင်းရင်းသားများ ​ဖက်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့နဲ့ ​အစိုးရအဖွဲ့ကြားမှာ ​အရင်က ​အလွတ်သဘော ​တကြိမ်တွေ့ဆုံခဲ့ပြီးနောက် ​ခုအခါမှာ ​ပထမဆုံးအနေနဲ့ ​တရားဝင်တွေ့ဆုံကြမှာ ​ဖြစ်ပါတယ်။ ​ဒီဆွေးနွေးဟာ ​နိုင်ငံရေးအရ ​တွေ့ ​ဆုံဆွေးနွေး​ပွဲ ​တွေ ​ဖြစ်ပေါ်လာရေး အ တွက် ​အကြိုညှိနှိုင်းပွဲဖြစ်တယ်လို့ ​UNFC ​ပြောရေးဆိုခွင့်ရှိသူ ​ဗိုလ်မှူးကြီး ​ခွန်ဥက္ကာက ​ပြောပါတယ်။

ကျနော်တို့ ​နောက်ဆုံးအတည်ပြုတဲ့ရက်ကတော့ ​၂၀ရက်နေ့ပဲခင်ဗျ၊ ​အဓိကတော့ ​တစုတပေါင်းထဲဆွေးနွေးပြီး ​တော့ ​နိုင်ငံရေးအရ ​တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် ​အကြိုညှိနှိုင်းပွဲဆိုတော့ ​ဂျပန်နိုင်ငံရဲ့ ​နိပွန်ဖောင်ဒေးရှင်းပေါ့ ​ဒီဖောင်ဒေးရှင်းရဲ့ ​ဥက္ကဌကြီးကတော့အသိသက် သေပါဖို့ ​နှစ်ဘက်စလုံးက ​သဘောတူ ​ပါတယ်ခင်ဗျ။

မြန်မာအစိုးရကိုယ်စားလှယ်နဲ့ ​ပဏာမတွေ့ဆုံဆွေးနွေးမှုအတွင်း ​UNFC ​အဖွဲ့ဝင် ​တဖွဲ့ချင်းနဲ့ ​မဆွေးနွေးပဲ ​UNFC ​အနေနဲ့သာဆွေးနွေးဖို့ ​နိုင် ငံရေးနည်းနဲ့ ​သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ ​ပြောပါတယ်။ ​UNFC ​ဟာ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ​၁၁ ​ဖွဲ့နဲ့ ​ဖွဲ့စည်း ထား တဲ့ ​အဖွဲ့ဖြစ်ပါတယ်။

ဒီတကြိမ်တွေ့ဆုံတဲ့နေရာမှာ ​နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာနိုင်ဖို့ ​အချက် ​၄ချက်ကို ​ဆွေးနွေးသွားဖို့ရှိ ​တယ်လို့လည်း ​ဦးခွန်ဥက္ကာက ​ဆက်ပြောပါတယ်။

ပဏာမအကြိုညှိနှိုင်းပွဲမှာ ​နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် ​၄ခုရှိတာပေါ့ ​အဲဒီမှာ ​လမ်းစကတော့ ​မူတွေဘောင်တွေ ​ချမှတ်မှာပေါ့၊ ​နောက်ပြီးတော့ ​ဘယ်နှစ်လကြာမလဲ၊ ​ဘယ်နှစ်နှစ်ကြာမလဲ ​၊ ​ဘယ်လို သွားမလဲ ​ဒါကိုဆွဲမယ်၊ ​နောက်တခါ ​အာဂျင်ဒါတွေကို ​ကျနော်တို့သတ်မှတ်မယ်၊ ​ပြီးတော့ ​နိုင်ငံရေးဆွေးနွေးပွဲကြီး ​တကယ်စရင်တော့ ​အထောက်အကူပြုတဲ့အဖွဲ့တွေ ​သူ့ဘက်ကိုယ့်ဘက်ဖွဲစည်းပြီး ​ဆွေးနွေးပွဲ ကိုဆက်လက် ​ချီတက်နိုင်ဖို့ ​ပြင်ဆင်တဲ့ဟာ ​အဲဒါကိုကျနော်တို့ ​ဒီပွဲမှာချကြည့်မယ့်သဘောပါ။

တိုင်းရင်းသားဒေသမှာ ​လူသားချင်းစာနာတဲ့အကူအညီတွေပေးနေတဲ့ ​ဂျပန်နိုင်ငံကနိပွန်ဖောင်ဒေးရှင်းဟာ ​မွန်၊ ​ပအို့၊ ​ကရင်၊ ​ကချင်နဲ့ ​ပ လောင်ဒေသတွေကို ​ဆန်နဲ့ ​ဆေး ​အကူအညီတွေပေးနေပြီး ​ကျန်တဲ့ ​ချင်း၊ ​ရခိုင်၊ ​ရှမ်းနဲ့ ​ကရင်နီဒေသတွေကို ​အကူအညီဆက်လက်ပေးသွား မှာ ​ဖြစ်တယ်လို့လည်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: