Thursday, July 11, 2013

စစ်တပ်မှအသွင်ပြောင်း ရဲကို ဥပဒေပေးကိုင်ရင် လူထုအသက်အိုးအိမ်စည်းစိမ်အန္တရာယ်ရှိလာ

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရဲမှုထမ်းဟောင်းတစ်ဦး

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှ အသွင်ကူးပြောင်းလာကြပြီး ဘုမသိ ဘမသိတဲ့ အကြီး အကဲ များ၏ လက်အောက်တွင် အလုပ်လုပ်နေရသော သိကျွမ်းနားလည်သည့် အခြားဝန်ထမ်းများ သိစေရန်အတွက် ရည်ရွယ်ပါတယ်။

လက်အောက်တပ်ဖွဲ့ဝင်များအပေါ် ခြိမ်းခြောက် လာဘ်ငွေတောင်းသူ တပ်မတော်မှရဲတပ်ဖွဲ့သို့ အသွင် ကူး ပြောင်း တာဝန်ထမ်းဆောင်နေသူ တရားခံ ရဲမှူးကြီး ကျော်ခိုင်ဦးအား တပ်မတော်မှ ပြည်ထဲရေးသို့ အသွင် ကူးပြောင်းလာသူ နိုင်ငံတော်အဆင့်အကြီးအကဲ(၄င်း၏ဆရာ့ဆရာ)များက ကာကွယ်လိုသော ကြောင့် သက်သေ ရဲတပ်ဖွဲ့များအား တရားခံအဖြစ်ပြောင်းလဲ၍ အကြိမ်ကြိမ်အရေးယူလျှက် ရှိနေပါ တယ်။

မြန်မာနိုင်ငံတွင် ဘယ်ဥပဒေမှာမှမရှိသေးသော အရေးယူမှုသစ် တစ်ခုပေါ်ပေါက်နေတယ်ဆိုတာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများသိစေလို တဲ့အတွက် အခုလိုကြားကနေ ဝင်ပြီး အမှန်တရား ဘက်ရပ်တည် လိုက် ရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စကို ဖတ်ကြည့်ပြီးရင် အမှန်တရားကို ချစ်မြတ်နိုးသူတိုင်း ကျနော့်လိုဘဲ မခံမရပ်နိုင်ဖြစ်ကာ အမှန်တရားဘက်က ရပ်တည်နိုင်ကြမယ်လို့ ထင်ပါတယ်။

29.6.2013 ရက်နေ့က သျှမ်းသံတော်ဆင့် ပေးစာကဏ္ဍမှာ ကျနော် ဖတ်လိုက်ရတဲ့ ရဲမှူးကြီး ကျော်ခိုင်ဦး နှင့်ဇနီး လက်အောက်တပ်ဖွဲ့ဝင်များအပေါ် လာဘ်ငွေတောင်းခံသည့်ကိစ္စနှင့် ပတ်သက်ပြီး သက်သေ တပ်ဖွဲ့ ၀င်များအား အရေးယူခံရခြင်း အကြောင်းအရာများဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်သွား ပြီဖြစ်သည့် ကျနော့် အတွက် ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တပ်မတော်မှ အသွင်ကူးပြောင်းလာကြသည့် အထက်ပိုင်းက ပြည်ထဲရေး ဝန်ကြီး၊ ရဲချုပ်၊ တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူးများဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေပညာရပ် များ ထက် ညှိခြင်း၊ ညှင်းခြင်း၊ ညှစ်ခြင်း၊ ညစ်ခြင်းဆိုတဲ့ (ည)(4)လုံး ပညာရပ်များကိုသာ ပိုင်နိုင်စွာလေ့ လာ နေကြတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပျက်စီးသွားပါပြီ။ တပ်မတော်မှရဲတပ်ဖွဲ့သို့ အသွင်ကူး ပြောင်း လာရတဲ့ ရည်ရွယ်ချက် က ပိုက်ဆံလာရှာမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသွင်ကူးပြောင်းလာ ကြတဲ့အတွက် ပိုက်ဆံရမယ်ဆိုရင် ဘယ်လိုဥပဒေမျိုးကိုမဆို ချိုးဖျက်ဖို့ဝန်မလေးကြပါဘူး။

၎င်းတို့ကောင်းကျိုးချမ်းသာအတွက်၊ သူတစ်ဖက်သားအပေါ် မနာလို မရှုစိတ်များအား လက်တုံ့ပြန်လို ဖို့အတွက် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းကလိုဘဲ စာအုပ်ထဲက ဥပဒေဟာ မရှိတော့ဘဲ အာဏာအလွဲသုံးပြီး ၄င်းတို့ပါးစပ်ထဲကထွက်လာတာကိုသာ ဥပဒေလို့ ကျင့်သုံး နေတာဟာ ဥပဒေကို နား လည် တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာတော့ လှောင်စရာဖြစ်နေတယ်ဆိုတာ သူတို့ မသိကြပါဘူး။

အခု လက်အောက်တပ်ဖွဲ့ဝင်များအပေါ် ငွေညစ်လာဘ်ငွေတောင်းခံတဲ့ ရဲမှူးကြီး ကျော်ခိုင်ဦးကိုတော့ စားကွက် ကျယ်တဲ့ အကျဉ်းဦးစီးမှာ ညွှန်ကြားရေးမှူးရာထူးယူပြီး ၄င်းကိစ္စအား သက်သေအဖြစ် အစစ်ခံရတဲ့ တပ်ဖွဲ့ဝင် များကိုတော့ ဦးကျော်ခိုင်ဦး လာဘ်ယူတာကို ဖော်လို့ အကြိမ်ကြိမ်အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်တယ်၊ ငွေကုန်ကြေးကျတွေများအောင်၊ စိတ်သောကရောက်အောင်ဆိုပြီး (2)နှစ် ကျော်ကြာ ဝေးလံခေါင်ဖျားတဲ့ သျှမ်းပြည်နယ်(အရှေ့ပိုင်း)ကနေ နေပြည်တော်ထိ ရက်ရှည်ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ဒါ့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဘယ်တပ်ဖွဲ့ဝင်တွေမှ မလာချင်တဲ့ မြန်မာနိုင်ငံအစွန် အဖျား သျှမ်းပြည်နယ်(အရှေ့ပိုင်း)ကနေ ရဲတပ်ရင်းများ၊ ချင်း၊ ကယား၊ ရခိုင် စသည့်နေရာများကို ပြောင်းရွှေ့ တာဝန်ချထားတယ်။ အဲ့ဒီသက်သေတွေကို အခုလိုပြင်းပြင်း ထန်ထန် အကြိမ်ကြိမ်အပြစ်ပေးအရေးယူရတဲ့ အကြောင်းအရာက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ထုတ်ပြန်ပေးပို့တဲ့အမိန့်မှာ ရဲမှူးကြီး ကျော်ခိုင်ဦးနှင့် ဇနီးအား ဝါဆိုလပြည့်၊ နှစ်ဆန်း(၁) ရက်ကဲ့သို့ နေ့ကြီးရက်မြက်များတွင် သွားရောက်ကန်တော့ သော အောက်ပါတပ်ဖွဲ့ဝင်များ အား(သက် သေတပ်ဖွဲ့ဝင် 20 ဦး) နောက်နောင်ဤကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေ ရန်အတွက် သျှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူး၏ အပြစ်ဖော်ပြ မှတ်တမ်းဝင်သတိပေးလက်မှတ်ရေးထိုးရန် ဆိုတဲ့ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှာ မှမရှိဘူးတဲ့ အရေးယူဆောင်ရွက်မှုဟာ အရေးယူသူဟာ မြန်မာနိုင်ငံက ဥပဒေကို လက်ကိုင်ထား မြန်မာ နိုင်ငံရဲတပ်ဖွဲ့က အကြီးဆုံးတွေဆိုတာ ပြည်သူတွေနဲ့တပ်ဖွဲ့ဝင်တွေက သိသွားခဲ့ရင် ဆိုတဲ့အတွေး သူတို့ မှာမရှိဘူး။ မြန်မာနိုင်ငံသူ/သားတွေဟာ အ နေတာမဟုတ်ပါဘူး၊ တပ်မတော်အစိုးရရဲ့ မြန်မာနိုင်ငံပေါ် မှာ တင်နေတဲ့ သမိုင်းကြွေး အမဲစက်တစ်ခုထဲက မြန်မာနိုင်ငံသူ/သားတွေအပေါ် ဖိနှိပ်ချုပ်ချယ် ရက် စက် မှု တွေကြောင့်သာ အ ချင်ယောင်ဆောင်နေကြခြင်းဖြစ်တယ်ဆိုတာ သူတို့ကို သိစေချင်ပါပြီ ခင်ဗျာ။

မြန်မာစစ်အစိုးရဟာ အင်္ဂလိပ်လက်ထက်က ပုလိပ်လို့ခေါ်တဲ့ အင်္ဂလိပ်ရဲတွေဟာ ပြည်သူလူထုအပေါ် နှိပ်စက် ရက်စက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သမိုင်းကြွေးဆပ်ရန်ရှိတယ်လို့ အကြိမ်ကြိမ် နှိမ်ပြီး အမြဲတမ်း ပြောကြလေ့ရှိပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံကို သမိုင်းကြွေးတင်နေတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မဟုတ်ပါဘူး။ ၄င်းတို့ကိုယ်ကျိုးအတွက် မြန်မာနိုင်ငံရဲ့ သံယံဇာတတွေနဲ့ မြန်မာ နိုင်ငံ မြေဧကတော်တော်များကို အမြတ်ထုတ် ရောင်းစားပြီး ပြည်သူလူထုအပေါ် ချိုးနှိမ်ရက်စက်ကာ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အဆင့်အတန်းနိမ့်ကျအောင် အမှန်တကယ်ဆောင်ရွက်ခဲ့သူမှာ ဘယ်အဖွဲ့အစည်းလဲဆိုတာ ဘယ်သူ့ကို မေးမေး သိကြပါတယ်ခင်ဗျား။

သူတို့တိုင်းပြည်အတွက်အသက်ပေးပြီးတိုက်ပွဲတွေဝင်နေတယ်လို့ သူတို့ကိုယ်သူတို့ ကြွေးကြော်နေ တဲ့ကိစ္စ ကျွန်တော်တို့နိုင်ငံဟာ ဘယ်နိုင်ငံနဲ့များ စစ်မက်ဖြစ်ဖူးလို့လဲ။

သူတို့တိုက်နေကြတာ မြန်မာနိုင်ငံသား တိုင်းရင်းသားအချင်းချင်းအာဏာလု တိုက်ပွဲဝင်နေကြတာ။ ဘယ်သူတွေအထင်ကြီးမှာလဲ၊ ဘယ်နိုင်ငံက ချီးကျူးမှာလဲ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း မှာတော့ ဉာဏ်အမျှော်အမြင်ကြီးစွာနဲ့ လမ်းပန်းခရီးခက်ခဲတဲ့ တောင်တန်းဒေသတွေကို ကိုယ်တိုင် သွား ရောက်ပြီး အာပေါက်အောင် ပေါင်းစည်းခဲ့ရတာ။

သူတို့လက်ထက်မှာတော့ သေနတ်သံတွေမစဲပါဘူး။

ဒီလူတွေက ဌာနဆိုင်ရာအသီးသီးမှာ အကြီးအကဲနေရာတွေယူပြီး အုပ်ချုပ်နေကြတာဆိုတော့ မြန်နိုင်ငံ ဟာ ဘယ်လိုမှ နလံထူနိုင်မှာ မဟုတ်သေးပါဘူး။ ဗီယမ်နန်နိုင်ငံပြည်သူလူထုဟာ ဒီမိုကရေစီအတွက် နှစ်ပေါင်း 30 ကျော် ဒဏ်ခံခဲ့ရတယ်ဆိုရင် မြန်မာနိုင်ငံပြည်သူလူထုက နှစ်ပေါင်း 100 ကျော်မှာမှ စစ်မှန် တဲ့ဒီမိုကရေစီ ရမယ်လို့ ကျနော်ထင်ပါတယ်။

တပ်မတော်ရဲ့မကောင်းကြောင်းတွေကို ပြောမယ်ဆိုရင် ဘုရားဟောတဲ့ ပိဋိကတ် 3 ပုံကို ဆန့်ကျင်ဘက် ပုံနှိပ်ထုတ်ဝေရင်တောင်မှ မကောင်းမှုတွေ၊ ယုတ်မာမှုတွေ ပိုထွက်လာအုံးမယ်ထယ်ပါတယ်။ ထားပါ တော့ ။ အခုငွေညစ်လာဘ်ငွေတောင်းခံသူ ရဲမှူးကြီး ကျော်ခိုင်ဦးဘက်မှ နိုင်ငံတော်အဆင့် ၀န်ကြီး၊ ရဲချုပ် တို့ဟာ ဥပဒေကိုနည်းမလည်စွာ သရုပ်ပျက် ကာကွယ်မှုဟာ ရဲမှူးကြီး ကျော်ခိုင်ဦးက ငွေပေးစည်းရုံးမှာ ဘဲဆိုတာကို မပြောလဲသိထားပြီးဖြစ်တဲ့အတွက် သူတို့ကျတော့ လာဘ်ပေးလာဘ်ယူမှု မဟုတ်ဘူးပေါ့။ ကဲ ဒီလောက် ရုပ်ဆိုးအကျဉ်းအတန်မိုက်မဲတဲ့လူတွေကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ အကြီးအကဲ ရာထူးပေး ထားခြင်း၊ ဥပဒေပေးကိုင်လိုက်ခြင်းဟာဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်၊ ပြည်သူလူထုအသက်အိုး အိမ်စည်းစိမ်အတွက် အန္တရာယ်ရှိလာပြီဖြစ်ကြောင်း အမှန်တရားလိုလားသူ မြန်မာနိုင်ငံသူ/သား သိစေရန်၊ ခေါင်းဆောင်ကောင်း ကင်းမဲ့နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ သိစေရန်နှင့် လွတ်လပ် ပြီးစစ်မှန်သော ဒီမိုကရေစီအတွက် လူအခွင့်အရေးနဲ့ အမှန်တရားဟာ အလွန်မတန်မှလိုအပ်ပါကြောင်း သိရှိစေရန်ဖော်ပြလိုက်ပါတယ်ခင်ဗျား..

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးအကဲများကိုလည်း ဥပဒေကို ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာကြဖို့ တိုက်တွန်း ချင်ပါ တယ်။ဘာလို့လဲဆိုတော့ ယခုဖြစ်စဉ်ကို ပြန်လည်စိစစ်ပြီး သက်သေတပ်ဖွဲ့ဝင်တွေကို အရေးယူ ဆောင်ရွက် ထားသည့် အပြစ်များအား ပြန်လည်ရုတ်သိမ်းပေးစေလိုကြောင်း အသိပေးနှိုးဆော် အပ်ပါ တယ်ခင်ဗျား….


(အထက်ပါအာဘော်များသည် သျှမ်းသံတော်ဆင့်၏ အာဘော်မဟုတ်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောထားသာဖြစ်ပါ သည်။ (အယ်ဒီတာ))

No comments: