Tuesday, July 9, 2013

လူ့ခွင့်ရေးကော်မရှင်ထောင်ဝင်စစ်ရင် ခွင့်ပြုမိန့်တောင်းရမယ့် အချက်ကို ဝေဖန်ကြ

ABC

မြန်မာနိုင်ငံ ​အမျိုးသား ​လူ့အခွင့်အရေးကော်မရှင် ​ဥပဒေမှုကြမ်းမှာ ​ကော်မရှင်အနေနဲ့ ​ထောင်တွေကိုထဲကို ​၀င်ပြီးစစ်ဆေးတဲ့ ​အခါမှာ ​ကြိုတင် ​ခွင့်ပြုမိန့် ​တောင်းရမယ်ဆိုတဲ့ ​အချက်ကို ​ဝေဖန် ​ပယ်ချမှုတွေ ​ထွက်ပေါ်နေပါတယ်။

ဥပဒေတွေဟာ ​ဖွဲ့စည်းပုံနဲ့ ​မဆန့်ကျင်ဖို့ ​လိုသလို၊ ​အပြည်ပြည်ဆိုင်ရာ ​လူ့အခွင့်အရေးစံနှုန်းတွေနဲ့လည်း ​ကိုက်ညီဖို့ ​လိုတယ်လို့ ​ဥပဒေ ​ရေးရာ ​ကျွမ်းကျင်သူတွေကလည်း ​ပြောပါ ​တယ်။

အများပြည်သူ ​လေ့လာနိုင်ဖို့ ​ချပြလာတဲ့ ​မြန်မာနိုင်ငံ ​အမျိုးသား ​လူ့အခွင့်အရေးကော်မရှင် ​ဥပဒေမှုကြမ်းနဲ့ ​ပတ်သက်ပြီး ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​ပြောပြမှာပါ။

သမ္မတ ​ဦးသိန်းစိန် ​အစိုးရ ​တက်လာပြီးနောက်မှာ ​မြန်မာနိုင်ငံအမျိုးသားလှု့အခွင့်အရေးကော်မရှင် ​ကို ​ဖွဲ့စည်းခဲ့တာပါ။

ဒီကော်မရှင်ကို ​ဖွဲ့စည်းပြီးတဲ့ ​အချိန်ကစလို့ ​အခုထိ ​တိကျတဲ့ ​ဥပဒေတွေကို ​ပြဌာန်းထားတာလည်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၇ ​ရက်နေ့မှတော့ ​ဒီ ​မြန်မာနိုင်ငံ ​အမျိုးသားလှုအခွင့်အရေးကော်မရှင် ​နဲ့ ​ပတ်သက်ပြီး ​ဥပဒေကြမ်းတစ်ရပ် ​ကို ​ပြည်သူသိဖို့ ​ဖော်ပြလာတာပါ။

အခုပေါ်ပေါက်လာတဲ့ ​ဥပဒေကြမ်းမှာ ​လူ့အခွင့်အရေးကော်မရှင် ​အတွက် ​လုပ်ပိုင်ခွင့်တွေ ​ပေးထားပေမဲ့ ​ကော်မရှင်အနေနဲ့ ​ထောင်တွေ ​ထဲ ​ကို ​၀င်ပြီးစစ်ဆေးတဲ့ ​အခါမှာ ​ကြိုတင် ​ခွင့်ပြုမိန့် ​တောင်းရမယ် ​ဆိုတဲ့ ​အချက်ဟာ ​သဘာဝ ​မကျဘူးလို့(မြန်မာနိုင်ငံ) ​ လူ့အခွင့်အရေး ​ပညာပေးဌာန ​က ​ဒါရိုက်တာ ​ဦးအောင်မျိုးမင်း ​ကပြောပါတယ်။

ပထမဆုံး ​အချက် ​ကတော့ ​ဒီ ​အကျဉ်းထောက်တွေ ​သွားရောက်စစ်ဆေးခွင့် ​ရရှိတဲ့ ​ဟာကို ​ကြိုဆိုပါတယ်။ ​ကြိုတင် ​ခွင့်ပြုချက် ​ရမှ ​သွားရမယ် ​ဆိုတာကို ​တော့ ​သိပ်ပြီး ​သဘော ​မကျ ​ဘူး ​ဗျ။ ​ဒီလို ​ဆိုရင် ​အမှန်အတိုင်း ​အမြင်ရပဲ ​ကြိုတင် ​လုပ်ဆောင်သွား ​နိုင်တဲ့ ​သဘောမျိုး ​ဟန်ပြလို ​ဖြစ်နိုင်တဲ့ ​အတွက် ​ဒီလို ​မဖြစ်ဖို့ ​လိုတယ်။

ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​ကိုယ်စားလှယ် ​မစ္စတာ ​တောမတ်စ်အိုဟေး ​ကင်တားနား ​က ​မြန်မာနိုင်ငံ ​လူ့အခွင့်အရေး ​ကော်မရှင်ဟာ ​အကျဉ်းထောင်တွေထဲကို ​သွားတဲ့ကိစ္စမှာ ​နိုင်ငံတော် ​သမ္မတအထိ ​ခွင့်ပြုချက်တောင်းပြီးမှ ​သွားရတာမျိုး ​ရှိနေတယ် ​ဆိုတဲ့ ​အချက် ​အပေါ်မှလည်း ​ဝေဖန် ​ထောက်ပြခဲ့ဖူးပါတယ်။

ဒါအပြင် ​လူ့အခွင့်အရေး ​ချိုးဖောက်မှု ​တွေ ​ရှိလာပြီဆိုတာကို ​စစ်ဆေးတွေ့ရှိရပြီဆို၇င် ​အပြစ် ​ရှိသူကို ​သီးခြား ​အပြစ်ပေးနိုင်တဲ့ ​ရုံး ​တစ်ခု ​ရှိဖို့ ​ကိုလည်း ​ဥပဒေထဲမှာ ​ထည့်သွင်း ​ဖို့ ​လိုတယ်လို့ ​သူကပြောပါတယ်။

အားကောင်းလာတဲ့ ​လူ့ ​အခွင့်အရေးကော်မရှင်နဲ့အတူ၊ ​ချမှတ် ​စီရင်နိုင် ​တရားရုံးမျိုး ​၊ ​လူအခွင့်အရေးကို ​ကာကွယ်နိုင်တဲ့ ​အခြေခံ ​တရားရုံး ​မျိုးရှိမယ်ဆိုရင် ​တိကျတဲ့ ​အရေးယူမှု ​တွေ ​ဖြစ်လာနိုင်မှာ ​ဖြစ်လို့ ​ကြိုးစားသွားစေချင်ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ​ကော်မရှင် ​ကို ​သမ္မတ ​ဦးသိန်းစိန် ​အစိုးရ ​တက်လာပြီး ​နောက်ပိုင်း ​မှ ​စတင်ဖွဲ့ ​စည်း ​ခဲ့တာဖြစ်ပြီး ​တော့ ​အစောပိုင်း ​ကာ ​လ ​စစ်အာဏာရှင် ​အစိုး ​၇ ​တွေ ​လက်ထက် ​တောက်လျောက်မှာတော့ ​မြန်မာနိုင်ငံ ​အတွင်းမှာ ​လူ့ ​အခွင့်အရေး ​ချိုးဖောက်မှု ​တွေ ​အများအပြား ​ရှိခဲ့တယ်ဆိုပြီးတော့ ​နိုင်ငံတကာ ​က ​ပစ်တင်ဝေဖန် ​ခဲ့တာပါ။

ဥပဒေ ​အသစ် ​တစ်ခု ​ကို ​ပြဌာန်းတော့ ​မယ်ဆိုရင် ​ဥပဒေတွေဟာ ​ဖွဲ့စည်းပုံ ​နဲ့ ​မဆန့်ကျင်ဖို့ ​လိုသလို၊ ​အပြည်ပြည်ဆိုင်ရာ ​လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ​လည်း ​ကိုက်ညီ ​ဖို့ ​လိုတယ်လို့လည်း ​ရှေ့နေများ ​ကွန်ယက် ​က ​တရားလွှတ်တော် ​ရှေ့နေ ​ဦးကိုနီ ​က ​ပြောပါတယ်

ဥပဒေ ​တစ်ခု ​ရေးတိုင်းရေးတိုင်းမှ ​အခြေခံ ​စံနှုန်းတော့ ​ရှိတာပေါ့ဗျာ။ ​နံပတ် ​၁ ​ကတော့ ​အပြည်ပြည်ဆိုင်ရာ ​လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ ​မဆန်ကျင်ဖို့ ​နဲ့နိုင်ငံမှာ ​ပြဌာန်း ​ထားတဲ့ ​ဖွဲ့စည်းပုံနဲ့ ​ကိုက်ညီဖို့ ​လိုတယ်။

မြန်မာနိုင်ငံ ​အမျိုးသား ​လူ့အခွင့်အရေး ​ကော်မရှင်ဟာ ​လွတ်လပ်စွာ ​လူ့အခွင့်အရေး ​ကိစ္စတွေကို ​ဆောင်ရွက်တာ ​ဖြစ်ပေမဲ့ ​အသွင်ကူးပြောင်းစ ​နိုင်ငံတစ်ခုရဲ့ ​အတိုင်းအတာအရ ​လုပ်ကိုင်ရတဲ့ ​နေရာမှာ ​ကွာခြားမှုတွေတော့ ​ရှိတယ်လို့ ​မြန်မာနိုင်ငံ ​အမျိုးသား ​လူ့အခွင့်အရေး ​ကော်မရှင်ဥက္ကဌ ​ဦးဝင်းမြ ​က ​ပြောဆို ​ခဲ့ဖူးပါတယ်။

No comments: