Thursday, July 11, 2013

ဗုဒ္ဓဂါယာဗုံးခွဲ တိုက်ခိုက်မှု မြန်မာ အစိုးရ နဲ့ ဒေါ်စုတို့ ရှုံ့ချ

ABC

အိန္ဒိယနိုင်ငံ ​ဘိဟားပြည်နယ် ​ဗုဒ္ဓဂါယာမြို့က ​မဟာဗောဓိဘုရား ​ဗုံးပေါက်ကွဲမှုအပေါ် ​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ​မြန်မာအစိုးရကလည်း ​ရှုံ့ချလိုက်ပြီး ​လုံခြုံရေးတွေ ​ပိုမိုချထားဖို့ ​မျော်လင့်ကြောင်း ​အိန္ဒိယအစိုးရကို ​ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ​နိုင်ငံခြားရေးဆိုင်ရာ ​အတွင်းရေးမှုးက ​မြန်မာနိုင်ငံခြားရေး ​ဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်နဲ့ ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံခဲ့တုန်း ​လုံခြုံရေးတိုးမြှင့်ဖို့ ​မြန်မာဖက်က ​တောင်းဆိုလိုက်တာဖြစ်ပြီး ​နှစ်နိုင်ငံအနေနဲ့ ​လုံခြုံရေးဆိုင်ရာမှာ ​ပူးပေါင်းပြီး ​လုပ်ဆောင်သွားဖို့လည်း ​သဘောတူခဲ့ကြပါတယ်။

ဗုဒ္ဓဂါယာဗုံးပေါက်ကွဲမှုကြောင့် ​အိန္ဒိယနိုင်ငံ ​သံတမန်ရေးရာအတွက် ​အရှက်ရစရာဖြစ်နေပါတယ်။ ​မြန်မာ၊ ​ထိုင်း၊ ​တရုတ်၊ ​သီရိလင်္ကာ၊ ​ဂျပန်၊ ​ဘူတန် ​အစရှိတဲ့ ​နိုင်ငံကလူတွေ ​အထွတ်အမြတ်ထားပြီး ​လာရောက်ဘုရားဖူးလေ့ရှိတဲ့နေရာမှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​အိန္ဒိယအစိုးရအတွက် ​လုံခြုံရေးပိုင်းမှာ ​အရှက်ရစရာဖြစ်နေတယ်လို့ ​သုံးသပ်ကြပါတယ်။

အထူးသဖြင့် ​ဘိဟားပြည်နယ်အစိုးရကတော့ ​လုံခြုံရေးမှာ ​အားနည်းမှုနဲ့ ​ဝေဖန်ခံနေရပါတယ်။ ​ဒီလိုအခြေအနေကြောင့် ​အိန္ဒိယအစိုးရအနေနဲ့ ​အိန္ဒိယပြည်တွင်းမှာသာမက ​အိမ်နီးချင်းနိုင်ငံတွေမှာပါ ​လုံခြုံရေးမှာ ​ပါဝင်မှု ​လုပ်ရမှာဖြစ်တယ်လို့ ​ပြောနေကြပါတယ်။

ဗုဒ္ဓဂါယာ ​ဗုံးပေါက်မှုမှာ ​ဒဏ်ရာရသွားတဲ့ ​မြန်မာဘုန်းတော်ကြီးကို ​အိန္ဒိယအစိုးရက ​တာဝန်ယူ ​ဆေးကုသမှုပေးနေပြီး ​ကျန်းမာရေးအခြေအနေ ​ကောင်းမွန်နေကြောင်း ​သိရပါတယ်။

No comments: