Thursday, July 11, 2013

မိတ္တီလာအရေးခင်းမှာ ပါဝင်သူ မွတ်စလင် ၄ ဦး ထောင်ဒဏ်ကျ

ABC

မြန်မာနိုင်ငံအလယ်ပိုင်း ​မိတ္ထီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေးလူမျိုးရေး ​ပဋိပက္ခကြောင့် ​ဖမ်းဆီးခံထား ​ရတဲ့ ​မွတ်စလင်လူမျိုး ​လေးဦးကို ​တရားရုံးက ​မနေ့က ​ထောင်ဒဏ်ချမှတ် ​လိုက်တယ်လို့သိရပါတယ်။

သူတို့ကို ​ထောင်ဒဏ် ​ခုနှစ်နှစ်ကနေ ​တစ်သက်တစ်ကျွန်းအထိချမှတ်လိုက်တာဖြစ်ပါတယ်။

လူလေးဦးကို ​လူသတ်မှုနဲ့ ​အင်္ဂါနေ့မှာ ​ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ ​မိတ္ထီလာခရိုင် ​ဥက္ကဌ ​ဦးတင်မောင်စိုးက ​အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။ ​ပြီးတော့ ​အဲဒီလူလေးဦးဟာ ​မွတ်စလင် ​လူမျိုးတွေဖြစ်တယ်လို့လည်း ​အတည်ပြုပြောပြသွားခဲ့ပါတယ်။ ​ဒါပေမယ့် ​သေဆုံးသွားတဲ့သူတွေက ​ဘယ်ဘာသာဝင်လည်းဆိုတာကို ​ပြောဆိုဖို့ ​ငြင်းဆိုခဲ့ပါတယ်။

သူတို့ ​လေးဦးစလုံးဟာ ​မိထ္တီလာမြို့ပဋိပက္ခအတွင်း ​ကျောင်းသား ​တစ်ဦးကိုသတ်ဖြတ်ခဲ့မှုနဲ့ ​ပစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ​သူတို့လေးဦးထဲက ​သုံးဦးကတော့ ​ဒေသခံအမျိုးသားတဦးကို ​သတ်ခဲ့ ​မှုနဲ့ပါ ​ပစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ​ပထမဦးဆုံးအကြိမ်အဖြစ် ​ဗုဒ္ဓဘာသာဝင် ​အမျိုးသား ​နှစ်ဦးကို ​မိထ္တီလာ ​ပဋိပက္ခ ​အတွင်း ​လူသတ်မှုနဲ့ ​ထောင်ဒဏ် ​၇နှစ် ​နှစ်စီ ​ချမှတ်ခဲ့တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မေလအတွင်းမှာလည်း ​မိထ္တီလာပဋိပက္ခနဲ့ ​ဗုဒ္ဓဘာသာ ​သံဃာတော်တစ်ပါးကို ​သတ်ခဲ့တဲ့အမှုနဲ့ ​မွတ်စလင် ​လူမျိုး ​၇နှစ်ဦးကို ​ထောင်ဒဏ် ​၂နှစ်ကနေ ​၂၈နှစ်အထိ ​ချမှတ်ခဲ့ပါတယ်။ ​ပြီးခဲ့တဲ့ ​ဧပြီလ ​တုန်းကလည်း ​ရွှေဆိုင်ပိုင်ရှင်အပါအ၀င် ​မွတ်စလင် ​လူမျိုး ​သုံးဦးကို ​ထောင်ဒဏ် ​၁၄နှစ် ​ချမှတ်ခဲ့ ​ပါတယ်။

မွတ်စလင် ​လူမျိုး ​ရွှေဆိုင်ပိုင်ရှင်နဲ့ ​ဗုဒ္ဓဘာသာဝင် ​ရွှေလာဝယ်သူတို့အကြား ​အခြေအတင် ​စကားပြောဆိုငြင်းပွားမှုတွေကနေစပြီး ​လူ ​၄၄ဦး ​သေဆုံးခဲ့တဲ့ပဋိပက္ခအထိ ​ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ​အစိုးရ ​သတင်းမီဒီယာရဲ့အဆိုအရ ​မိထ္တီလာ ​ပဋိပက္ခနဲ့ ​ဆက်နွယ်တဲ့အနေနဲ့ ​လူပေါင်း ​၄၉ဦးဟာ ​လူသတ်မှုနဲ့ ​တရားရုံးတင်ခံနေရတယ်လို့ဆိုပါတယ်။

ပဋိပက္ခအတွင်း ​ဖမ်းဆီးပြစ်ဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီး ​မွတ်စလင်လူမျိုးတွေကို ​ဗုဒ္ဓဘာသာဝင် ​တွေထက်ပိုမိုနှစ်ရှည်ထောင်ဒဏ်ချမှတ်နေတယ်လို့ ​လူ့အခွင့်အရေးအဖွဲ့တွေက ​ဝေဖန် ​သုံးသပ် ​နေကြပါတယ်။

No comments: