Thursday, July 11, 2013

ဗုဒ္ဒဂါယာ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၄ ဦး ဖမ်းဆီး

အောင်ကျော်မိုး

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ မသင်္ကာသူ ၄ ဦးကို ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ရက်အကြာ ဇူလိုင်လ ၉ ရက်နေ့က ဘီဟာပြည်နယ် Patna မြို့အတွင်း ဖန်းဆီးခဲ့သည်ဟု အိန္ဒိသတင်း Hindustantimes ဖော်ပြချက်အရ သိရသည်။

ဖန်းဆီးခံ လေးဦးမှာ Anand Prakash, Gunjan Patel, Hassan Mallik နှင့် Priyanka ဖြစ်ပြီး၊ ၄င်းထဲ၌ အမျိုးသမီးနှစ်ဦး ပါဝင်ကာ သူတို့အားလုံးမှာ အသက် နှစ်ဆယ်ကျော်သာ ရှိသေးကြောင်းနှင့် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် ဗုဒ္ဓဂါယာကျောင်းဝန်းထဲအတွင်းရှိ လုံခြုံရေး ကင်မရာမှတ်တမ်းကနေတဆင့် စစ်ဆေးတွေ့ရှိချက်များ၊ သက်သေခံချက်များကို ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက်ပိုင်း ယခုလို ဖမ်းဆီးမှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ တစ်ရက်အလို ဇူလိုင် ၆ ရက် စနေနေ့ ညနေပိုင်းတွင် သူတို့ ၄ ဦးမှာ ဗုဒ္ဓဂါယာကို လာရောက်ခဲ့ကြပြီး၊ ဗုဒ္ဓဂါယာအဆောက်အုံအတွင်း သူတို့၏မဖွယ်မရာ လုပ်ရပ်ကို လုံခြုံရေးကင်မရာဆီကနေ တွေ့ရှိရပြီးနောက် ရဲများက သံသရဖြစ်ခဲ့သည်ဟု သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့်နေရာမှာ ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဥာဏ်တော် ရရှိခဲ့သောနေရာဟု ယုံကြည်ရပြီး ဗုဒ္ဓဘာသာဝင်များအတွက် အမြင့်မြတ်ဆုံး နေရာလည်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ရာ သံဃာ နှစ်ပါး အပါအဝင် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအတွင်း အပျက်စီးအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှေ့ဟောင်းယှဉ်ကျေးမှု အမွှေအနှစ် တစ်ခုဖြစ်သော ဗုဒ္ဓဂါယာကို ကမ္ဘာတဝန်းလုံးမှ ထောင်ပေါင်းများစွာသော ဖုရားဖူးသားများ နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမြော်ကြသည်ဟု သိရသည်။

No comments: