Wednesday, July 10, 2013

UNFC နဲ့ မြန်မာက နည်းပညာအဖွဲ့တွေနယ်စပ်မှာ တွေ့ဆုံမယ်

ABC

ညီညွတ်သောတိုင်းရင်းသား ​လူမျိုးများ ​ဖက်ဒရယ်ကောင်စီ(UNFC) ​ နည်းပညာအထောက်အကူပြုအဖွဲ့ ​(Techni ​cal ​team)နဲ့ ​ပြည်ထာင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီရဲ့ ​နည်းပညာအထောက် ​အ ​ကူပြုအဖွဲ့ ​(Technical ​team) ​တို့ ​ဇူလှိုင်လ ​၁၃ရက်နေ့မှာ ​ထိုင်းမြန်မာနယ်စပ်ဒေသမှာ ​တွေ့ဆုံဖို့ရှိတယ်လို့ ​သိရပါတယ်။

ဒီတွေ့ဆုံပွဲကို ​အစိုးရ ​ကိုယ်စားလှယ် ​အဖြစ် ​မြန်မာ့ငြိမ်းချမ်းရေး ​စင်တာက ​အထူးအကြံပေး ​ဦးလှမောင်ရွှေဦး ​ဆောင်တဲ့ ​အဖွဲ့ဝင်၇ဦးနဲ့ ​UNFC ​က ​နည်းပညာအထောက် ​အကူပြုအဖွဲ့ခေါင်းဆောင် ​ပဒိုမန်းမန်း ​ဦးဆောင်တဲ့ ​UNFC ​အဖွဲ့ဝင်တွေ ​တက်ရောက်မှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ​နိုင်ငံရေးဆွေးနွေးမှုပုံစံကို ​ဘယ်လိုသွားမလဲဆိုတဲ့ ​အကြိုညှိနှိုင်းတဲ့ ​တွေ့ဆုံမှုဖြစ်တယ်လို့ ​UNFC ​နည်းပညာအထောက် ​အကူပြုအဖွဲ့ခေါင်းဆောင် ​ပဒိုမန်းမန်းက ​အခုလိုပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲအစုအဖွဲ့နဲ့တော့ ​မတွေ့သေးဘူး၊ ​Technical ​team ​အထောက်အကူပြုအဖွဲ့ကနေပဲ ​အရင်စ ​ဆွေးနွေးမှာဖြစ်တယ်၊ ​နိုင်ငံရေးဆွေးနွေးမှုပုံစံကို ​ဘယ်လိုသွားမလဲဆိုတာကို ​ကျနော်တို့က ​အကြိုညှိနှိုင်းတဲ့ ​ဆွေးနွေးမှုမျိုးပါပဲ၊ ​ဆွေးနွေးပွဲ့ရဲ့ ​နိုင်ငံရေးဂျင်တာ ​အသေးစိတ်ဆွေးနွေးဖို့တော့ ​အထောက်အကူပြုအသင်းက ​နေပြီးတော့ ​ညှိနှိုင်းလို့ရပြီဆိုလို့ရှိရင် ​နောက်တဆင့် ​နိုင်ငံရေးဆွေးနွေးပွဲအဆင့် ​ပထမအဆင့်ကို ​စမှာဖြစ်တယ်။ 

နိုင်ငံရေး ​မူဘောင်တွေကိစ္စကိုလည်း ​ဆွေးနွေးသွားဖို့ရှိတယ်လို့ ​ပဒိုမန်းမန်းက ​အခုလို ​ဆက်ပြောပါတယ်။

တကယ်လို့ ​နိုင်ငံရေးဆွေးနွေးပွဲ ​ရောက်တဲ့အခါ ​ဘာတွေကို ​ဆွေးနွေးမလဲ ​ဆိုတဲ့ဟာတွေပေါ့နော် ​ နိုင်ငံ ​ရေးမူဘောင်တွေပေါ့၊ ​နောက်နိုင်ငံရေးဆွေးနွေးတဲ့ ​အချိန်မှာ ​ကျနော်တို့ ​ကြားနေပေါ့နော် ​ကြားခံညှိနှိုင်း ​ဆွေး ​နွေးတဲ့အဖွဲ့အစည်းတွေ၊ ​ပုဂ္ဂိုလ်တွေ ​သို့တည်းမဟုတ် ​observer ​ဆိုတဲ့ ​အဲဒီကိစ္စတွေကိုလည်း ​ကျနော်တို့ ​ဆွေးနွေးမယ်၊ ​နောက်တချက်ကတော့ ​ကျန်ခဲ့တဲ့အပိုင်းတွေဖြစ်တဲ့ ​လက်ရှိအပစ်အခတ်ရပ်စဲရေးရဲ့ ​အနေအ ​ထားကိုလည်း ​ကျနော်တို့ ​ဆွေးနွေးမယ်၊ ​နောက်တခါ ​နိုင်ငံတကာအကူအညီပေးမှု၊ ​လူမှုရေးအကူအညီပေးမှု၊ ​လူ ​သားချင်းစာနာတဲ့ ​အကူအညီပေးမှုလုပ်ငန်းတွေနဲ့ ​ကိစ္စတွေလည်း ​ကျနော်တို့ ​ထည့်သွင်းဆွေးနွေးသွားမှာ ​ဖြစ်တယ်။ 

ဒီဆွေးနွေးပွဲကရရှိလာတဲ့ ​အချက်အလက်တွေကို ​နှစ်ဘက်အဖွဲ့ ​တွေ ​ကို ​ပြန်လည်တင်ပြပြီး ​နောက်ထပ်နိုင်ငံရေးအရဆက်ပြီး ​တွေ့ဆုံဆွေးနွေးနိုင်မယ့် ​ရက်ကိုလည်း ​သတ်မှတ်သွားမယ်လို့ ​ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ​အဓိကအားဖြင့် ​အပစ်အခတ်ရပ်စဲရေးအဆင့်နဲ့ ​နိုင်ငံရေးဆွေးနွေးမှု ​အဆင့်တွေဖြစ်ပြီး ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​အဆင့်ကို ​ဖော်ဆောင်တဲ့နေရာမှာ ​နိုင်ငံရေးအရ ​တွေ့ဆုံဆွေးနွေးရေးလည်း ​ဖော်ဆောင်ဖို့ ​လိုအပ်တဲ့အတွက် ​ဒီအဆင့်တွေကို ​အဆက်အစပ်ရှိရှိ ​ဆောင်ရွက်သွားဖို့လိုတယ်လို့ ​ပဒိုမန်းမန်း ​က ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: