Saturday, September 21, 2013

တအာင်းဒေသ မန်တုံ၌ ဘိန်းဖြတ်စခန်းဖွင့်နေ

တအာင်းကျောင်းသားတဦး

ပလောင် ကိုယ်ပိုင် အုပ်ချုပ်ရ ဒေသ မန်တုံ မြို့နယ်တွင် ပြည့်သူ့ လွှတ်တော် အမတ် ဖြစ်သည့် ပလောင် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တားအိုက်မုန်း၏ လမ်းညွန်မှုဖြင့် မန်တုံ ဌာနေ ပြည့်သူ့ စစ်မှဘိန်းဖြတ် စခန်းခေါ်လူမှု ပြန်လည် ထူထောင်ရေး စခန်း ဖွင့်ကာ ဘိန်းဖြတ်ရန်ဆန္ဒ ရှိသူများကို စခန်းဖွင့်ဘိန်းဖြတ် ပေးနေကြောင်း တအာင်းကျောင်းသား လူငယ် တဦးက ဆိုပါသည်။

“ မန်တုံဒေသတွင် လွန်ခဲ့သည့် နှစ်များမှ စတင်ကာ ဒေသခံများမှ ဘိန်းသုံးစွဲမှုနှုန်း အလျင်အမြန် တိုးပွား လာသည့် အတွက် ဤအစီအစဉ်ကို ဖော်ဆောင် ရတာ ဖြစ်ကြောင်းနှင့် ''ဘိန်းဖြတ် စခန်း လုပ်ရခြင်း ရည်ရွယ်ချက်က အခု မန်တုံမှာ ဘိန်းရောင်း ၀ယ်တဲ့ လူတွေကို အမြစ်ပြတ်တဲ့ အထိ မလုပ်နိုင်ပေမယ့် မိမိနိုင်တဲ့ ဘက်ကနေ ဘိန်းသုံးစွဲတဲ့ သူတွေကိုဘဲ ဘိန်းဖြတ် ပေးရ တာပေါ့။ ဒါကလည်း သူတို့ရဲ့ လိုလားချက် အရ လုပ်ပေးတာ ဖြစ်တယ်။ သူတို့ မိသားစုတွေ ကလည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင် နေရတယ်လေ'' ဟုပြည့်သူ့စစ် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

တာအိုက်မုန်း၏ အဓိက ရည်မှန်းချက်မှာ ဒေသ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေး အတွက် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆို ခဲ့ပါသည်။

ထို့အပြင် တာအိုက်မုန်းသည် အနီး ပတ်ဝန်းကျင် တ၀ိုက်မှ မန်တောက်၊ မန်ကန်နှင့် ဟိုခိုကျေးရွာ များမှ မြို့မိမြို့ဖ တို့ကို စည်းရုံးကာ ထိုကျေးရွာများမှ ဘိန်းဖြတ်ရန် ဆန္ဒရှိသော ဘိန်းသုံးစွဲ သူများကို လက်ခံ ပေးနေပြီးဟုလည်း ဆိုပါသည်။

'' သြဂုတ်လ (၂၈) ရက်နေ့ကနေ စပြီး စည်းရုံးတာ ဆိုရင် စက်တင်ဘာလ အထိတော့ (၂၈) ဦးရှိပြီး အယောက် ၅၀/၆၀ ကြား အထိ လက်ခံမယ်။ ပထမသုတ် အနေနဲ့ပေါ့။ ၁ လတိတိ လုပ်မယ်။ ပညာပေး လုပ်ငန်းတွေ၊ လေ့ကျင့်ခန်းတွေ၊ ပြန်လည် ထူထောင်ရေး ကိစ္စတွေ ကိုလည်း လုပ်သွားမယ်''ဟု ဘိန်းဖြတ် စခန်းကို ဦးဆောင်သူ ပြည့်သူ့စစ် အဖွဲ့မှ မိုင်းခွန်လီက ဆိုပါသည်။

အထက်ပါ အစီအစဉ်အောင်မြင်ရန် အတွက် မန်တုံဌာနေ ပြည့်သူ့စစ်မှ လားရှိုး အခြေစိုက် တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့အား လာရောက် ကူညီပံ့ပိုးရန် စာပို့ကမ်းလှမ်း ထားကြောင်း အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) မိုင်းမျိုးအောင်မှ ဆိုပါသည်။

ဤအစီစဉ်သည် ဒေသအတွင်း ပြည့်သူ့စစ် အဖွဲ့မှ ဘိန်းဖြတ် စခန်း ဖွင့်ပြီး ဘိန်းဖြတ် တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်ချက်သည် ပထမဆုံးကြိမ် ဖြစ်ကြောင်း ဤကဲ့သို့သော အာဏာပိုင်ဖက်မှ လုပ်ပိုင်ခွင့် ရှိသည့် အဖွဲ့မျိုး အစီအစဉ် ရှိရှိ ဖော်ဆောင် သည့်လာသည့် အတွက် ကြိုဆိုကြောင်းနှင့် အမှန်တကယ် ဒေသ အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးမှာ ထင်သလောက် မလွယ်ကူကြောင်း ပုံစံအမျိုးမျိုးဖြင့် ဘိန်းထုတ်လုပ်နေမှုနှင့် ရောင်းဝယ်နေသူများပါ ထိရောက်စွာ အရေး ယူနိုင်ပါမှ မူးယစ် ဆေးဝါး ကင်းစင်နိုင်မည် ဖြစ်ကြောင်း အချို့ဒေသ ခံများမှ ပြောဆိုနေကြပါသည်။

No comments: