ABC
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာလင်မြို့ခရီးစဉ်အတွင်း ဂျာမနီရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တနင်္ဂနွေ နေ့တုန်းက ဘာလင်မြို့ တက္ကသိုလ် တစ်ခုမှာ မြန်မာတွေနဲ့ တွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲဖို့ အရေးကြီးတဲ့ အကြောင်း ပြောဆိုခဲ့သလို NLD ပါတီနဲ့ တပ်မတော် အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမြင်မတူတာတွေ ရှိနေသေးတဲ့ အကြောင်းတွေကို အဓိကထား ပြောသွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သောကြာနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Willy Brandt ဆု ကို လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံမဖြစ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ထူထောင်ဖို့ အခွင့်အရေးရရှိလာပြီ ဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးတဲ့အကြောင်း၊ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးတွေ လိုအပ်နေဆဲဖြစ်ပြီး စစ်တပ်အရာရှိဟောင်းတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း ပြောင်းလဲမှုတွေ လိုအပ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

No comments:
Post a Comment