Wednesday, April 30, 2014

ဘင်္ဂါလီများ ထွက်ပြေးနေမှု အစိုးရ ကြပ်မတ်ရန် သတိပေး

ကြယ်ပြာ

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ဘင်္ဂါလီများ ပြည်ပနိုင်ငံများသို့ စက်လှေဖြင့်ထွက် ခွာသွားနေကြခြင်းအပေါ် အစိုးရအနေဖြင့် ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်း စိစစ်ပေးသင့်ပြီဟု ဘူး သီးတောင်မြို့နယ်မှ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (လျှောက်ထားဆဲ) ဥက္ကဋ္ဌ ဘင်္ဂါ လီလူမျိုး ဦးအဘူဒါဟေးက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၂ ရက်က ဘင်္ဂါလီဒုက္ခသည် ၄၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေသည် စစ်တွေမြို့မှ ထွက်ခွာလာရာ ဘင်္ဂလားပင်လယ်အတွင်းနစ်မြုပ်ခဲ့ရာတွင် တင်ဆောင်လာသော လူ ၁၁ ဦး၏အလောင်း များကိုသာ တွေ့ရှိခဲ့ပြီး ကျန်လူ ၃၀ ကျော် ပျောက်ဆုံးနေသောဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြောကြားခြင်း ဖြစ် သည်။

“ပင်လယ်ထဲမှာ လှေမှောက်လို့ သေကုန်တဲ့လူတွေနဲ့ မသေဘဲ နယ်ကျော်မှုနဲ့ အဖမ်းခံထားရတဲ့လူတွေလဲ အများကြီးပါ။ လူကုန်ကူးမှုဆိုတာတွေလဲ ဖြစ်လာနိုင်တယ်။ အစိုးရအနေနဲ့ ချက်ချင်းဖြေရှင်းပေး သင့်တယ်” ဟု ပြောသည်။

ထွက်ပြေးသူများတွင် ဒုက္ခသည်စခန်းများအတွင်းက ဘင်္ဂါလီများသာမက ဘင်္ဂါလီကျေးရွာများတွင် နေထိုင်သူများလည်း ပါဝင်ပြီး စစ်တွေမြို့မှ ငါးဖမ်းစက်လှေဖြင့် ပင်လယ်အတွင်းသို့ ၀င်ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ရှေ့ဘက်သို့ ၀င်ရောက်ခြင်း သို့မဟုတ် ကျောက်တော်မြို့နှင့် မင်းပြားမြို့တို့မှတစ်ဆင့် တောင်များ ကိုဖြတ်သန်း၍ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလေ့ရှိသည်။

No comments: