Wednesday, April 30, 2014

၁၉၈၂ နိုင်ငံသားဥပဒေ အကြောင်း ရခိုင်တိုင်းရင်းသားညီလာခံက ဆွေးနွေး

ABC

ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့မှာ ​ကျင်းပနေတဲ့ ​ရခိုင်အမျိုးသားညီလာခံ ​တတိယနေ့မှာ ​၁၉၈၂ ​နိုင်ငံသားဥပဒေအကြောင်း၊ ​လွှတ်တော်နိုင်ငံရေးနဲ့ ​တရားမ၀င်နိုင်ငံခြားသားတွေကိုင်ဆောင်ထားတဲ့ ​white ​card ​ကိစ္စတွေနဲ့ ​သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

ကျောက်ဖြူမြို့ညီလာခံမှာ ​ရခိုင် ​အမျိုးသား ​လွတ်တော် ​အမတ် ​ဒေါက်တာ ​အေးမောင် ​ရဲ့ဆွေး ​နွေးချက်ကို ​အစည်းအဝေး ​တက်ရောက်တဲ့ ​ကိုရဲမင်းဦးက ​အခုလိုပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ​အမျိုးသားလွတ်တော်နိုင်ငံရေးနဲ့ ​ကဏ္ဍနဲ့ ​ပတ် ​သက် ​လို့ ​ဒေါက် ​တာ ​အေး ​မောင်က ​ဟော ​ပြော ​ဆွေး ​နွေး ​မှုတွေ ​လုပ် ​ပါတယ်၊ ​အဓိက ​ပထမ ​ဦးဆုံး ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲက ​သွားလို့ရမယ့် ​နည်းလမ်းတွေကို ​ရွေးချယ် ​ပြီးတဲ့အခါ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​ကပေးထားတဲ့ ​အခင်း ​အကျင်းနဲ့ ​ရခိုင်ပြည်နယ် ​နိုင်ငံရေး ​အခင်း ​အကျင်းနဲ့ ​ဟန်ချက် ​ညီညီ ​ဘယ်ပုံ ​ဘယ်နည်းနဲ့ ​သွားရမလဲ ​ဆိုတာနဲ့ ​ပတ်သက်ပြီးတော့ ​ဟောပြော ​ဆွေးနွေးမှုတွေ ​လုပ်ပါတယ်။”

ဒါ့အပြင် ​အစည်းအဝေး ​တက်ရောက်လာတဲ့ ​မြို့နယ်ကိုယ်စားလှယ်တွေ ​အတော်များများက ​ရခိုင်ပြည်နယ် ​တည်ငြိမ်အေးချမ်းရေးနဲ့ ​ပတ်သက်ပြီးတော့ ​ဘူးသီးတောင် ​မောင်တော ​ဒေသမှာရှိတဲ့ ​နယ်မြေ ​မလုံခြုံမှုတွေအကြောင်းကိုလည်း ​ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ ​ပြည်ထောင်စုအရေးဖြစ်တဲ့အကြောင်း၊ ​နယ်မြေမလုံခြုံမှုဟာ ​ပြည်ထောင်စုအစိုးရမှာ ​အဓိကတာဝန်ရှိတဲ့အကြောင်းကိုလည်း ​မီးမောင်းထိုးပြတဲ့ ​ဆွေးနွေးမှုမျိုးတွေ ​ပြုလုပ်ခဲ့တယ်လို့ ​ကိုရဲမင်းဦးက ​ဆက်လက်ပြောပြပါတယ်။

လူထောင်ချီတက်ရောက်နေတဲ့ ​ရခိုင်အမျိုးသားညီလာခံကို ​မေလ ​၁ရက်နေ့ထိ ​ကျင်းပသွားမှာဖြစ်ပြီး ​အစည်းအဝေးတောင်းဆိုချက်တွေနဲ့ ​ဆုံးဖြတ်ချက်တွေကိုတော့ ​ဆွေးနွေးပွဲနောက်ဆုံးရက်မှာ ​အတည်ပြုထုတ်ပြန်သွားမှာဖြစ်တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: