Monday, April 28, 2014

သီလ၀ါစီမံကိန်း အလုပ် ၄ သောင်းလောက် ပေးနိုင်

ABC

သီလ၀ါအထူးစီးပွားဇုံစီမံကိန်းအတွင်းမှာရှိတဲ့ ​လုပ်ငန်းတွေကို ​အကောင်အထည် ​ဖော်နိုင်မယ်ဆိုရင် ​အလုပ်အကိုင် ​အခွင့်အလမ်းအနေနဲ့ ​လုပ်သားဦးရေ ​၄ ​သောင်း ​လောက်အတွက် ​အလုပ်အကိုင်ဖန်တီးပေးနိုင်မယ်လို့ ​ပြောပါတယ်။

ဧပြီလ ​၂၅ ​ရက်နေ့ ​မွန်းလွဲပိုင်းက ​ရန်ကုန်မြို့ ​မင်းရဲကျော်စွာလမ်းရှိ ​မြန်မာနိုင်ငံ ​ကုန်သည်များနှင့်စက်မှု ​လက်မှု ​လုပ်ငန်းရှင်များ ​အသင်းချုပ်မှာ ​ပြုလုပ်တဲ့ ​သီလ၀ါ ​အစုရှယ်ယာရောင်းချခြင်းဆိုင်ရာ ​စာနယ်ဇင်း ​ရှင်းလင်း ​ပွဲမှာ ​မြန်မာသီလ၀ါ ​SEZ ​Holding ​Public ​Company ​(အက် ​(စ်)အီးဇက်ဟိုးဒင်းပါ့ဘလစ် ​ကုမ္ပဏီ) ​ဥက္ကဌ ​ဦးဝင်းအောင်က ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

ဟက်တာ ​၄၀၀ ​(၉၈၈ ​ဧက) ​အကျယ်အဝန်းရှိတဲ့ ​သီလ၀ါအထူးစီးပွားရေးဇုံစီမံကိန်းအတွင်း ​မြေညှိမြေပြင်တဲ့ ​အလုပ်တွေ ​ပြီးစီးနေပြီး ​ရေသွယ်တန်းမှုတွေ၊ ​လျှပ်စစ်သွယ်တန်းမှုတွေနဲ့ ​လမ်းတည်ဆောက်မှုတွေကို ​လုပ်ဆောင်နေပြီလို့ ​သိရပါတယ်။

အဲဒီစီမံကိန်းကို ​၂၀၁၅ ​ခုနှစ် ​နှစ်လည်ပိုင်းမှာ ​စတင်လည်ပတ်နိုင်ဖို့ ​စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ​ပြောပါတယ်။ ​အဲဒီစီမံကိန်းကြီးကြောင့် ​အလုပ်အကိုင် ​အခွင့်အလမ်းတွေ ​ရှိလာနိုင်ပေမယ့် ​ကိုယ်လယ်ယာမြေမှာပဲ ​အလုပ်ကို ​လုပ်ချင်တဲ့အကြောင်း ​ဒေသခံ ​တောင်သူတစ်ဦးက ​ပြောပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုံအား ​မြန်မာ-ဂျပန်နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ​ဇုံတစ်ခုလုံးရဲ့ ​အကျယ်အဝန်းက ​ဟက်တာ ​၂၄၀၀(ဧက ​၆၀၀၀ ​နီးပါး) ​အကျယ် ​အ၀န်းရှိတယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: