Tuesday, April 29, 2014

အရက်မူးနေသည့် ပန်းရန်ဆရာတစ်ဦး ဆောက်လုပ်ဆဲတိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ဇော်ဇော်ထွေး

အရက်မူးနေသည့် ပန်းရန်ဆရာတစ်ဦး ဆောက်လုပ်ဆဲတိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှုတစ်ခု တောင်ဥက္က လာပမြို့နယ်တွင် ဧပြီ ၂၃ ရက်က ဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေသည်။

အဆိုပါဖြစ်စဉ်မှာ နံနက် ၇ နာရီဝန်းကျင်က (၁၃)ရပ်ကွက်၊ ရသ၀တီလမ်း၊ အမှတ်(၄၀၂/ခ)တွင်ဆောက် လုပ်နေသည့် အဆောက်အအုံတွင် ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်နေ AKB ဆောက်လုပ်ရေးကုမ္ပဏီ ကန်ထရိုက်ဖြစ် သူ ဦးအောင်ကျော်ထွန်းက ရဲစခန်းသို့ လာရောက် ပြောခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူမှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ ကျွဲတက်ကျေးရွာအုပ်စုနေ ဦးအုန်းသောင်း (၄၅)နှစ်ဖြစ် သည်ဟု ဆိုထားသည်။

၎င်းသည် အရက်သေစာသောက်စားမူးယစ်ကာ ဆောင်လုပ်ဆဲ သုံးလွှာခွဲတိုက်၏ အမြင့်ကိုးပေရှိ ပထမ ထပ် အရေးပေါ်လှေကားမှ ပြုတ်ကျသေဆုံးသည်ဟုလည်း ကန်ထရိုက်တာဖြစ်သူက ရဲထံပြောပြထား သည်။

ယင်းအကြောင်းကြားမှုကြောင့် သွားရောက်စစ်ဆေးရာတွင် ပန်းရန်ဆရာဦးအုန်းသောင်းကို ၀ဲချိုစောင်း ပေါက်ပြဲ၊ ၀ဲနားထင်/၀ဲပါးပွန်းပဲ့၊ ၀ဲမျက်ခုံးပေါက်ပြဲ၊ ၀ဲလက်ဖျံ/ယာခြေမ ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်။

ယင်းသေဆုံးမှုတွင် သာမန်အတိုင်း ပြုတ်ကျသေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် မြို့နယ်ရဲစခန်းက သေမှု သေခင်းအမှတ်စဉ် (၈/၂၀၁၄)ဖြင့် အမှုဖွင့်ပြီး ဒု-ရဲမှူးဆန်းထွန်းက စစ်ဆေးနေသည်။

No comments: