Monday, April 28, 2014

မကြာခဏ သေကြောင်းကြံလေ့ရှိသူ မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့ဟုဆို

ဇော်ဇော်ထွေး

အရက်ကြောင့် စိတ်ကစဉ်ကလျားဖြစ်နေပြီး မကြာခဏ သေကြောင်းကြံစည်လေ့ရှိသူတစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို သတ်သေခဲ့မှုတစ်ခု မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာတွင် ဧပြီ ၂၄ ရက် နံနက် ၄ နာရီခွဲက ဖြစ် ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသူမှာ လိပ္ပုတ်ကျေးရွာ ဆယ်အိမ်တန်းအပိုင်းတွင် နေထိုင်သည့် စိုးနိုင်ဝင်း (၂၆)နှစ်၊ ကျပန်းဆိုသူ ဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

၎င်းသည် နေအိမ်နောက်ဖေး ၀က်ခြံအနီး အမြင့်ရှစ်ပေခန့်ရှိ သရက်ပင်ခွဆုံတွင် အရှည် သုံးပေ၊ အနံ တစ် ပေခွဲခန့်ရှိ ချည်ပုဝါအနီရောင်ကို သရက်ပင်ကိုင်းနှင့် လည်ပင်းတို့တွင် ချည်နှောင်ပြီး ကြိုးဆွဲချ သေဆုံးနေ သည်ကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

၎င်းသည် အရက်အလွန်အကျွံသောက်တတ်ပြီး မကြာခဏ သေကြောင်းကြံစည်လေ့ရှိသူ ဖြစ်သည်ဟု လည်း ကနဦးမေးမြန်းချက်အရ သိရှိထားသည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါသတ်သေမှုကို ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် အလောင်းကို မှော် ဘီဆေးရုံသို့ ပို့အပ်ပြီး သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄ )ဖြင့် အမှုဖွင့်၍ မြို့နယ်ရဲစခန်းက စစ်ဆေးနေ သည်။

No comments: