ABC
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ထပ်မံဆွေးနွေးမှုကို တိုင်းရင်းသားတွေဘက်က ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
အရင်တုန်းကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက် မှတ် ရေး ထိုး နိုင် မယ့် ဆွေး နွေးပွဲကို မေလဆန်းပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ခေါက် ဆွေးနွေး မှုအတွင်း တိုင်းရင်းသား ဘက်က ဖြစ်စေချင်တဲ့ ဖက်ဒရယ် အသုံးအနှုန်းနဲ့ ဖက်ဒရယ် တပ်မတော် အသုံးအနှုန်းတွေကို မြန်မာအစိုးရဘက်က လက်မခံတဲ့အတွက် တိုင်းရင်းသား ဘက်က ဆွေးနွေးပွဲကို ရက် အကန့် အသတ် မရှိ ရွှေ့ဆိုင်း လိုက်တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ရေးအဖွဲ့ NCCT အဖွဲ့က ဦးနိုင်ဟံသာက ပြောတဲ့အကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment