Mizzima
သင်္ကြန်တွင်း အစားအစာများရောင်းချမှုသည် ယခင်နေ့များထက် ပိုမိုဈေးတင်ကာရောင်းချကြသည်ဟု မဏ္ဍာပ်များတွင် ဈေးရောင်းချနေသည့် ဈေးသည်များက မဇ္စျိမသို့ပြောသည်။
"သင်္ကြန်အတွင်းမှာတော့ ဈေးရောင်းတာက အရင်နေ့တွေထက်တော့ ဈေးပိုတင်ပြီးရောင်းရတာပါပဲ။ "ဟု မင်္ဂလာဦးမုတ်ဆိတ် ဆိတ်ကင်ဆိုင်မှ ပြောသည်။
သင်္ကြန်အတွင်း၌ ဈေးရောင်းချသည့်သူများသည် ရောင်းချကြမည့် ကုန်ပစ္စည်းများကို ၀ယ်ယူကြရာတွင် သင်္ကြန်ရက်အတွင်း ၀ယ်ယူကြရခြင်းကြောင့် ပိုမိုဈေးပေးကာဝယ်ယူကြရခြင်းဖြစ်သည်။ ယင်းကဲ့သို့ဝယ်ယူကြရခြင်းကြောင့် စားသုံးသူပြည်သူများထံသို့ ပြန်လည် ရောင်းချရာတွင်လည်း ၄င်းတို့အနေဖြင့် ပိုမိုဈေးတင်ကာ ရောင်းချကြရသည်။
သင်္ကြန်ရက်များတွင် ဆိတ်အသားကင်တစ်ချောင်းလျှင် နှစ်ရာကျပ် ထိတိုးမြင့်ရောင်းချခြင်းဖြစ်သည်။ အဆိုပါ ရက်များမဟုတ်သည့် ပုံမှန်ရက်များတွင် တခြားရောင်းကုန်ပစ္စည်းများသည်လည်း သင်္ကြန်တွင်း၌ နှစ်ဆ၊ သုံးဆတက်ကာ ပိုမိုရောင်းချကြသော်လည်း လာရောက်ဝယ်ယူကြသူများကြောင့် တစ်နေ့အတွင်း ရောင်းကုန်များ ပျက်လပ်သည်အထိရှိခဲ့သည်။

No comments:
Post a Comment