Wednesday, April 2, 2014

နိုင်ငံတကာကျောင်းများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် စီစဉ်

ဖိုင်နယ်ရှယ်တိုင်းမ်

စီးပွားရေးပွင့်လင်းလာမှုနှင့် နိုင်ငံခြားသားများစွာ ရောက်ရှိလာခြင်းတို့ကြောင့် မြန်မာ့အကူးအပြောင်း ကာ လအတွင်း ထိပ်တန်းနိုင်ငံခြားကျောင်းများ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေကြောင်း Financial Times သတင်းတွင် မတ်၂၄ ရက်က ရေးသားဖော်ပြသည်။

ဗြိတိန် အပြည်ပြည်ဆိုင်ရာကျောင်း (British International School)က သြဂုတ်လအတွင်း ၄င်းတို့၏ ကျောင်းများကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် စီမံနေစဉ် ဟားရိုးအပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န် ဆောင်မှုနှင့် Dulwich College International တို့က မြန်မာလုပ်ငန်းရှင် တစ်ဦးနှင့်တွဲဖက်၍ မြန်မာနိုင်ငံ တွင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်ဟုလည်း ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာ တွင် ရေးသားဖော်ပြထားသည်။

နောင်နှစ် ရွေးကောက်ပွဲများ မတိုင်မီ ယခုကဲ့သို့ နိုင်ငံခြားကျောင်းကြီးများ လာရောက်ဖွင့်လှစ်နိုင်ရန် စီစဉ်ခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားမိသားစုများ နှင့် နိုင်ငံခြားပြန်ချမ်းသာသော မြန်မာများအတွက် လိုအပ်နေသော နိုင်ငံတကာ ကျောင်းဈေးကွက်ကို ဖြည့်ဆည်းရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းလည်း ဖြစ် သည်။

ရန်ကုန်တွင် British International School ဖွင့်လှစ်ရေးကြိုးပမ်းလျက်ရှိသည့် British School Foundation ဥက္ကဋ္ဌ အိုလာနက်ပက်ခ်ျ Ola Natving က “ မြန်မာ့ ပညာရေးဈေးကွက်မှာ မြန်မာနိုင်ငံရှိ ပညာရေး ၀န်ဆောင်အဖွဲ့အစည်း အနည်းအတွက် ဈေးကွက်ကောင်းကြီးဖြစ်မည်” ဟု ကြိုမြင်ထားကြောင်းဆိုခဲ့သည်။

“ကုမ္ပဏီတွေနဲ့ စကားပြောဆိုရတဲ့အခါမှ အားလုံးက တစ်သံတည်းထွက်တာက အလုပ်ခန့်အပ်ဖို့ လူရွေးရ တာ တကယ့် အခက်အခဲဖြစ်နေတယ် ဆိုတာပဲ။ အဓိက စိန်ခေါ်မှုက ပညာသင်ကျောင်းတွေပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ ကန့်သတ်ချုပ်ချယ်မှုများ ရှိထားသလို ရုတ်ခြည်းထင်သာမြင်သာ ပြုပြင်ပြောင်းလဲခဲ့တော့ အလျင်မြန်တိုးတက်လာတဲ့ ဖွံ့ဖြိုးမှုနဲ့အံ့ကိုက်အောင် လုပ်ဆောင်ဖို့ လိုနေပါတယ်” ဟုမစ္စတာနက်ပက်ခ်ျက ပြောသည်ဟုလည်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ဗြိတိန် အပြည်ပြည်ဆိုင်ရာကျောင်းကို သြဂုတ်လအတွင်း ကျောင်းသား ၁၀၀ မှ ၁၅၀ ကြားဖြင့် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်။ နှစ်နှစ်အတွင်း ကျောင်းပရ၀ုဏ် တည်ဆောက်မည်ဖြစ်ပြီး ပြီးစီးပါက နှစ် အနည်းငယ်အတွင်း ကျောင်းသား ၁၀၀ ကျော် လက်ခံရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံမှ Yoma Strategic Holdings နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Dulwich College International နှင့် ဟားရိုး အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုတို့က ယင်းပညာရေး နယ်ပယ်တွင် ရွေးချယ်မှုတစ်ရပ်ဖြင့် ဈေးကွက် ၀င်ရောက်လျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အတွင်းဝန် ဦးတင်ထွတ် တက်ရောက်ခဲ့ဖူးသည့် Dulwish ကျောင်းက အမေရိကန်နှင့် ဥရောပ စီးပွားဖက်များထက် အသာရရန်နှင့် ၎င်းတို့၏ ဈေးကွက်ကို မြန်မာနိုင်ငံရှိ အနောက်တိုင်းသားများအတွက် သာမကဘဲ ချမ်းသာသည့် မြန်မာများနှင့် ပြည်တော်ပြန် မြန်မာများ အတွက်ပါ ရည်ရွယ်ထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို အနောက်အုပ်စုက ပိတ်ဆို့မှုများဖြေလျော့ပေးပြီးနောက်တွင် ကိုကာကိုလာ၊ Unilever နှင့် British Amecican Tobacco စသည့် လုပ်ငန်းများ ၀င်ရောက်လာပြီး အချို့မှာလည်း မြန်မာဈေးကွက်သို့ ၀င်ရောက်ရန် ပြင်ဆင်လျက်ရှိသည်ဟု ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာက ရေးသားဖော်ပြသည်။

No comments: