Monday, April 14, 2014

တာမွေမြို့နယ် NLD အဖွဲ့၏ အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင်း လေးနေရာလှည့်လည် ဖျော်ဖြေ

Mizzima


တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ "အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့သည် ဧပြီ၁၃ရက် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသ အတွင်းရှိမြို့တော်ဝန်မဏ္ဍာပ် နှင့်ဖိတ်ကြားထားသည့် နေရာလေးနေရာ တို့အပြင် ဒေါပုံမြို့တို့တွင် လှည့်လည်ဖျော်ဖြေကြမည်ဖြစ်သည်။

ယင်း သံချပ်အဖွဲ့ကို တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့၏တွဲဖက် အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အတူ အဖွဲ့ဝင် အမျိုးသားအမျိုးသမီး၂၃ဦး ပါဝင်ကာ ပထမအကြိမ်မြောက် လှည့်လည်ဖျော်ဖြေ ကြခြင်းဖြစ်သည်။

"မြန်မာ့လွတ်လပ် ရေး အတွက် တပ်မတော်ဖွဲ့လို့ဂျပန်ပြည်မှာကွယ်။တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ်။သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့အာဇာနည်တွေရယ်။ ငါတို့မြန်မာပြည်ဝယ် မိဘအပေါင်းကရယ်။ ဗိုလ်အောင်ဆန်းလိုသူရဲကောင်း သူရဲကောင်းတွေမွေး ကြရမယ်......။ (အဲဒီသီချင်းကို သတိရမိလို့ဒီနေ့ မနက်ပဲကလေးဆေးရုံမှာဘာတွေမွေးလဲသွားကြည့်ပါတယ် .....ဘာတွေမွေးလဲသွားကြည့်ပါတယ်။ ကလေးတိုင်းရဲ့ ရင်ခုန်သံကို ကျွန်တော်တို့ အားလုံး ကြားသိရတယ်။ လူကြီးမင်းများ နားဆင်ကြည့်ပါ။သေသေချာချာနားဆင်ကြည့်ပါ။လဘ်ပေးလဘ်ယူအူဝဲအူဝဲ ။" ဟု ဦးတိုးဝင်းက မဇ္စျိမသို့ ဆိုပြခဲ့သည်။

အဆိုပါသံချပ်တွင်ပါဝင်သည့် စာသားများသည် နိုင်ငံဝန်ထမ်း အရာရှိဝန်ထမ်းများအနေဖြင့် တန်စိုးလက်ဆောင်ယူသည့် ၃သိန်းဆိုခြင်းကို တရားဝန်ခွင့်ပြုလိုက်ခြင်းသည် မွေးကတည်းက ကလေးများ၏ စိတ်သန္ဓေတွင် မြဲကာ ကလေးများတွင်ပါလာစေမည့် အကြောင်းများဖြစ်ပေါ်စေနိုင်ခြင်းကြောင့် စိတ်ပူကြခြင်းကြောင့် ဖွဲ့ဆိုရေးသား ပြောဆိုကြခြင်းဖြစ်သည်။

ယင်းအပြင်သရော် သီချင်းဖြင့်ပြန်လည်ပြီး "နည်းနည်းလေးစားတာ မလောက်လို့....အများကြီးစားချင်လို့တဲ့ ...ဒီလိုပြောတဲ့ သူ့ကိုသတ်မှတ်ဝေစုလေး တို့ပေးမယ် သုံးသိန်း.....ခြင်းလေးနဲ့ထည့်ရင်ကောင်းမလား...ဘူးလေးနဲ့ ထည့်ရင်ကောင်းမလား...တရားဝင်အသိမှတ်ပြုတာ...လက်နဲ့ဒီလိုပေးလိုက်တော့ကွယ်မကောင်းလား"ဟု ၄င်းက ထပ်မံ ဆိုပြခဲ့သည်။

တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့၏ "အပ္ပမာဒေနသမ္ပာဒေထ သံချပ်" ဖွဲ့သည် မြတ်စွာဘုရားတရားဟောကြားခဲ့သည့် တရားတော်ဖြစ်ခြင်းကြောင့် ယုံကြည်ကိုးကွယ်ပူဇော်ခြင်းဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့တော်ခန်းမတွင် မိန့်ခွန်းပြောစဉ်က "အပ္ပမာဒေနသမ္ပာဒေထ"ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် လေးစားမှုဖြင့် ထည့်သွင်းရွတ်ဆိုကြခြင်းဖြစ်သည်။

ယင်းသံချပ်အဖွဲ့သည် ဧပြီ၁၄ရက်တွင် တောင်ဥက္ကလာမြို့နယ်၌ သွားရောက်ဖျော်ဖြေကြမည်ဖြစ်သည်။

No comments: