Monday, April 14, 2014

Sky Net သင်္ကြန်မဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ

Mizzima

စကိုင်းနက် Sky Net သင်္ကြန်မဏ္ဍာပ် ဖွင့်ပွဲကို ဧပြီ၁၃ရက် မွန်းလွဲ ၃နာရီ ၄၀ခန့်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ၁၉ လမ်းဒေါင့်တွင် ကျင်းပခဲ့သည်။ယင်းဖွင့်ပွဲ ကိုရဲမှူးကြီး ဦးတင်သိန်း၊ ရွှေအက်ဖန်မှ တာဝန်ရှိသူဖြစ်သည့် ဒေါ်နန်းမောဝ့်လောက်ဆိုင် နှင့် Unilever Country Director ဦးဇော်မျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲတွင် အစီအစဉ်ကြေငြာသူအဖြစ် အကယ်ဒမီဦးအောင်ခိုင်နှင့် Sky Net အဖွဲ့တို့က ဆောင်ရွက်ခဲ့ကြပြီး အားတီ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ မင်းထက်၊ အိပ်မက်ဆုံရာ အဖွဲ့သားများ၊ ၀ိုင်းစုခိုင်သိန်း၊ ၀ါဆိုမိုးဦး၊ ထက်ထက်(Bobby Soxer)၊ကေကေမိုးမြင့်နှင့် Super Model Girl Band အဖွဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။

အဆိုပါ Sky Net မဏ္ဍာပ်အဖွင့်ကို အမေများအဖွဲ့ ၏ အက အလှဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး Jade Dragon အကအဖွဲ့ နှင့် Super Model Girl Band တို့က သီဆိုကပြ ဖျော်ဖြေခဲ့ကြသလို အနုပညာရှင်များ၏ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။






No comments: