Tuesday, June 24, 2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား သာဖြစ်ရမည်ဟု ANP ပါတီ ထုတ်ပြန်

ကေဇူး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်ပြည် သူတို့ရွှေးချယ် ထားသော ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာဖြစ်ရမည် ဟု ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကြေညာချက်တွင် အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်ရမည်။ အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်ရမည်ဟု ပါရှိသည်။

“ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ပြည်နယ်တစ်ခုရဲ့ ဝန်ကြီးချုပ်က အဲဒီပြည်နယ်က တိုင်းရင်းသားတွေပဲ ဖြစ်သင့်တယ်” ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က မဇ္ဈိမကိုပြေသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉ရက်က ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ် အသစ်ခန့်အပ်နိုင်ရေးအတွက် ပြည်နယ် လွှတ်တော်အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ခေါ်ယူမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်မှာ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဟု အကြိုခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။

No comments: