ABC
မြန်မာနိုင်ငံအပါအ၀င် အာရှ ပစိဖိတ် ဒေသတွင်းက အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရေးနဲ့ လက်ရှိ မြန်မာလွှတ်တော်မှာ အဆိုတင်သွင်းထားတဲ့ မျိုးစောင့်ဥပဒေ အကြောင်းတွေကို အာရှပစိဖိတ် အမျိုးသမီးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများ ညီလာခံ Asia-Pacific Feminist Forum မှာ ဆွေးခဲ့ကြပါတယ်။
ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ညီလာခံ တက်ရောက် ခဲ့တဲ့ မြန်မာ ပြည်တွင်း အခြေစိုက် အမျိုးသမီး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အခရာ အမျိုးသမီးအဖွဲ့ (Akhaya Women) အဖွဲ့က ညွန်ကြားရေးမှူး မထားထား ကလည်း မြန်မာနိုင်ငံ ထဲက အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက် ခံနေရမှု အခြေအနေတွေနဲ့ လက်ရှိ လွှတ်တော်မှာ အဆိုတင်သွင်း ထားတဲ့ မျိုးစောင့် ဥပဒေ အကြောင်းတွေကို ကန့်ကွက်ကြောင်း တင်ပြ ဆွေးနွေး ခဲ့တာကို အခုလို ပြောပြပါတယ်။
“မျိုးစောင့် ဥပဒေ ဆိုတဲ့ ဥပဒေပြုဖို့ စကားတွေပြောနေကြပြီ ပြီးကျလို့ရှိရင် လွတ်တော်မှာ ဆွေးနွေးဖို့ စလုပ်နေကြပြီး အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒါကို ဘယ်လိုမျိုး ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ ပြီးကျလို့ရှိရင် ဒါကြောင့် ကျမတို့က ဒါကိုမလိုအပ်ဘူးလို့ ဆိုပြီးကန့်ကွက်ရတဲ့ အခြေအနေနဲ့ ကျမတို့တွေ ဘယ်လိုမျိုး အမျိုးသမီး Group တွေရော တခြား စေဘယ်ဆိုဆိုက်ရတီး အဖွဲ့တွေရော ဘယ်လိုပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ အခြေအနေ တွေရယ်။”
မြန်မာနိုင်ငံက အမျိုးသမီးတွေ အတင်း အဓမ္မ အကြမ်းဖက်ခံရမှုတွေရှိနေသေးတဲ့အကြောင်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုကလည်း အခုလို ပြောပါတယ်။
“အဓိကတော့ ဒါက ကျမတို့ မြန်မာနိုင်ငံမှာ ဒီအမျိုးသမီးတွေအနေနဲ့ပေါ့နော် ဒီအကြမ်းဖက်မှုတွေ ဆက်လက်ကြုံတွေ့နေတဲ့ အခြေအနေကို ဒါတခြားသောနိုင်ငံက အမျိုးသမီးလှုပ်ရှားတဲ့သူတွေ ကြားမှာလည်းပဲ သိသွားအောင်ရယ်၊ တစ်ပြိုင်တည်းမှာပဲ ဒီလိုမျိုး အရေးကိစ္စတွေက နိုင်ငံနဲ့အ၀ှမ်း ပေါ့နော် ဖြစ်နေတဲ့ က ဖြစ်နေတာတွေရှိတယ်ဆိုတော့ ကျမတို့အားလုံးကြားမှာ အတူတကွ ပေါ့လေ ဒီစည်းစည်းလုံးလုံးနဲ့ ဒီကိစ္စတွေကို ၀ိုင်းဝန်းပြီးတော့မှ တိုက်ဖျက်သင့်တယ် တွန်းလှန် သင့်တယ် ဆိုတဲ့ အနေအထားမျိုးဖြစ်အောင်လို့ ကျမအနေနဲ့ တိုက်တွန်းနိုးဆော်တဲ့အနေနဲ့ ပြောသွားတာပါ။”
အဆိုပါ ညီလာခံကို ဒေသတွင်းနိုင်ငံ ၃၀ ကျော်က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံက အမျိုးသမီး အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အားလုံးပေါင်း ၃၀၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment