ဝိုင်းအောင်
မကွေးမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း ၁၅ဝနှင့် လူငယ် လူမှုအဖွဲ့အစည်း ခုနှစ်ခုက လူငယ်၇ဝတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ဘေးတွင် စွန့်ပစ်ထားသည့် အမှိုက်များကို ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီအထိ အမှိုက်ကောက်၊ သန့်ရှင်းရေး လုပ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၅ရက်က ကျရောက်ခဲ့သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် လူငယ်လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် Green Network နတ်မောက်စင်တာက ဦးစီးကာ SVCG, Me Center ၊ ပါရမီသွေး၊ မြစ်ကွေ့ဧရာလူမှုကွန်ယက် နှင့် တက္ကသိုလ်ကျောင်းများမှ လူငယ်နှစ်ဖွဲ့တို့နှင့် မြို့နယ်စည်ပင်သာယာတို့ ပူးပေါင်းကာ မကွးမြို့၊ စိုးကောမင်းရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ နန်းထိုက်သူဟိုတယ်မှ ဆက်သွယ်ရေးဧည့်ရိပ်သာအထိ ဧရာဝတီမြစ်တစ်လျောက် စွန့်ပစ်ထားသည့် အမှိုက်များကောက်ခြင်း၊ ခြုံနွယ်များ ရှင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု နတ်မောက်စင်တာ အင်္ဂလိပ်စာသင်ကျောင်းက လူငယ်ဆရာ ကိုမင်းကိုကိုအောင်က မဇ္ဈိမကို ပြောသည်။
"လွန်ခဲ့တဲ့ ကိုးရက်လောက်က ဒီလူငယ်အဖွဲ့က အမှိုက်ကောက်ချင်ပါတယ်လို့ လာပြောတယ်၊ လူငယ်တွေက အမှိုက်ကောက်ပြီး လမ်းဘေးမှာတင် စုပုံထားမယ်ပြောလို့ ဒီလိုဆိုရင် ညီလေးတို့အဖွဲ့နဲ့ တို့စည်ပင်သာယာရေး အဖွဲ့လုပ်နေကျဖြစ်တဲ့ စနေနေ့ နံနက်ပိုင်းမှာ စုပေါင်းလုပ်ကြမယ်ဆိုပြီး စီစဉ်ဖြစ်တာပါ" ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်က မဇ္ဈိမကိုပြောသည်။
No comments:
Post a Comment