ABC
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပြန်လည်ပူးပေါင်းပေးဖို့ အတွက် ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း ကရင်ဒေသ နဘူးမြို့နယ် နဲ့ ပိုင်ကျုံ မြို့နယ် ထဲက ကျေးရွာပေါင်း ၄၀ ကျော်လောက်က ဒေသခံတွေပြည်သူ သုံးထောင်ကျော်က စုပေါင်းပြီးတော့ မေလ ၃၁ ရက်နေ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီဒေသမှာ လက်နက်ကိုင် အဖွဲ့တွေ အများကြီး ဖြစ်နေ တာကြောင့် ကရင်တိုင်းရင်းသားတွေအနေနဲ့ ဘယ်အဖွဲ့ကိုအားရမှန်းမသိဖြစ်နေပြီး မှုးယစ်ဆေးဝါးတွေ အများကြီးပြန့်နှံနေတဲ့ ပြဿနာအပါအ၀င် အခြားပြဿနာတွေကို ဖြေရှင်းပေး နိုင်ဖို့ ကရင်လက်နက် ကိုင်တွေ အားလုံးပူးပေါင်းထားတဲ့ တရားစီရင်ရေး အဖွဲ့တစ်ခုကိုလည်း လိုအပ် နေတယ်လို့ပြောပါတယ်။
ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကော့ကရိတ်မြို့နယ် တံခွန်တိုင်း ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး စောသိန်းသန်း ကတော့ အရင် KNU ကနေ အဖွဲ့တွေခွဲထွက်ပြီးနောက်ပိုင်း အခြေအနေကို ရှင်းပြပါတယ်။
“ခွဲထွက်တဲ့ အချိန်အတော အတွင်း မှာလည်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက အချင်းချင်း ပြန်ပြီတော့ ပဋိပက္ခတွေ ဖြစ်ပြီးတော့ သေကျေ တာတွေလည်း ရှိခဲ့ပါတယ်။ သေနေတာကလည်း ပြည်သူလူထုတွေရဲ့ မျက်ဝါး ထင်ထင်ပါ။ အခုဒီလိုတကွဲတပြားနဲ့ မနေသင့်တော့ဘူးပေါ့နော်။ အခုဒီလိုကရင်လက်နက်ကိုင် အဖွဲ့အစည်းကရင့်အလံ တော်အောက်မှာနေပြီး သင့်သင့် မြတ်မြတ် နေရင်ပိုပြီး သင့်တော် မယ်လို့ ပြည်သူတွေရဲ့ဆန္ဒတွေက အဲ့လိုမျိုးဖြစ်နေပါတယ်။”
တောင်းဆိုမှု့အစီအစဉ်ကို ကရင်လူမျိုး သံဃာတော် တွေက ဦးဆောင်ခဲ့ တာဖြစ်ပြီး အဲ့ဒီလက်မှတ် ရေးထိုးတောင်းဆိုထားတဲ့ စာတွေကို ကရင်လက်နက်ကိုင် တပ်အားလုံးသို့ ပေးပို့သွားမှာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။
ကရင်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲတွေဟာ လွန်ခဲ့ တဲ့ ၁၈ နှစ်ကာလ နောက်ပိုင်းက စပြီး မှုရင်း KNU ကနေ DKBA ၊ ငြိမ်းချမ်းရေးကောင်စီနဲ့ နယ်ခြား စောင့်တပ် (BGF) စတဲ့ တပ်တွေအဖြစ် အဖွဲ့တွေကွဲခဲ့ ကြတာဖြစ်ပြီး အထင်အမြင်မှားမှုတွေကြောင့် အချင်းချင်း ကြားမှာ ပြဿနာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

No comments:
Post a Comment