Thursday, June 26, 2014

အခန်းခ ကန်ဒေါ်လာ၂,၅၀၀ အထိ ဈေးရှိသည့် ပထမဦးဆုံး ရေပေါ်ဇိမ်ခံဟိုတယ် စတင်ဖွင့်လှစ်

သီဟကိုကို

မြန်မာနိုင်ငံ၏ ပထမဆုံးရေပေါ် ဟိုတယ်ကို ဇွန်လ နောက်ဆုံးရက်သတ္တပတ်တွင် စတင်ဖွင့်လှစ်ထားသည် ဟု Vintage Luxury Yacht Hotel / Head of Business Development Ms. Helen က မဇိ္ဈမကို ပြောသည်။

ရန်ကုန်မြို့ ရန်ကုန်မြစ်ကမ်းအနီး ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုရက် သတ္တ ပတ်မှ စတင်ကာ ဧည်သည့်များကို လက်ခံနေပြီဖြစ်ပြီး ဇူလိုင်လကုန်အထိ အထူးလျှော့ဈေးများ ပေးထား သည်ဟု ယင်းဟိုတယ်မှ တာဝန်ရှိသူများက ပြောသည်။

Ms. Helen က “ နိုင်ငံခြားခရီးသွား တွေ ၀င်ရောက်မှုများလာတဲ့အချိန်မှာ ကုန်းပေါ်မှာပဲ ဟိုတယ်တည် ဆောက်မှုတွေများလာတယ်။ ရေပေါ်မှာကမရှိဘူး။ အချိန်အရလည်း ကုန်းပေါ်မှာလို သုံးနှစ်လောက် အချိန် ပေးစရာမလိုဘဲ နိုင်ငံတကာအဆင့်မီဟိုတယ်တစ်လုံးကို ရေပေါ်မှာ ဖွင့်နိုင်တယ် ” ဟု ပြောသည်။

Vintage Luxury Yacht Hotel ကို လှလှပပကုမ္ပဏီမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေပေါ်ဟိုတယ်၏ သင်္ဘောကိုယ်ထည်ကို ဖင်လန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တစ် ရက်လျှင် အနည်းဆုံးဒေါ်လာ ၁၅၀ မှ အမြင့်ဆုံး ဒေါ်လာ ၂,၅၀၀ အထိ တည်းခိုနိုင်မည့် အခန်းအမျိုး အစားများသတ်မှတ်ထားပြီး ရေပေါ်သင်္ဘောဟို တယ်တွင် အထပ်ငါးထပ်၊ အခန်းပေါင်း ၁၀၄ ခန်းရှိသည် ဟုMs. Helen က ပြောသည်။

Ms. Helen က “ ဟိုတယ်ကို ၁၉၂၀ ခုနှစ် ၀ိတိုရိယခေတ်ကာလပုံစံတွေကို ခံစားနိုင်အောင် ဒီဇိုင်းလုပ် ထားတယ် ” ဟု ပြောသည်။

ရေပေါ်ဟိုတယ်သင်္ဘောကို ရန်ကုန် မြစ်ဘေးတွင်သာ အထိုင်တည်ဆောက်ထားခြင်းဖြစ်ပြီး လှလှပပ ကုမ္ပဏီက နောက်ထပ်ရေပေါ်ဟိုတယ်များကိုလည်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မှုများ ရှိသည်ဟု ၎င်းက ဆိုသည်။

No comments: