Mizzima
လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခံရသည့် မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ငါးပါးကို ဇွန်လ ၁၆ရက် နံနက ၁ဝနာရီခန့်က ထောင်ဝင်စာ သွားတွေ့ခဲ့ကြောင်းမင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လူမှုကွန်ယက် စာမျက်နှာတွင် ရေးထားသည်။
"ဒီနေ့မနက် ၁ဝနာရီမှာ အဓမ္မဖမ်းဆီးပြီး ထောင်ထဲထည့်ထားတဲ့ မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ငါးပါးအတွက် ထောင်ဝင်စာ ပါဆယ်သွားပို့ပေးခဲ့ပါတယ်။ လတ်တလော ထောင်ကြီးချုပ်ပုံစံနဲ့ ချုပ်ထားတာဖြစ်ပြီး ၂ဝရက်နေ့ ရုံးထုတ်တော့မှသာ ဘာပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာ သိရမှာပါ၊ ဆရာတော်တွေရဲ့ မိသားစုတွေ ရောက်မလာမချင်း ခုလိုပဲ ပါဆယ်ပို့ပေးနေရမှာပါ။ ဆရာတော်အားလုံးက ငယ်ဖြူတွေဖြစ်လို့ လူဝတ်တုန်းက နာမည်တွေလည်း မိသားစုတွေလာမှ သိရမှာပါပဲ"ဟု ဒေါ်ဖြူဖြူသင်းကရေးသားထားသည်။
င်းဆရာတော်ငါးပါးကို ဇွန်လ ၁၃ရက်က အတင်းလူဝတ်လဲခိုင်းကာ ကမ္ဘာအေး သံဃာ့တက္ကသိုလ်မှ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment