Friday, June 20, 2014

မြန်မာသမ္မတ ရွေးချယ်မှုအပေါ် ကန်ရဲ့ပြောဆိုမှုကို မြန်မာတုန့်ပြန်

ABC

မြန်မာနိုင်ငံပြည်သူတွေ ​ကြိုက်နှစ်သက်တဲ့ ​သမ္မတကို ​လွတ်လပ်စွာ ​ရွေးချယ်ခွင့်ပေးသင့်တယ်လို့ ​အမေရိကန် ​အစိုးရပြောခဲ့တဲ့အပေါ် ​မြန်မာအစိုးရက ​တုန့်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို ​နိုင်ငံခြားသား ​မိသားစုဝင်ရှိသူတွေကို ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​ပုဒ်မ ​၅၉ ​(စ) ​ကို ​မပြင်ဖို့ ​လွှတ်တော်က ​ဆုံးဖြတ်ပြီးတဲ့နောက် ​အမေရိကန်က ​ပြည်သူကို ​လွတ် ​လပ်စွာ ​ရွေး ​ချယ်ခွင့် ​ပေးဖို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ​ပြောဆိုမှုကို ​တုန့်ပြန်တဲ့ ​အနေနဲ့ ​ပြန်ကြားရေး ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​မြန်မာနိုင်ငံ ​ပါလီမန်ရဲ့ ​ဆုံးဖြတ် ​ချက်အပေါ် ​အမေရိကန် ​အနေနဲ့ ​စိုးရိမ်တာ ​မသင့်တော် ​သလို ​အမေရိကန် ​နိုင်ငံရဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ပေးဖို့ ​မြန်မာက ​တောင်းဆိုရင်လည်း ​သင့်တော်မှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

လွှတ်တော်ရဲ့ ​ဆုံးဖြတ်ချက်ကြောင့် ​၂၀၁၅ ​ခုနှစ် ​ရွေးကောက်ပွဲမှာ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတလောင်းအဖြစ် ​ရွေးကောက်ခံခွင့် ​ရှိမှာ ​မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ် ​ပါတီ ​NLD ​ကတော့ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပါ ​အချက်တချို့ကို ​ပြင်ဆင်ဖို့ ​ဆက်လက်လုပ်ဆောင်သွားမယ်လို့ ​ပြောပါတယ်။

No comments: